တနေ့မှာတော့ ရုံးမှာ အလုပ်လုပ်နေရင်း ထိုင်းမတစ်ယောက်ရဲ့ အဟောက် ခံရပါပကောလား ... ဖြစ်ပုံက ဒီလို ...
ဖုန်းဝင်လာလို့ ကိုင်လိုက် မိပါတယ် ... အဆဲထူ ခင်မြတ်နွယ်ဖုန်းတော့ မဟုတ် ... ဟဲလိုလို့ ဖုန်းကြို လိုက်မိတာနဲ့ အဲဒီမှာ ထိုင်းမလေးက ဇာတ်လမ်း စတော့တာပဲ
“သေနာ ... ဘယ်ကို လမ်းသလားနေလဲ ... ဖုန်းဆက်တာ ဘာလို့ မကိုင်တာလဲ ... ဘာဖြစ်ချင်လဲ၊ နင် ... သေချင်နေတာလား ... ပြန်လာခဲ့ ငါ နင့်ကို သတ်ပေးမယ်”
ဒုက္ခေါ ... ဘာကြီးလဲဟ!
ခဏလေး ရှင်းပြပါရစေဦးလို့ တားတာတောင် ...
“ဘာမှ လာရှင်းပြမနေနဲ့ ... အမေနဲ့တိုင်မယ် ... နင် ခုချက်ခြင်း ပြန်လာမလား ပြန်မလာဘူးလား ပြောစမ်း ... နင့် ဘဏ်ထဲကို ပိုက်ဆံ ငါးသောင်း ထည့်ထားပေးတာ သုံးဖို့ ဖြုန်းဖို့ မူးဖို့ မဟုတ်ဘူးဟဲ့ ... နင်နားလည်လား ... သနားလို့ ပိုက်ဆံလည်းပေး တင်လည်း တင်ကျွေထားတာ ... နင်က ဟို အခန်းတွေ ဟိုဟာတွေဆီပဲ သွားနေတာ မဟုတ်လား”
ငြိမ်းနိုင်အောင် မျက်လုံးပင် ပြူးထွက်သွားသည် ...
ဒီ သကောင့်မသားက အတော်လေး ကံကောင်းပါလားဟု ကျိတ်လေးစားသွားသည်။ သူက ငါးသောင်း ဂဏန်းတွေ ဘာတွေ လာပြောနေသေးတယ်၊ ကိုယ့် ဘဏ်ထဲမှာက ၃၅ ဘတ်ပဲ ရှိတာ ခင်မြတ်နွယ် အသိဆုံး။
ပြောပါစေဆိုပြီး နားပူပူနဲ့ လွှတ်ထားပေးလိုက်တာ ၅ မိနစ်လောက် ကြာမယ် ထင်တယ်၊ သူလည်း မောသွားပြီ စကားပြော ခဏရပ်သွားသလို့ ရေသောက်တဲ့ အသံပါ ကြားလိုက်ရတယ်၊ ရေသောက်ပြီး ဆက်မဟောက်ခင်မှာပဲ ပိတ်ပြောလိုက်ရတယ်။
“ဒီမှာ ဒီမှာ အမိ ... ခင်ဗျား ဖုန်းမှား နေတာနော်” ဆိုပြီး ဖုန်းနံပါတ် ရွတ်ပြလိုက်တယ်။
အဲဒီတော့မှ အမိက “တောင်းပန်ပါတယ်ရှင် ... နောက်ဆုံး နံပါတ်တစ်လုံးကို မှားနှိပ်မိလို့ပါရှင်” တဲ့ ...
Credit : http://blog.irrawaddy.org/2014/10/blog-post_95.html?m=0
No comments:
Post a Comment