သူမပြုတ်ကျသွားတာကိုမြင်လိုက်ရတဲ့မျက်မြင်တစ်ယောက်က အကူအညီအော်တောင်းခဲ့ပြီး ရဲတွေက သူမကို စပိဘုတ်တစ်စင်းနဲ့ ရေထဲလိုက်ရှာကြပါတယ်။ ကံကောင်းထောက်မစွာပဲ ဒီထိုင်ဝမ်သူ အမျိုးသမီးကို မိနစ် ၂၀ အကြာမှာ တံတားနဲ့  ၆၅ ပေ အကွာမှာ ရေထဲ ပေါလောမျောနေတာကို တွေ့ ရှိပြီး ကယ်ဆယ်လိုက်နိုင်ပါတယ်။ တကယ်လို့ ရဲတွေသာ မတွေ့ ခဲ့ဘူးဆိုရင် သူမဘယ်ထိ မျောပါသွားမလဲ ဆိုတာ မပြောနိုင်ပါဘူး ။
“သူမက ရေထဲမှာ ပက်လက်ပေါလောမျောနေတာကို ကျွန်တော်တို့ တွေ့ လိုက်ရပါတယ်။ နောက်တော့ သူပြောတာက သူရေမကူးတတ်ဘူးတဲ့ ၊ ကျွန်တော်တို့ အချိန်မီလိုက်လို့ ပေါ့ဗျာ” လို့  ဆိပ်ကမ်းရဲအကြီးအကဲ ဒင်းန်ကယ်လီက သြစကြေးလျရုပ်သံဌာနကို ပြောကြားခဲ့ပါတယ်။ “ သူမလက်ထဲမှာ မိုဘိုင်းဖုန်းကို ကိုင်ထားတုန်းပဲ၊ ပြီးတော့
ကျွန်တော်တို့ ကို သူ တောင်းပန်ပါတယ် လို့ ပြောလိုက်တယ်”
ဒီထိုင်ဝမ်အမျိုးသမီးကို ရေထဲက ကယ်ဆယ်ပြီးတော့ ဆေးရုံကို ပို့ လိုက်ကြပါတယ်။ ရဲဝန်ထမ်းကယ်လီကတော့ နောက်တစ်ခါ ရေနဲ့ အနီးနားမှာ မျက်နှာစာအုပ် (လူမှုကွန်ယက်) ၀က်ဘ်ဆိုဒ်တွေ အသုံးပြုမယ် ဆိုရင် ဂရုစိုက်ကြဖို့ လူတွေကို သတိပေးဆိုင်းဘုတ် စိုက်လိုက်ရပါတယ်။
No comments:
Post a Comment