


တစ်နာရီ ကီလိုမီတာ ၁၀၀ ဝန်းကျင်နှုန်းနဲ့ မောင်းနေတဲ့ ကားရှေ့ကို မကြောက်မရွံ့
ဘာစိတ်ကူးနဲ့ ဘာလိုချင်မှန်းတော့ မသိ ဖြတ်ဝင်လာပြီး ကိုးယို့ကားယား လာလုပ်တယ် ။
အခန့်မသင့်ရင် ဒီကောင်တွေရော ကားပေါ်ကလူအားလုံးပါ ရှောသွားနိုင်တယ် ။
ကားအရှိန်ရှော့ပြီး Driver အော်ဆဲတော့မှ ငနဲတွေက လမ်းဘေးပြေးဆင်းဆိုင်ကယ်ထားပြီး ပြေးတယ် ။
အနီးနားက မှောင်နေတဲ့ ချုံထဲ ဝင်ပုန်းတယ်။
ခရီးသည်တွေထဲက ယောက်ျားတွေအားလုံးနီးပါးဆင်းလာကြတော့
နှစ်ကောင်ထဲက တစ်ကောင်က အခြေအနေမဟန်မှန်းသိတော့ အစောကတည်းက ပြေးတယ် ။
ဒီတစ်ကောင်က မိတော့ ငိုပြတယ် ။
အဆင်မပြေလို့ပါ ကြောက်ပါတယ် ဒီတစ်ညတည်းလုပ်မိတာပါ ဘာညာပေါ့။
သူတို့ရည်ရွယ်ချက်က ကားမှောက်ယင်ယူလို့ ရတဲ့ပစ်စည်း တွေကို
ယူပြီးပြေးကြမယ် ဒါပဲ တပါးသူတွေရဲ့ အသက်တွေ ဘဝ တွေကို ထည့် မတွက်တော့ဘူး။
သူတို့တွေက..အလုပ်မလုပ်ချင်လို့..
ပျင်းရုံဖျင်းရုံတင်မက...
ကောက်ကျစ်ယုတ်မာတဲ့စိတ်နဲ့ သူများကိုဒုက္ခပေးတာ... သူတို့လုပ်ပုံကြောင့်..
ကားစီးခရီးသည်များအသက်ဆုံးရှုံးနိုင်တယ်..
ဒါပာာ ပစ္စည်းရောအသက်ကိုပါ..ဓမြ(ဒါးပြ)တိုက်တာ.....
ဒါနိုင်ငံရေးအခြေအနေနဲ့လဲမဆိုင်ဘူး..
ပြည်သူတွေ ဆင်းရဲတွင်းနက်ပြီးအလူးအလဲခံနေရတယ်ဆိုတဲ့ ဆင်ခြေနဲ့လဲမဆိုင်ဘူး..။
ဒီလမ်းမှာက အနိမ့်အမြင့်နည်းနည်းမညီတာနင်းမိလို့တောင် မှောက်ကြတာ
ခုကိစ္စက ခုလိုမဟုတ်ခဲ့ရင်။
၁၉၉ ကိုဆက်တယ် မကိုင်ဘူး !
(လွန်ခဲ့တဲ့သုံးလလောက်က မင်းဓမ္မလမ်းပေါ်မှာ ကားတစ်စီးမီးလောင်နေတာတွေ့လို့ ၁၉၉ ကို ခေါ်တာ ဌာနမှယာယီပိတ်ထားပါတယ်တဲ့)
သတ်မှတ်ချိန်အတွင်းပြန်လည်ဖြေကြားခြင်းမရှိပါ၍ ပြန်လည်ခေါ်ဆိုပါရှင်တဲ့ !
ရန်ကုန်တိုင်းရဲမှူးရုံးကတစ်ဆင့် အမြန်လမ်းရဲတပ်ဖွဲ့ ဖုန်းနံပါတ်တောင်းပြီး ဒီကောင့်ကို လက်ပြန်ကြိုးတုတ် ဆိုင်ကယ်ကို ကား Tool Box ထဲထည့် ရှေ့ကစခန်းမှာ ချပေးခဲ့ ။
ဒီအဖြစ်အပျက်ကို ကြည့်ပြီး အမြန်လမ်းပေါ်မှာ ကားနှင့် ခရီးသွားခြင်းဟာ ခရီးသည်တွေအတွက် အန္တာယ်ရှိလာပြီ အရေးပေါ်လုံခြုံရေးတိုးမြင့်သင့်ပြီလိုထင်ပါတယ်။
လိုက်ဖမ်းတဲ့ ကားဆရာကတော့ တော်တော် ဒေါသဇောမွှန်နေတော့တာပေါ့ ။
ငနဲတွေလက်ထဲမှာ လေးခွ တို့ ဓားတို့ရှိခဲ့ရင် မလွယ် အမှောင်ထဲက ကြည့်ရင် ကားမီးတွေရဲ့ အလင်းဘက်ကို အထင်းသား !
အများသတိထားနိုင်စေရန် "အထွေထွေသတင်း " မှ ကူးယူမျှဝေသည်..။

Credit : https://www.facebook.com/permalink.php?story_fbid=1585833304991920&id=100006957977732
No comments:
Post a Comment