၁။ ခေါင်းကိုက်ခြင်း
သင့်ခန္ဓာကိုယ်
အပူချိန်က အိပ်စက်နေစဉ်အချိန်မှာ တိုးလာပါတယ်။ ခန္ဓာကိုယ် ပူနွေးလာပြီး
တဘက် ပတ်ထားတဲ့ခေါင်းပေါ်က အစိုဓာတ်တွေဟာ ခေါင်းကို အပြင်းအထန်ကိုက်ခဲ
စေနိုင်ပါတယ်။
၂။ ရောဂါကူးစက်မှုဖြစ်ပွားခြင်း
ခေါင်းအုံးတွေဆိုတာ
ဘက်တီးရီးယားကြီးထွားမှုအတွက် အကောင်းဆုံးနေရာဖြစ်ပါတယ်။ ဘာလို့လဲဆိုတော့
ချွေး၊ ဆဲလ်သေများနဲ့ အရေပြားပေါ်က အဆီတွေကို စုပ်ယူပေးလို့ပဲဖြစ်ပါတယ်။
ရေစိုနေတဲ့ဆံပင်က ခေါင်းအုံးကို စိုစေပါတယ်။ ဒါ့ကြောင့်
ရောဂါကူးစက်မှုအတွက် အကောင်းဆုံးမြေဆီလွှာတစ်ခု ဖြစ်လာတော့တာပါပဲ။
၃။ ဆံပင်နှစ်ခွ ကွဲတတ်ခြင်း
ဆံပင်က
ကွဲအက်လွယ်ပါတယ်။ အဲဒီပြသနာက ဆံပင်ရေစိုတဲ့အချိန်မှာ ပိုလို့တောင်
ဆိုးရွားပါသေးတယ်။ ဆံပင်ရေစိုစိုဖြင့် အိပ်ခြင်းက မိမိရုပ်ရည်နဲ့ ကျန်းမာရေးအတွက် လုံးဝ မကောင်းပါဘူး။
အခန့်မသင့်ရင် လေဖြတ်တတ်ပါတယ်...သေလည်းသေတတ်ပါတယ်...
Ref: healthyfoodhouse
Credit : http://www.trend.com.mm/2015/10/14/health-7873
No comments:
Post a Comment