
နင်နဲ့ငါ့ကြား ပိုဝေးကွာစေတာလား
မတွေ့ဖြစ်တဲ့ရက်လတွေများလာတာနဲ့
နင်နဲ့ငါ့ကြား သံယောဇဉ်တွေ အဆုံးသတ်စေပြီလား
ဖုန်းမဆက်ဖြစ်တဲ့အကြိမ်တွေများလာတာနဲ့
နင်နဲ့ငါကြား အမှတ်တရဆိုတာတွေ မရှိတော့ပြီလား
မနက်ခင်းတိုင်း ငါမနှုတ်ဆက်ဖြစ်တော့ပေမယ့်
ငါ့မနက်ခင်းတိုင်းမှာ နင်ပါဝင်ပါတ်သတ်နေဆဲ
သတိရကြောင်းဖုန်းမဆက်ဖြစ်တော့ပေမယ့်
ငါသတိရတဲ့အကြောင်း ငါ့နှလုံးသားလေးကသက်သေဖြစ်နေဆဲ
နင့်အကြောင်းတွေ ငါမစုံစမ်းဖြစ်တော့ပေမယ့်
နင့် ဒုက္ခတွေဝေတဲ့အချိန်လေး ကူညီဖို့ အမြဲငါအသင့်ဖြစ်နေဆဲ.....
ဝေးသွားတိုင်း မေ့သွားကြကြေးဆိုရင်
ဝေးသွားတိုင်း မုန်းသွားကြကြေးဆိုရင်
ငါ့နှလုံးသားမှာ နင့်အတွက်နေရာကျန်နေခဲ့မှာ မဟုတ်ဘူးဆိုတာ
တစ်နေ့နေ့တော့ နင်သိတန်ကောင်းပါရဲ့လေ.....
ရွက်သစ်
Credit : ချစ်သူဖတ်ဖို့ အတွက် ရင်ထဲက ခံစားချက် တစ်ခုတော့ ပါတယ်
No comments:
Post a Comment