ဗိုက်အောင့်သောကြောင့် ဆေးရုံသို့ ရောက်လာသဖြင့် ဓာတ်မှန်ရိုက် စမ်းသပ်ရာ အစာအိမ်ထဲတွင် ဆံပင်လုံးကြီး ရောက်နေသောကြောင့် အရေးပေါ် ကုသမှုပေးခဲ့ရခြင်း ဖြစ်သည်။ ဓာတ်မှန်ရိုက်ရာတွင် အလုံးကြီးသည် ကျောက်ခဲတုံးပုံစံ ဖြစ်နေပြီး အရွယ်အစားမှာလည်း ဂရိတ်ဖရုသီးခန့် ရှိနေသည်။
အဆိုပါ ကလေးငယ်သည် Pica ဟု ခေါ်သည့် ရောဂါခံစားနေရခြင်း ဖြစ်သည်။ ယင်းရောဂါသည် အစာမဟုတ်သည့် အရာများကို စွဲလမ်းနှစ်သက်စွာ စားသုံးခြင်း ဖြစ်သည်။
ဥပမာ- ဆံပင်၊ လက်သည်းများကို စားသုံးနေခြင်း ဖြစ်သည်။
ဆံပင်များကို စားသုံးနေသောကြောင့် ကာလရှည်သည့်အခါ အလုံးအထွေး ဖြစ်ခဲ့ပြီး ဗိုက်အောင့် ဝေဒနာ ပြင်းထန်စွာ ခံစားတတ်ပြီး အချိန်မီ မကုသနိုင်ပါက သေဆုံးသွားနိုင်ကြောင်း သိရသည်။
ဖိုးသူတော် (www.phothutaw.com)
Credit:Messenger
No comments:
Post a Comment