မျက်ကပ်မှန်အကြေ
ာင်း နည်းနည်းပြောပါရ
စေ။ မျက်ကပ်မှန်ဆိုတ
ာ မျက်စိပေါ်မှာ ဖုံးအုပ်လို့ရတဲ
့
သေးငယ်တဲ့ မှန်အသေးစား တမျိုး ဖြစ်တယ်။ မှန်ဆိုပေမယ့် ပလတ်စတစ်
အကြည်တမျိုးပဲ။ မျက်ကပ်မှန်ကို polymethyl methacrylate (PMMA),silicone
acrylate, hydrogels စတဲ့ပစ္စည်းတွေနဲ
့ ပြုလုပ်ထားတယ်။ မျက်ကပ်မှန်တခုမ
ှာ အရေးကြီးဆုံးက အောက်စီဂျင်ဝင်ေ
ရာက်လွယ်ဖို့နဲ့
အစိုဓာတ်ထိန်းဖိ
ု့က ဖြစ်ပါတယ်။ ဒါမှ မျက်ကြည်လွှာကို မထိခိုက်စေမှာ ဖြစ်ပါတယ်။
မျက်ကပ်မှန်တွေေ
ပ်ါပေါက်လာတာ ရာစုနှစ်တခုကို ကျော်လွန်ခဲ့ပြါ
ပီ။ပထမဆုံးမျက်က
ပ်မှန်အိုင်ဒီယာ
ကို စတင်အကြံပြုခဲ့တ
ာကတော့ ၁၆ရာစုကတည်းက ဖြစ်ပါတယ်။ လီယိုနာဒိုဒါဗင်
ချီက Codex of the eye မှာ အဲဒီအကြောင်း စတင်အကြံပြုဖော်
ပြခဲ့တယ်။ ဒါပေမယ့် လက်တွေ့အကောင်ထည
်ဖော်နိုင်ခဲ့တာ
တော့ ၁၈၈၈ ခုနှစ် ရောက်မှပါ။ ဂျာမန်လူမျိုး Adolf Fick ဆိုသူက မျက်စိနဲ့ကိုက်ည
ီမယ့် ပထမဆုံးမျက်ကပ်မ
ှန်က်ု အောင်မြင်စွာ စတင်တီထွင်နိုင်
ခဲ့တယ်။ စပေါ်ခါစက မှန်အစစ်ကို အသုံးပြုခဲ့ပြီး
အရွယ်အစားက လက်ညှိုးတဆစ်စာ( ၂-စင်တီမီတာ) လောက်ရှိတယ်။ ဒါ့ကြောင့် သုံးရတာ သိပ်အဆင်အပြေပါ။
ပိုဆိုးတာက မျကိကြည်လွှာကို အောက်စီဂျင်မရော
က်နိုင်တာ ဖြစ်ပါတယ်။
၁၉၈၀နှောင်းပိုင
်းကာလတွေရောက်တေ
ာ့ polymer နဲ့လုပ်တဲ့ မျက်ကပ်မှန်တွေ ပေါ်ပေါက်လာတာမို
့ သုံးစွဲသူတွေ ပိုအဆင်ပြေလာတယ်
။ ၁၉၉၈ ခုနှစ်မှာ silicone hydrogelsနဲ့ လုပ်တဲ့ ပထမမျိုးဆက် မျက်ကပ်မှန်အပျေ
ာ့တွေ ဈေးကွက်ထဲစရောက
်လာပါတယ်။ ဆီလီကွန်ရဲ့ အားသာချက်က အောက်စီဂျင်ပျံ့
နှံ့မှု အားကောင်းတာပဲ ဖြစ်တယ်။ hydrogelsပါလို့
တပ်ဆင်ရပိုမိုလွ
ယ်ကူပြီး အစိုဓာတ်ထိန်းနိ
ုင်တယ်။ ဒုတိယမျိုးဆက်ဖြ
စိတဲ့ silicone hydrogels(galyf
ilcon A)မှာ Tanaka monomer ဆိုတဲ့ပစ္စည်းကို
သုံးလာကြတယ်။ အတွင်းမျက်နှာပြ
င်က စိုစွတ်မှု ပိုထိန်းပေးနိုင
်တယ်။ အခုနောက်ဆုံး တတိယမျိုးဆက် ဆိုတာတွေပါ ပေါ်ပေါက်လာပြီ။ enfilcon A ဆိုရင် ရေဓာတ် ၄၆%ထိ ပါတယ်။
မျက်ကပ်မှန်တွေက
ို ယေဘုယျအမျိုးအစာ
းခွဲလိုက်ရင် နှစ်မျိုးသာ ရှိတယ်။
(၁)မျက်ကပ်မှန်အ
မာ(rigid lens)
(၂)မျက်ကပ်မှန် အပျော့(soft lens)
rigid lens ဆိုတာ မျက်ကပ်မှန်အမာက
ို ခေါ်တယ်။ အောက်စီဂျင်ပျံ့
နှံမှုအားကောင်းလ
ို့ rigid gas permeable lens(RGP lens) လို့ ပြောမှ ပိုပြည့်စုံတယ်။
မျက်ကပ်မှန်အသား
က နည်းနည်းထူပြီး ခပ်မာမာလေးဖြစ်ေ
နတယ်။ လက်ပေါ်တင်ထားရင်
အခွက်လေးအတိုင်း
ပဲ။ အသားနည်းနည်းထူလ
ို့ တပ်ခါစမှာ ခိုးလိုးခုလုဖြစ
်တတ်တယ်။ အဆင်ပြေဖို့ ရက်နည်းနည်းစောင
့်ပါ။ ၂ရက်၊၃ရက်တပ်ပြီ
းရင် နေသားတကျဖြစ်သွာ
းပါလိမ့်မယ်။ ကောင်းတဲ့အချက်ေ
တွက ကြာရှည်ခံတယ်။ ဈေးပိုချိုတယ်။
ကိုင်တွယ်ရ လွယ်ကူတယ်။ မကောင်းတာက မျက်ဆံကို အုပ်နိုင်တဲ့ အချင်းဝက်အတိုင်
းအတာပိုငယ်တယ်။ ဘေးမျက်နှာပြင်က
ို ဖိမိတာနဲ့ မျက်ကပ်က ကွာဖို့ပိုလွယ်တ
ယ်။
Soft lens ဆိုတာ မ်ကိကပ္မွန္အေပ်
ာ့စားပဲ။ ပျော့ပြောင်းတဲ့
ပလတ်စတစ်တမျိုးန
ဲ့ လုပ်ထားတယ်။ ပျော့ပျောင်းလို
့ မျက်စိထဲ ရှိတယ်တောင် ထင်မထားရဘူး။ အများစုကို silicone-hydrog
els လို ပစ္စည်းတွေနဲ့ ပြုလုပ်ထားတယ်။ silicone-hydrog
els တွေက စိုစွတ်မှုအားနည်
းတယ်။
နောက်နည်းပညာမှာ
plasma အလွှာပါးတခု အုပ်လိုက်တာမို့
အဆိုပါအချက်ကို သက်သာစေတယ်။
ဒီနောက်ပိုင်း ကြာရှည်ခံတဲ့ Extended wear contact lenses ဆိုတာတွေပေါ်လာပြ
ီ။ တပတ်လောက် မချွတ်ဘဲ ဆက်တိုက် တပ်ထားလို့ရတယ်။
ဆိုလိုချင်တာက ညလုံးပေါက် (၆)ည ဆက်တိုက် တပ်ထားလို့ရတဲ့သ
ဘောပါ။ တချို့မျကိကပ်မှ
န်တွေဆိုရင် တလထိ မဖြုတ်ဘဲ တပ်ထားနိုင်တယ်။
သတိပြုရမှာက ကြာရှည်ခံအမျိုး
အစားတွေ တခါဖြုတ်ပြီးတို
င်း မျက်စိကောင်းကော
င်း အနားပေးပါ။ ဥပမာ တလတပ်လို့တရတဲ့အ
မျိုးအစားမှာ အနည်းဆုံးတညလောက
် မျက်ကပ်မှန်မတပ်
ဘဲ အနားပေးသင့်တယ်။
တခါသုံးမျက်ကပ်မ
ှန်(Disposable contact lens) တွေလည်း ရှိသေးတယ်။ မ်က္ကပ္မွန္အေပ်
ာ့(Soft contact lenses) အမ်ိဳးအစားထဲမွာ
ပါတယ်။ ကိုရီးယားလူမျို
းတွေကတော့ ပိုအသုံးများတယ်
။ တနေ့ တခုသုံး နောက်ရက် လွှင့်ပစ်ရတယ်။ Hybrid Lens ဆိုတာလည်းရှိပါ
သေးတယ်။ သူငယ်အိမ်စောင်း
တဲ့သူတွေမှာ အဓိကအသုံးပြုတယ်
။ အလယ်မှာ အောက်စီဂျင်ဝင်ေ
ရာက်လွယ်တဲ့ အလွှာတခုရှိပြီး အပြင်ပိုင်းက ပျော့တယ်။
မျက်ကပ်မှန်တပ်တ
ဲ့အခါ မျက်မှန်ပါဝါ အတိုင်း လိုက်တပ်လို့မရပ
ါဘူး။ ဘာ့ကြောင့်လဲဆို
တော့ မျက်လုံးနဲ့ မျက်မှန်ရဲ့ ကြားအကွာအဝေးက 12mm လောက် ရှိနေလို့ ဖြစ်ပါတယ်။ ဒီအကွာအဝေးကို ထည့်သွင်းတွက်ချ
က်ရင် မျက်ကပ်မှန်ရဲ့ ပါဝါကို ၅၀ လောက် လျှော့ပေးရတယ်။ မျက်မှန်ပါဝါ ၃၀၀ ရှိသူတဦးဟာ ပါဝါ ၂၅၀ ရှိတဲ့ မျက်ကပ်မှန်ကိုပ
ဲ တပ်သင့်တယ်။ မ်က္ကပ္မွန္တခုေ
ရြးခ်ယ္တဲ့အခါ မ်က္လံုးအေနအထား
၊ မျက်ကြည်လွှာ အတိုင်းအတာ၊ အခုံးအခွက်သာမက မျက်ခွံအနေအထားေ
တွကိုပါ ထည့်သွင်းတွက်ချ
က်ရတယ်။
မျက်ကပ်မှန်တပ်န
ည်း
မျက်ကပ်မှန် မတပ်ခင်လက်ကို အရင်ဆေးကြောပြီး
ခြောက်သွေ့အောင်
ထားပါ။ ဘယ်(သို) ညာ မိမိအားသန်တဲ့လက
်ကို မျက်ကပ်မှန်တပ်ဖ
ို့ အသုံးပြုရတယ်။ ရှေးဦးစွာ မျက်ကပ်မှန်ကို ခုံးနေတဲ့ မျက်နှာပြင်ကို လက်ညှိုးထိပ်မှာ တင်ပါ။ နောက်လက်ခလယ်ကို
သုံးပြီး အောက်မျက်ခမ်းကိ
ု ဆွဲချပါ။တခြားလက
်ညှိုးတဖက်သုံးပြ
ီး အပေါ်မျက်ခွံကို မတင်ပါ။ မျက်စိကို ရှေ့တည့်တည့်ကြည
့်ပါ။
မျက်ကပ်မှန်ကို မျက်စိရဲ့ အောက်ဖက် ဖြူတဲ့အပိုင်းပေ
ါ် အသာတင်လိုက်ပါ။
လက်က်ု ဖယ်ပြီး မျက်လုံးကို စက္ကန့်အနည်းငယ်ြ
ကာပိတ်ပါ။ မျက်စိပြန်ဖွင့်
တဲ့အခါ မျက်ကပ်မှန်က အနက်ဆံပေါ် နေသားတကျဖြစ်နေတ
ာ တွေ့ရလိမ့်မယ်။ မျက်ကပ်မှန်အမာဆ
ိုရင် မျက်လုံးသူငယ်အိ
မ်ပေါ်တိုက်ရိုက်
တင်ပေးသင့်တယ်။
မျက်ကပ်မှန် ဖြုတ်နည်း
မျက်ကပ်မှန် မဖြုတ်ခင် လက်ကို အရင်ဆုံး စင်ကြယ်အောင် ဆေးကြောပါ။ ရှေးဦးစွာ မျက်လုံးကို အပေါ်ကြည့်ထားပါ။
အောက်မျက်ခွံကို
အားသန်တဲ့ဖက် လက်ခလယ်နဲ့ ဆွဲချပါ။
လက်ညှိုးကို မျက်ကပ်မှန်ပေါ် အသာတင်ပြီး အောက်သို့ ဆွဲချပါ။ နောက်ဆုံး လက်ညှိုးနဲ့ လက်မသုံးပြီး မျက်ကပ်မှန်ကို အသာ ဆွဲမယူရုံပဲဖြစ်
တယ်။ ဖြုတ်ပြီးတဲ့ မျက်ကပ်မှန်ကို တခါတည်း ဆေးစိမ်ခွက်ထဲထည
့်ပါ။
တကယ်တော့ မျက်ကပ်မှန် အပျော့နဲ့အမာ ဖြုတ်တဲ့ပုံ နည်းနည်းကွာတယ်။
မျက်ကပ်အမာ(rigi
d lens)ဖြုတ်တဲ့အခ
ါ မျက်ခွံကို နားရှိတဲ့ဖက်ကို
ခပ်တင်းတင်း ဆွဲမရတယ်။ ပြီးမှ မျက်တောင်ခပ်ပါ။
အဲလိုလုပ်ခြင်းအ
ားဖြင့် မျက်စိနဲ့ မျက်ကပ်မှန်ကြား
မှာ တွယ်ကပ်တဲ့ဖြစ်စ
ဉ် capillary action မရှိတော့ဘူး။ ဒီလိုနည်းနဲ့မျ
က်ကပ်မှန်က ကွာကျလာလိမ့်မယ်
။ တခါတရံ ပလတ်စတစ်ဇာဂနာလေ
းတွေက မျက်ကပ်မှန်အမာေ
တွ ဖြုတ်တ်တဲ့အခါ အသုံးဝင်တယ်။ မ်က္ကပ္မွန္အေပ်
ာ့ကို ဖြုတ်တဲ့အခါ မျက်ကြည်လွှာမထိခ
ိုက်အောင် မျက်စိရဲ့ ဖြူတဲ့အပိုင်း(ေ
ဘး သို့မဟုတ် အောက်ဖက်)ဆီဆွဲခ
ျပြီးမှ လက်မနဲ့ လက်ညှိုးသုံးပြီး
ခွာလိုက်ရုံပဲ။ ကျင့်ပါများရင် လွယ်ကူလာပါလိမ့်
မယ်။
မျက်ကပ်မှန် သိမ်းဆည်းနည်း
Biotrue or Renu multi-purpose solution သုံးစက်စီကို မျက်နှာပြင်ပေါ်တ
င်ပြီး မျက်ကပ်မှန်ကို စက္ကန့်(၂၀)ခန့် သာသာလေး ဆေးကြောပါ။ အခြားမျက်နှာပြင
်ကိုလည်း အထက်ပါအတိုင်း (၅)စက္ကန့်ခန့် ဆေးကြောပါ။ ဆေးကြောပြီးသား မျက်ကပ်မှန်ကို အဆိုပါဆေးရည်ထည်
့ထားတဲ့ မျက်ကပ်မှန် ခွက်ထဲထည့်ပါ။ ဖြုတ်ပြီးသား မျက်ကပ်မှန်တခုက
ို အနည်းဆုံး ၄နာရီကြာအောင် စိမ်ထားဖို့ လိုတယ်။ သတိပြုရမှာက မျက်ကပ်မှန်ဖြုတ
်ပြီးတာနဲ့ ခွက်ထဲချက်ချင်း
ထည့်ပါ။ ဆေးရည်ကို သန့်စင်အောင် နေ့စဉ်လဲပေးသင့်
တယ်။ ဆေးရည်စိမ်ထားတဲ
့ မျက်ကပ်မှန်တခုဟ
ာ ရက် (၃၀)ထိ အထားခံတယ်။ အဲထက်ကြာရင် မသုံးသင့်တော့ပါ
။
ဒီမှာ နညိးနည်း ပြောစရာရှိတာက မျက်ကပ်မှန်ဆေးရ
ည်ပဲ။ မျက်ကပ်ဆေးရည်ထဲ
မှာ boric acid , poloxamine , sodium chloride စတာတွေ ပါတယ်။ ဆားရည်(sodium chloride)ပါလို့
ကြာရှည်ထားရင် ခွက်ဘေးမှာ ဂျိုးကပ်သလို ဖြစ်တာ တွေ့ရတယ်။ အဲလိုတွေ့ရင် ဆေးရည်ကို ချက်ချင်း လဲပေးဖို့ လိုအပ်ပါတယ်။
မျက်ကပ်မှန်တွေဟ
ာ စနစ်တကျသုံးတတ်ရ
င် စိတ်ချရပါတယ်။ နောက်ဆက်တွဲဆိုး
ကျိုးက သုံးစွဲသူ ၅% မှာသာ တွေ့ရတယ်။ မျက်ကြည်လွှာထိခိ
ုက်တာ၊အမြင်အာရံ
ုဝေဝါးတာ၊ မျက်လုံးပိုးဝင်
တာ၊ မျက်ရည်ခြောက်တာ
မျိုး ဖြစ်လာနိုင်တယ်။
ညအိပ်စဉ် မဖြုတ်ပဲ တပ်ထားသူ၊ ဆရာဝန်ညွှန်ကြားခ
ျက်မရှိပဲ သုံးစွဲသူတွေမှာ
ဒီလို ဆိုးကျိုးတွေပို
တွေ့ရတယ်။ ၅နှစ်အထက် သုံးစွဲသူတွေကို
လေ့လာကြည့်တော့ မျက်ကြည်လွှာပိုပ
ါးပြီး ပိုခုံးလာတာတွေ့
တယ်။ ပါဝါတက်လာတယ်။
Ortho-K (Orthokeratolog
y) ဆိုတာ မျက်ကပ်မှန်တမျိ
ုးပါပဲ။ မျက်ကြည့်လွှာရဲ့
ပုံသဏ္ဌန် ကိုပြောင်းလဲပေး
တာပါ။ အဝေးမှုန်သမားတွေ
အတွက် အသုံးဝင်တယ်။ Overnight Ortho-K ဆိုတာ အသုံးများဆုံးပဲ
။ ညပိုင်း အိပ်တဲ့အချိန်တပ
်ရတာ။ အနည်းဆုံး ရှစ်နာရီတပ်ပြီး
မနက်အိပ်ရာထမှာ ပြန်ဖြူတ်ရတာမျိ
ုး။ ဒီနည်းက ယာယီအတွက် အသုံးဝင်တယ်။ တချို့ နေ့ပိုင်း မျက်မှန်တပ်ဖို့
မလိုတော့ပါ။ ဒီနည်းသုံးဖို့ သက်ဆိုင်ရာဆရာဝန
်က အဲဒီနယ်ပယ်မှာ အထူးကျွမ်းကျင်သ
ူဖြစ်ရပါမယ်။
ဒီနေ့ခတ်မှာ မျက်ကပ်မှန်ကို မျက်စိပါဝါအတွက်
သာမက အလှအပအတွက်ပါ အသုံးပြုလာကြပါတ
ယ်။ မျက်ဆံနက်နေရာမှ
ာ လှတပတလေးဖြစ်အော
င် အပြာတွေ၊အစိမ်း ရောင်စုံတွေ ဖြစ်လာတယ်။ ၂၀၁၄ AOA ရဲ့ အစီရင်ခံစာတခုမှ
ာ မျက်ကပ်မှန်အလှတ
ပ်သူတွေရဲ့ ထက်ဝက်ခန့်ဟာ ဆရာဝန်ညွှန်ကြားခ
ျက်မရှိပဲ မိမိဘာသာ ဝယ်တပ်ကြတယ်လို့
ဖော်ပြထားတယ်။ သုံးစွဲသူအများစ
ုဟာ လူလတ်ပိုင်း အသက် (၃၀) အရွယ်တွေဖြစ်ကြတ
ယ်။ မျက်ကပ်မှန်သုံး
စွဲသူရဲ့ သုံးပုံနှစ်ပုံက
အမျိုးသမီးတွေ ဖြစ်တယ်။ ထုတ်တဲ့ ကုမ္ပဏီတွေလည်း မနည်းပါ။ နာမည်ကြီးကုမ္ပဏီ
(၄)ခုလောက်ရှိတယ
်။ Johnson & Johnson က Acuvue နာမည်နဲ့ထုတ်တယ်
။ The Cooper က CooperVision နာမည်နဲ့ထုတ်သလိ
ု၊ Norvatis ကလည်း Alcon နာမည်နဲ့ ထုတ်ပါတယ်၊ valeant ကုမ္ပဏီကတော့ Bausch&Lomb နာမည်နဲ့ ဈေးကွက်တင်တယ်။
ဒီနေ့ခေတိမှာ မျကိကပ်မှနိတွေ အတော်ခေတ်စားလာတ
ယ်။ အရင်က သုံးခဲ့တဲ့ မျက်မှန်နေရာမှာ
အလုပ်ရှုပ်သက်သာတ
ဲ့ မျက်ကပ်မှန်တွေက
ို ပြောင်းလဲသုံးစွ
ဲလာကြပါတယ်။ ၂၀၀၄ စာရင်း ဇယားတွေအရ ကမ္ဘာပေါ်မှာ မျက်ကပ်မှန်တပ်သ
ူ ၁၂၅သန်း ရှိတယ်။ ဒါဟာ တကမ္ဘာလုံး လူဦးရေရဲ့ ၂ရာခိုင်နှုန်း ပမာဏလောက်ရှိတယ်
။ ယူအက်စ်မှာ သုံးစွဲသူ ၃၅ သန်း နီးပါးရှိသတဲ့။ သုံးစွဲမှုများသလ
ို ဈေးကွက်ကလည်း တဖြည်းဖြည်း ကျယ်လာတယ်။ အနောက်ဥရောပနိုင
်ငံတွေဟာ မျက်ကပ်မှန်ရဲ့ အဓိက ဈေးကွက်ဖြစ်လာပ
ါတယ်။ ၂၀၁၅ ကိန်းဂဏာန်းတွေအ
ရ တကမ္ဘာလုံးရဲ့ မျက်ကပ်မှန်ဈေး
ကွက်ဟာ ဒေါ်လာ (၁၁)ဘီလီယံ ကျော်ထိ ရောက်လာတယ်။ လေ့လာတွက်ချက်မှု
တွေအရ လာမယ့်ငါးနှစ်အတ
ွင်း မျက်ကပ်မှန်ဈေး
ကွက်ဟာ ၁၀% မက တိုးတက်လာမယ်လို
့ ခန့်မှန်းထားကြပ
ါတယ်။
ဒေါက်တာ အေးမင်းထူး
၁၇.၁၀.၁၅
အဆင်ပြေပါစေ..
No comments:
Post a Comment