Paleo
ဆိုတာ Switzerland နိုင်ငံရဲ့ အကြီးဆုံး ဂီတပွဲတော်ကြီးတစ်ခု ဖြစ်ပါတယ် ။
New York မှာ ၁၉၆၉ မှစတင်ပြီး ကျောင်းသားတွေနဲ့ ပွဲတော်လာသူတွေဟာ နှစ် ၄၀
ပြည့် ဂီတပွဲတော်မှာ ရွှံ့တွေနဲ့ လူးခဲ့ခြင်းအားဖြင့် သူတို့ရဲ့
ပျော်ရွှင်မှုတွေကို ထုတ်ဖော်ပြသခဲ့ကြပါတယ် ။ ဒီအဖွဲ့အစည်းပွဲတော်ရဲ့ အဆိုအရ "
ကမ္ဘာမြေပေါ်သို့ တဖန် " ဆိုတဲ့ဆောင်ပုဒ်နဲ့အညီ စိတ်လှည့်စားမှု
ဥာဏ်ကွန့်မြူးမှုနဲ့ ၁၀၀ ရာခိုင်နှိုင်း ပြန်လည်အသုံးပြုမှု Recyclable
တို့ကို ရည်ညွှန်းပါတယ် ။

ရွှံ့နွံဆိုတာ ဆေးပညာရည်ရွယ်ချက်တွေနဲ့ သုံးလေ့ရှိပေမယ့် ရရှိတဲ့ ကျန်းမာရေးအကျိုးကျေးဇူးတွေကိုတော့ သိပ္ပံနည်းအရ ထောက်ခံထားခြင်းမရှိသေးပါဘူး ။ ဒါပေမယ့် ဘယ်လိုခံစားရမယ်ဆိုတာကိုတော့ သင်သိပြီး ဖြစ်မှာပါ ။ ရွှံ့ဓါတ်ဟာ ဆို့နေတဲ့ ချွေးပေါက်တွေကို ကျယ်စေတဲ့နေရာမှာ အကူအညီပေးနိုင်ပါတယ်တဲ့ ။ ခန္ဓာကိုယ်က အဆိပ်အတောက်တွေကို ဖယ်ရှားတဲ့နေရာမှာ အကူအညီပေးပြီး ကြွက်သားနာတဲ့သူတွေနဲ့ အဆစ် အမြစ်နာတဲ့လူတွေဟာ ဒီရွှံ့ရေလူးခြင်းအားဖြင့် သက်သာစေပါတယ် ။

ဒါကြောင့်
သင့်ရဲ့ ခန္ဓာကိုယ်ကို ကုသဖို့ ဂီတပွဲတော်ကိုခံစားဖို့နဲ့
ရွှံ့တွေနဲ့လူးနေတဲ့အလှအပကို သင်ခံစားနိုင်ဖို့ အလည်တခေါက်သွားရောက်ကြဖို့
တိုက်တွန်းလိုက်ပါတယ် ။
သက်တန့်ချို
17 May 2010
စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................
Credit :http://www.thettantcho.com/2010_04_18_archive.html
No comments:
Post a Comment