တကယ်ပဲ Friday 13th က ကံဆိုးခြင်းတွေ ယူဆောင်လာသလား။ မဟုတ်ဘူးလို့ ကျွန်တော် ငြင်းပါရစေ။ ပြက္ခဒိန်တစ်ခုကိုယူပြီး ကြိုက်တဲ့ရက်စွဲကို ရွေးကြည့်ရင်တောင် သမိုင်းမှာ အဲဒီရက်ပဲ ထူးဆန်းတဲ့ဖြစ်ရပ် တစ်ခုခု ဖြစ်ပွားသွားတာကို တွေ့ ရမှာပါ။ ဒါပေမယ့် အပျော်သဘောအနေနဲ့ Friday 13th မှာ ဖြစ်ပွားခဲ့တဲ့ ဖြစ်ရပ်ဆန်း ၁၃ ခုကို စုစည်းတင်ပြလိုက်ပါတယ်။
၁။ အောက်တိုဘာ ၁၃ ရက်၊သောကြာနေ့ ၊ ၁၃၀၇ ခုနှစ်
ပြင်သစ်ဘုရင် King Philip IV ရဲ့ အမှုထမ်းတွေဟာ ခရူးဆိတ်စစ်ပွဲမှာ တိုက်ခိုက်ခဲ့တဲ့ Knights Templar ဘုန်းကြီးစစ်သည်တော်တွေရဲ့ နေအိမ်ကို ၀င်စီးခဲ့ပြီး အမြောက်အများကို ဖမ်းချုပ်ခဲ့ပါတယ်။ ပြစ်မှု တစ်စုံတစ်ရာ ထင်ထင်ရှားရှား မပြနိုင်ပေမယ့် ဘုန်းကြီးရာပေါင်းများစွာဟာ ပြင်းထန်တဲ့နှိပ်စက်မှုတွေ ခံစားရပြီး ရာကျော် သေဆုံးခဲ့ရပါတယ်။
၂။ သြဂုတ်လ ၁၃ ရက်နေ့ ၊သောကြာနေ့ ၁၅၂၁ ခုနှစ်
စပိန်နယ်မြေကျူးကျော်သိမ်းပိုက်သူ Hernan Cortes ဟာ Tenochtitlan မြို့ တော်ကို စီးနင်းသိမ်းပိုက်ကာ Aztec အင်ပါယာပြည့်ရှင် Cuauhtemoc ကို ဖမ်းဆီးပြီး မြို့ တော်ကို စပိန်နိုင်ငံအတွက် တောင်းယူခဲ့ပါတယ်။ Aztec အင်ပါယာကြီးကို ဇာတ်သိမ်းပစ်လိုက်ပါတယ်။ Cortes ဟာ Tenochtitlan ကို Mexico City အဖြစ်
နာမည်ပြောင်းခဲ့ပြီး သူကိုယ်တိုင် မင်းလုပ်အုပ်ချုပ်ခဲ့ပါတယ်။
၃။ နိုဝင်ဘာ ၁၃ ရက်၊ သောကြာနေ့ ၊ ၁၇၈၉ ခုနှစ်
အမေရိကန်ပြည်ထောင်စုရဲ့ Founding Fathers တွေထဲမှာ တစ်ဦးအပါအ၀င်ဖြစ်တဲ့ Benjamin Franklin ဟာ “ အရာရာဟာ ထာဝရတည်မြဲမယ်လို့ ထင်ရပေမယ့်၊ ဒီကမ္ဘာကြီးမှာ သေခြင်းတရားနဲ့ အခွန်ကောက်ခြင်းက လွဲလို့ ဘယ်အရာကမှ တည်မြဲမှုမရှိပါဘူး” ဆိုတဲ့ နာမည်ကျော်စကားကို ရေးသားခဲ့ပါတယ်။
၎။ စက်တင်ဘာ ၁၃ ရက်၊သောကြာနေ့  ၁၉၄၀ ခုနှစ်
ဂျာမန်နာဇီဗုံးငါးလုံးဟာ ဘတ်ကင်ဟမ်နန်းတော်ကို ကျခဲ့ပြီး ခရစ်ယာန်ဘုရားရှိခိုးကျောင်း ၀တ်ပြုရာအဆောက်အဦး ပျက်စီးခဲ့ပါတယ်။
၅။ ဂျွန်လ ၁၃ ရက်နေ့ ၊သောကြာနေ့ ၁၉၅၂ ခုနှစ်
အမှုထမ်းရှစ်ဦးကို တင်ဆောင်လာတဲ့ ဆွီဒင် DC-3 လေယာဉ်ဟာ Baltic Sea ထဲက အပြည်ပြည်ဆိုင်ရာ ရေပိုင်နက်အတွင်းမှာ ပျောက်ချင်းမလှပျောက်ဆုံးသွားပါတယ်။
၆။ နိုဝင်ဘာ ၁၃ ရက်၊ ၁၉၇၀ ခုနှစ်
အရှေ့ တောင်အာရှမုန်တိုင်းကြီးတစ်ခုဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ၀တိုက်ခတ်ခဲ့ပြီး လူပေါင်း သုံးသိန်းကျော် သေဆုံးခဲ့ရပါတယ်။ Ganges မြစ်ဝကျွန်းပေါ်ဒေသမှာလည်း ရေကြီးရေလျှံမှုတွေ ဖြစ်ပေါ်ကာ လူပေါင်း တစ်သန်းလောက် အသက်ဆုံးရှုံးခဲ့ရပါတယ်။
၇။ ဇန်န၀ါရီ ၁၃ ရက်၊ ၁၉၈၉ ခုနှစ်
‘Friday the 13th virus’ ဟာ ဂရိတ်ဗြိတိန်တစ်ဝှမ်းက IBM ကွန်ပြူတာတွေကို ကူးစက်ခဲ့ပြီး ပရိုဂရမ်ဖိုင်တွေကို ဖျက်ပစ်ကာ လူအများ စိုးရိမ်သောကတွေ ရောက်ခဲ့ရပါတယ်။
Ref: livescience
Credit : http://www.trend.com.mm/2015/11/16/people-planet-8106
No comments:
Post a Comment