♡♬ ရောရောသမမွှေ ဘလော့ဂ်မှ♪♪ ကြိုပါဆိုတယ်♪♪ မိတ်ဆွေများ ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့တော်မူကြပါစေ♬♡
Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

May 19, 2015

"ဦးခေါင်းအနံ့ဆိုးခြင်း ...ဘောက်ဆော်နံခြင်း.."


ဦးခေါင်းအနံ့ဆိုးခြင်း 
  ဦးခေါင်းအနံ့ဆိုးခြင်း
ဒီပြဿနာနဲ့ပတ်သက်ပြီး လူတွေ သိပ်သတိမထားမိတတ်ကြပါဘူး။ ခေါင်းမလျှော်တာကြာလို့ အနံ့ထွက်တယ်ဆိုပြီးပဲ ယူဆပစ်လိုက်တက်ကြပါတယ်။ ဦးခေါင်းအနံ့ဆိုးတဲ့ပြဿနာနဲ့ပတ်သက်ပြီး လေ့လာကြည့်ကြရအောင်နော်။

ဘာကြောင့် ဦးခေါင်းအနံ့ဆိုးရတာလဲ
နေတိုင်းလိုလို ခေါင်းလျှော်နေပေမဲ့လည်း နေ့လယ်လောက်ရောက်လာရင် ဦးခေါင်းမှာ ချွေးတွေထွက်လာပြီး
အနံ့ဆိုးတွေ ထွက်လာတတ်တာမျိုးပါ။ တစ်မနက်လောက်ခေါင်းလျှော်ဖို့ မေ့သွားရင်တော့ တစ်နေ့လုံးဦးခေါင်းတစ်ခုလုံး အနံ့ဆိုးထွက်ဖို့သာပြင်ပေတော့လို့ ဆိုရမလောက် စိတ်ရှုပ်ဖို့ကောင်းတဲ့ ဦးရေပြားလက္ခဏာတစ်ခုဖြစ်ပါတယ်။

အဓိက အကြောင်းရင်းကတော့
အဆီပြန်မှုများတဲ့ ဦးရေခွံတွေမှာ ပေါက်ဖွားတတ်တဲ့မှိုတစ်မျိုးကြောင့် ဖြစ်ပါတယ်။ အနံ့ဆိုးထွက်လာရတာက ဒီမှိုနဲ့ချွေးတွေ မိုက်ခရိုဇီဝကြီးထွားမှုဖြစ်ရာက ထွက်ပေါ်လာတဲ့ရလဒ်ပါ။ ဒါပေမဲ့ တစ်ခါတစ်လေ ဦးခေါင်းဆံသားကနေ အနံ့ဆိုးတွေ ထွက်ရတာဟာ အခြားအကြောင်းတွေကြောင့်လည်း ဖြစ်နိုင်ပါတယ်။
ဆံတွေဟာ တကယ်တော့ တစ်ခုခုသော အနံ့နဲ့ ဖုံးအုပ်တာမခံရမချင်း အာအနံ့မှမရှိပါဘူး။ ဆိုလိုတာက ခေါင်းလျှော်ရည်နဲ့ လျှော်တဲ့အခါမှ အဲဒီ ခေါင်းလျှော်ရည်အနံ့ ဖုံးအုပ်တာခံရပြီး အမွှေးနံ့ထွက်လာတာဖြစ်သလို အကယ်၍ သင်က အနံ့ဆိုးတဲ့တဘက်နဲ့ခေါင်းကိုခြောက်အောင် ပွတ်သုတ်မိတယ်ဆိုရင်၊ အနံ့ဆိုးတစ်ခုခုကို ကိုင်ထားတဲ့လက်နဲ့ ဦးခေါင်းကို ပွတ်သပ်မိတယ်ဆိုရင် ၊ အနံ့ပြင်းတဲ့အရာ တွေကြားနေ နေရတယ်ဆိုရင်၊ သေချာတာကတော့ သင့်ဆံသားတွေရဲ့အနံ့ဟာ ဘယ်လိုမှ နှစ်လိုဖွယ်ကောင်းတော့မှာ မဟုတ်ပါဘူး။

ဘယ်လိုကုသနိုင်လဲ
Antimicrobial Shampoo တွေကို အသုံးပြုနိုင်ပါတယ်။ ပြီးတော့ ခေါင်းသုတ်တဲ့ပဝါ၊ ခေါင်းအုံးစွပ်တွေကိုလည်း ပုံမှန်လဲလှယ်ပြီးသုံးပေးပါ။ လေ့ကျင့်ခန်းလုပ်တာများပြီး ဦးခေါင်းချွေးထွက်များသူတွေအနေနဲ့ ဦးခေါင်းကိုရေ၊ ဗနီကာရောစပ်ထားတဲ့ အရည်နဲ့ဆေးကြောပေးပြီး ဦးခေါင်းကိုခြောက်အောင် သုတ်ပေးပါ။
ဒါတွေလုပ်တောင် အဆင်မပြေနိုင်သေးဘူးဆိုရင်တော့ ဦးရေပြားဆံသားပညာရှင်၊ ဒါမှမဟုတ် အရေပြားဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပြသင့်ပါတယ်။ အရေးပေါ်အခြေအနေမျိုးမှာဆိုရင် Hair Refresher လိုပစ္စည်းသုံးနိုင်ပြီး ပြဿနာရဲ့ အရင်းအမြစ်ကို ဖြေရှင်းမပေးနိုင်ပေမဲ့ ဦးခေါင်းအနံ့ဆိုးတွေကိုတော့ ခဏတာဖုံးကွယ်ထားနိုင်မှာဖြစ်ပါတယ်။

Ref:T-Club



Credit : papawaddy.com

No comments:

Subscribe

လာလည်သူများ

free counters