♡♬ ရောရောသမမွှေ ဘလော့ဂ်မှ♪♪ ကြိုပါဆိုတယ်♪♪ မိတ်ဆွေများ ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့တော်မူကြပါစေ♬♡
Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

November 17, 2015

" စက်ရုပ်လေလား ကညာပျိုလေလား ဝေခွဲရ ခက်လှချည်းလှကွယ် "

 
ကြည့်သူ နှစ်ယောက်မှာ တစ်ယောက်သည်  စက်ရုပ်လေလား ကညာပျိုလေလား ခွဲမရအောင် ဖြစ်ရသည့် စက်ရုပ်မျိုး ရှိနေသည်။
          အမျိုးသမီး တစ်ယောက်၏ ကိုယ်လုံး ကိုယ်ပေါက်  အချိုးအစား အတိုင်း ဖန်တီးထားသော စက်ရုပ်သည် တကယ့်လူနှင့် တူရုံသာမက အချို့သော အမျိုးသားများအဖို့ လိင်ဆွဲဆောင်မှု အလွန်ရှိသည့် အမျိုးသမီး တစ်ယောက် အဖြစ်ပါ သတ်မှတ် ခံနေရသည်။
           Actroid F ဟု အမည် ပေးထားသော စက်ရုပ်သည် အရပ် (၅) ပေ (၆) လက်မရှိပြီး လူသားတစ်ယောက် အတိုင်း ပြုံးရွှင်ရယ်မော စကားပြောနိုင်၊ မျက်တောင်ခတ်နိုင်၊ အကြည့်ချင်း တုံ့ပြန်နိုင်သလို ခန္ဓာကိုယ် ဟန်မူရာနဲ့ စကားသံ လိုက်ဖက်အောင်လည်း ပြောဆိုနိုင်ပြီး လူသားများ၏ ခန္ဓာကိုယ်ဟန်ကိုလည်း နားလည် သဘောပေါက်ကြောင်း သိရသည်။ ဒေါက်တာ ဒေးဗစ်ဆီလ်ဗာရာ-တာ ၀ီလ်က ဖန်တီး ထုတ်လုပ်ထားခြင်း ဖြစ်သည်။
              Actroid F အကြောင်း ဖော်ပြထားသည့် ယူကျူဗီဒီယိုဖိုင်အောက်တွင် ကမ္ဘာတစ်ဝန်းမှ လူအများက ၀င်ရောက် မှတ်ချက် ရေးသားကြရာတွင် စက်ရုပ်မလေးသည် လူသားနဲ့မခြား ချစ်ဖို့ကောင်းပြီး လိင်ဆွဲဆောင်မှု ပါရှိသည်ဟု ဆိုလိုက်သည်။
          ''ကျုပ်လူပျိုတုန်း ကတည်းက ဒီစက်ရုပ်မလေး ထွင်ကြရောပေါ့ဗျာ'' ဟု ယူကျူသုံးသူ အမျိုးသား တစ်ဦးက
ခပ်ရွှန်းရွှန်းလေး ရေးထားသည်။''စက်ရုပ်မလေးကြည့်ပြီး ရင်တွေတောင် ခုန်လာတယ်။ ရူးတယ်လို့ ပြောချင်လည်း ပြောကြတော့ဗျာ'' ဟု နောက်တစ်ယောက် ကလည်း ဆိုထားသည်။
Source: CNET

Credit : http://www.messengernewsjournal.com/news/Tech/detail.php?id=48729

No comments:

Subscribe

လာလည်သူများ

free counters