လူတစ်ယောက် အစာခြေဖျက်တဲ့အခါ အနည်းအကျဉ်းသာ ထွက်ပေါ်လာတဲ့ ဟိုက်ဒရိုဂျင်ဆာလ်ဖိုဒ်ဓာတ်ငွေ့ ရဲ့ အကျိုးသက်ရောက်မှုကို သိပ္ပံပညာရှင်တွေက လေ့လာခဲ့ကြတာဖြစ်ပါတယ်။ ဒီ ဂတ်စ်ဟာ ပမာဏ အများအပြား ရှူမိရင် အန္တရာယ်ရှိပေမယ့် ၊ ပမာဏအနည်းငယ်ကို ရှူရှိုက်ပြီး ဆဲလ်တွေနဲ့ ထိတွေ့ မိလို့ ရှိရင် ဆဲလ်တွေရဲ့စွမ်းအင်ကိုထုတ်ပေးတဲ့ Mitochondria ပျက်စီးမှုကို ကာကွယ်ပေးနိုင်တယ်လို့ သိရှိရပါတယ်။ ဒါပေမယ့် ခန္ဓာကိုယ်မှာ ဟိုက်ဒရိုဆာလ်ဖိုဒ်ဓာတ်ငွေ့ လျော့နည်းနေပြီဆိုရင် AP39 ဆိုတဲ့ ဒြပ်ပေါင်း အသစ်တစ်မျိုးက အသုံးဝင်နိုင်လိမ့်မယ်လို့ သိပ္ပံပညာရှင်တွေက ဆိုပါတယ်။
“ ကျွန်တော်တို့ ဟာ AP39 ဆိုတဲ့ ဒြပ်ပေါင်းအသစ်တစ်မျိုးကို ဖန်တီးပြီး ဒီသဘာဝဖြစ်စဉ်ကို အကျိုးရှိရှိ တုပနိုင်ပါပြီ။ AP39 ဟာ ဟိုက်ဒရိုဂျင်ဆာလ်ဖိုဒ်ဓာတ်ငွေ့ အနည်းငယ်ကို ဆဲလ်တွေရဲ့ mitochondria အပိုင်းဆီ ဖြည်းညှင်းစွာ
ပို့ ဆောင်ပေးနိုင်ပါတယ်။ ကျွန်တော်တို့ ရဲ့ စမ်းသပ်မှုရလဒ်တွေအရ ပျက်စီးနေတဲ့ဆဲလ်တွေကို AP39 ဒြပ်ပေါင်းနဲ့ ကုသကြည့်ရာမှာ mitochondria ပိုင်းကို ကာကွယ်မှုပေးပြီး ဆဲလ်တွေ ကျန်းမာစွာ ဆက်ရှိနေနိုင်တာ ကို တွေ့ ရှိခဲ့ရတယ်” လို့ Exeter တက္ကသိုလ်က ပါမောက္ခ Matt Whiteman က ပြောကြားခဲ့ပါတယ်။
ဒါပေမယ့် ဒီသုတေသနဟာ ပဏာမအဆင့်မှာသာရှိသေးပြီး ယခုအချိန်မှာ တိကျတဲ့ကောက်ချက်ချမှုတွေ တော့ ပြုလုပ်နိုင်ဦးမှာမဟုတ်သေးဘူးလို သိရပါတယ်။
Ref: Time
Credit : http://www.trend.com.mm/2015/11/17/health-8120
No comments:
Post a Comment