♡♬ ရောရောသမမွှေ ဘလော့ဂ်မှ♪♪ ကြိုပါဆိုတယ်♪♪ မိတ်ဆွေများ ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့တော်မူကြပါစေ♬♡
Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

November 17, 2015

" မသန်စွမ်း ဖြစ်သွားတဲ့ချစ်သူကို တစ်သက်လုံး ပြုစုစောင့်ရှောက်မယ့်သူ"

 
တရုတ်နိုင်ငံရှိ အမျိုးသမီးတစ်ဦးသည် မသန်စွမ်း ဖြစ်သွားသည့် ချစ်သူဖြစ်သူကို စွန့်လွှတ်ခြင်း မရှိသည့်အပြင် တစ်သက်လုံး ပြုစုစောင့်ရှောက်သွားရန် ဆုံးဖြတ်သွားသောကြောင့် အံ့အားသင့်စရာ ဖြစ်ခဲ့သည်။

      ချစ်သူဖြစ်သူသည် ယာဉ်မတော်တဆမှုကြောင့် တစ်သက်လုံး လမ်းလျှောက် နိုင်တော့မည် မဟုတ်သော်လည်း နေ့စဉ် ပြုစုစောင့်ရှောက်သွားဖို့ ဆုံးဖြတ်ထားသဖြင့် ယင်းအမျိုးသမီး၏ စိတ်ဓာတ်ကို လေးစားခဲ့ကြသည်။ အသက် (၂၅)နှစ် အရွယ်ရှိ ချန်နှင့် အသက် (၂၃)နှစ် အရွယ်ရှိ နန်နန်တို့သည် တရားဝင် လက်ထပ်ပွဲမတိုင်မီ တစ်ရက်အလိုတွင် ကံဆိုးမှုဖြင့် ကြုံခဲ့ခြင်း ဖြစ်သည်။ ယင်းမှာ ချန်သည် ယာဉ်မတော်တဆဖြစ်မှု ကြုံခဲ့ရခြင်း ဖြစ်သည်။ ယင်းဖြစ်စဉ်သည် ပြီးခဲ့သည့် မတ်လတွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

      ချန်သည်  မတ်လ(၃၀) တွင် တရားဝင် လက်ထပ်ရန် စီစဉ်ထားခြင်းဖြစ်ပြီး၊ မတ်လ(၂၉) တွင် ယာဉ်မတော်တဆမှု ဖြစ်စဉ်ကို ကြုံခဲ့ရခြင်း ဖြစ်သည်။ ထို့ကြောင့် သူတို့နှစ်ဦးသည် လက်ထပ်ပွဲကို ပြုလုပ်ခဲ့ရခြင်း မရှိသဖြင့် ပတ်ဝန်းကျင်ရှိ လူများက မသန်စွမ်းဖြစ်သွားသည့် ချန်ကို စွန့်လွှတ်ရန် နန်နန်ကို တိုက်တွန်းခဲ့သည်။ သို့သော် နန်က လက်ခံခြင်းမရှိဘဲ လက်ထပ်ရန် ရည်ရွယ်ထားသူ အနားမှာ တစ်သက်လုံး နေထိုင်ရန် ဆုံးဖြတ်ခဲ့သည်။ နန်နန်သည် ချောင်၏ နေ့စဉ်ကိစ္စရပ်များကို ဆောင်ရွက်ပေးခဲ့သည်။ ဆေးရုံသို့ နေ့စဉ် သွားရောက်ခဲ့သည်။ ယင်းမြင်ကွင်းကို မြင်ရသူတိုင်းက နန်နန်၏ စိတ်ထားကို  လေးစားခဲ့ကြသည်။  ချန်ကိုယ်တိုင်က နန်နန်ကို ထွက်ခွာသွားရန်
အကြိမ်ကြိမ် ဟြေခဲ့သော်လည်း လက်ခံခြင်း မရှိသောကြောင့် လက်လျှော့ခဲ့ရသည်။ ချန်၏ ဆေးကုသစရိတ်သည် ပေါင်တစ်သိန်း ကျော်သွားပြီ ဖြစ်သောကြောင့် လက်ရှိနေထိုင်သည့် အိမ်ကို ရောင်းချပြီး ကုသမှုများ ထပ်မံပြုလုပ်သွားမည် ဖြစ်သည်။ ချစ်သူသက်တမ်း နှစ်နှစ်သာ ရှိသေးသော်လည်း နန်သည် လမ်းမလျှောက်နိုင်တော့သည့် ချန်ကို တစ်သက်လုံး ပြုစုရန် ဆုံးဖြတ်ထားသည်။

Credit: ဖိုးသူတော် (www.phothutaw.com)
Credit: http://www.messengernewsjournal.com/

No comments:

Subscribe

လာလည်သူများ

free counters