♡♬ ရောရောသမမွှေ ဘလော့ဂ်မှ♪♪ ကြိုပါဆိုတယ်♪♪ မိတ်ဆွေများ ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့တော်မူကြပါစေ♬♡
Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

March 13, 2016

" ချစ်မိတဲ့ မိန်းကလေးတွေရဲ့ ဒုက္ခ (၇) မျိုး "

 
ဘယ်လိုပဲ စိတ်ကို တင်းထားပါစေ၊ နောက်ဆုံးမှာ အချစ်မှာ အဖတ်ဆယ်လို့မရအောင် ပျော်ဝင်သွားတတ်ကြတာ မိန်းကလေးတွေပါ။

၁။ ခံစားချက်ကို ဖော်ပြရမလား၊ ထိန်းထားရမလား ဝေခွဲမရဘူး

ကိုယ်ချစ်တဲ့သူကို ဘယ်လောက်ချစ်ကြောင်း ထုတ်ဖော်ပြလိုက်ရင်လည်း သူအနိုင်ယူသွားမှာာဆိုးတယ်။ ထိန်းထားပြန်ရင်လည်း ကိုယ့်ကို မချစ်တတ်သူ၊ အေးစက်သူလို့ ထင်ခံရမှာ စိုးပြန်တယ်။

၂။ ပိုချစ်တတ်တယ်

ကိုယ်ချစ်သလောက် ဘယ်တော့မှ ပြန်အချစ်မခံရပါဘူး။ ချစ်တယ်ဆိုတဲ့ စကားကို အကြိမ်ကြိမ်ပြောရတာ ကိုယ်ပဲ ဖြစ်နေပြီး အသေးစိတ် ဂရုစိုက်မိတာလည်း ကိုယ်ပဲ ဖြစ်နေတတ်တယ်။ ကိုယ်ပြောသလို ပြန်မပြောရင် ကိုယ်ဂရုစိုက်သလို ပြန်မစိုက်ရင် သေလုအောင် ခံစားရတာလည်း ကိုယ်တွေပါပဲ။

၃။ ချောင်းမြောင်းရတာလည်း အခါခါ

သူ့ရဲ့ ဖေ့စ်ဘွတ်အကောင့်ကို တစ်ရက်တည်းနဲ့ ဖွင့်ကြည့်မိတာ ဘယ်နှကြိမ်မှန်းမသိတော့။ နောက်ဆုံး သူဘာမှ အသစ်မတင်ရင်တောင် အရင်တုန်းက သူတင်ခဲ့တာတွေကို ပြန်ကြည့်စစ်ဆေးမိနေတယ်။

၎။ မက်ဆေ့ပြန်မပို့ရင် ကမ္ဘာပျက်တဲ့အလား

ကိုယ်က မက်ဆေ့ပို့ပြီး ပြန်မပို့ရင် အရူးလိုပဲ။ သူများ ကိုယ့်ကို စိတ်မဝင်စားတော့တာလားပေါ့။ ပြီးတော့ ကိုယ်ချစ်သလောက် ပြန်မချစ်သူအပေါ် ခံစားချက်တွေ ပိုတိုးတိုးလာတော့တာပဲ။

၅။ ကိုယ့်ကိုကိုယ် ပြန်စဉ်းစားတယ်

သေချာစဉ်းစားတယ်။ ကိုယ်က ဘယ်လောက်ကောင်းတဲ့သူဆိုတာ သိတယ်။ ဒါပေမဲ့လည်း သိမ်ငယ်စိတ်တွေက ဖြစ်ပေါ်နေတာ အကြိမ်ကြိမ်။

၆။ ကိုယ့်ရဲ့အချစ်ကြီးမှုကြောင့် တစ်ဖက်သူမှာ စိတ်ဒုက္ခရောက်ရတယ်

ကိုယ့်ကို တကယ်လက်တွဲလိုတဲ့ ယောက်ျားဆိုရင်တောင် ကိုယ့်ရဲ့ တွယ်တာမှုက အရမ်းလွန်ကဲလာတဲ့အတွက် လန့်လာတယ်။ တချို့ယောက်ျားတွေဆိုရင် မခံနိုင်လို့ ထွက်ပြေးသွားတဲ့အထိ ဖြစ်ရရော။

၇။ ပြောသင့်တာရော မပြောသင့်တာရော သူ့ကို အကုန်ပြောချင်မိတယ်

ချစ်မိပြီဆိုတာနဲ့ မိန်းကလေးတွေက ကိုယ့်ရဲ့ အလျှို့ဝှက်ဆုံးအရာတွေကို ပြောတတ်ကြတယ်။ တစ်ခါတလေမှာ

" ဝုန်း..!!!! " ကလူကလူ.. လန့်လိုက်တာ.. ဘာလဲဆိုပြီးလှန်းကြည့်လိုက်တော့ ပိတ်ထားတဲ့ ဆိုင်တံခါးက ပွင့်သွားတယ်." (သရဲတစ္ဆေ ကဏ္ဍ)

 
ကျွန်တော့်အတွက် ကိုယ်ရံတော် လို့ပဲခေါ်မလား.. သူတော်ကောင်းသရဲမ လို့ပဲခေါ်မလား..။ အဲ တစ်ခုသေချာတာကတော့ ကျွန်တော့်ကိုတော့ ကောင်းကျိုးပေးတာပဲ..။အရင်တုန်းက ကျွန်တော်တို့ မန်းလေးမှာ စားသောက်ဆိုင်တစ်ဆိုင်ဖွင့်ဖူးပါတယ်..။ စဖွင့်တုန်းက ကျွန်တော်တောင် အသက် ငယ်ငယ်လေးပဲရှိသေးတယ်.. စားသောက်ဆိုင်ဆိုပေမဲ့ ဘီယာပါတွဲရောင်းတဲ့ ဆိုင်ပေါ့.. အဲ...လွယ်လွယ်ကူကူ ဘီယာဆိုင်ပေါ့ဗျာ..။ အခု.. ကျွန်တော်အသက် ၁ရ ကျော်လို့ ၁၈ ထဲဝင်လာပါပြီ.. ဒါပေမဲ့ ဒီအိမ်မက်ကို ကျွန်တော့်အသက် ၆နှစ် ၇နှစ်ထဲက မက်တာပါ.. ဒီလို၁၀နှစ်ကျော်လောက်ကြာတဲ့အိပ်မက်ကိုပြန်မှတ်မိတာတော့ တော်တော်ထူးဆန်းတယ်ဗျ..။

                     ကျွန်တော်မှတ်မှတ်ရရ အဲ့ညက လေတွေမိုးတွေကြီးနေတဲ့ည.. ။ အခုထိစဉ်းစားရင်အသေးစိပ်ကိုမှတ်မိတယ်.. ။ ဘယ်သူတွေပါတယ်ဆိုတာ...။ ကျွန်တော်တို့မိသားစုမှာ ကျွန်တော်ရယ် မေမေရယ် ဖေဖေရယ် ကိုကိုရယ် ဘွားဘွားရယ် ရှိတယ်.. အဲ မေမေ့ ညီမ တစ်ယောက်တော့ရှိတယ်.. သူမှာက သမီး၃ယောက်ရှိတယ်..။ ကျွန်တော်တို့တွေက ဘယ်လောက်ရင်းနှီးလဲဆိုရင် ဘယ်သူမေးမေး မောင်နှမ ၅ ယောက်ရှိတယ်လို့ပဲဖြေတာ..။ အဲ့လောက်ကိုရင်းနှီးတာ..။အဲ့နေ့ညက ကျွန်တော်မက်တဲ့အိပ်မက်က ဘယ်လိုလဲဆိုတော့..။ကျွန်တော့်ကို ကျွန်တော့်ဒေါ်လေးက ပွေ့ထားတယ်...။ဘေးကိုလှည့်ကြည့်လိုက်တော့ အမ၂ယောက်နဲ့ ညီမလေးက ဘေးမှာ ရပ်နေတယ်..။ အရှေ့မှာက ဘွားဘွားရယ် မေမေရယ်.. ။ ပတ်ဝန်းကျင်ကိုမျက်စိကစားလိုက်တော့ တော်တော်လေးကိုမှောင်မဲနေတာပဲ...။ မျက်လုံးကျင့်သားရမှ မေမေ့ကိုလှမ်းမေးလိုက်တယ်.. ။ "မေမေ.. ဖေဖေနဲ့ကိုကိုဘယ်သွားလဲဗျ.. ဘာလို့ဆိုင်ကလဲအဲ့လောက်မှောင်နေတာလဲ ? ""သြော်.. သားတောင်နိုးလာပြီလား... သားဖေဖေနဲ့ ကိုကိုက မီးချောင်းသွားဝယ်တယ်လေ..။မီးတွေအကုန်ကျွှမ်းကုန်လို့လေ.. ။ သားကအိပ်နေလိုက်တာ ညနေကတည်းက အခုမှနိုးတယ်.. ။ အခုည ၃နာရီတောင် ရှိနေပြီ..။ "

                             ည၃နာရီ.. ? ည၃နာရီမှဘာလို့ဖေဖေနဲ့ကိုကိုနဲ့က မီးချောင်းသွားဝယ်ရတာလဲ..? ဘာလို့အားလုံးကလဲ ဘာလို့မအိပ်ကြသေးတာလဲ..?မေးမယ်လို့ပါးစပ်ပြင်လိုက်တော့... ။
 " ဝုန်း..!!!! " ကလူကလူ.. လန့်လိုက်တာ.. ဘာလဲဆိုပြီးလှန်းကြည့်လိုက်တော့ ပိတ်ထားတဲ့ ဆိုင်တံခါးက ပွင့်သွားတယ်...။ အပြင်မှာ မိန်းမကြီးတစ်ယောက်ရပ်နေတယ်.. ဘယ်သူလဲ.? ဘာလို့အဲ့မိန်းမကြီးက ဆံပင်ကို မျက်နှာအရှေ့ချထားရတာလဲ ? ဘာလို့အဖြူရောင်ဝတ်ပြီး လေပေါ်မှာပျံနေတာလဲ ? ကျွှန်တော်ကြည့်ဖူးတဲ့ ကာတွန်းကားထဲက ဟို စူပါမန်းဆိုလား ဘာလား.. ။ အဲ အဲ့လိုအကောင်လား.. ။  ဒါပေမဲ့ ဟိုကာတွန်းကားက အဖြူမဝတ်ပါဘူး..။ ဒါကဘာလဲ ?အဲ့တုန်းက ငယ်ငယ်လေးဆိုတော့ အကုန်လျှောက်တွေးတာ.. ။ ကျွန်တော်မညာဘူး.. ။ ကျွန်တော် အဲ့လောက်ထိကိုအသေးစိပ်မှတ်မိနေတာ..။ တစ်သက်မှာ ဒါမျိုးအိပ်မက် ၂ခါပဲမက်ဖူးတယ်.. ဒါက

" မိန်းကလေးတွေ အမြဲပျောက်တတ်တဲ့ ပစ္စည်း (၅) မျိုး "

မိန်းကလေးတိုင်း ဒီထဲက အနည်းဆုံး တစ်ခု၊ နှစ်ခုတော့ ဖြစ်ဖူးတဲ့အတွက် ဒီခံစားချက်ကို နားလည်မှာပါ။

၁။ ခေါင်းစည်းကြိုး

တော်တော်ထူးဆန်းတယ်။ အကုန်လုံး ဘယ်ရောက်ကုန်တာလဲ။ ဝယ်ထားတာ အခု ၁၀၀ လောက်ရှိတယ်။ တစ်ခုမှ ရှာမတွေ့တော့ဘူး။


၂။ ဖုန်း၊ သော့၊ ပိုက်ဆံအိတ်

အရေးကြီးပြီဆို ရှာမတွေ့တော့ဘူး။ ဒီအိတ်လေးထဲမှာ ဘယ်လို ပျောက်နေမှန်းကို မသိတာ။ နောက်ဆုံးတော့

" မိုက်ခရိုဝေ့ဖ်ထဲ ကြက်ဥထည့်ပြုတ်၍ မျက်စိ ၂ လုံးကွယ်ခဲ့ရ "

 
တရုတ်နိုင်ငံသားတစ်ဦးဟာ မိုက်ခရိုဝေ့ဖ် (အစာနွှေးစက်) ထဲမှာ ကြက်ဥပြုတ်မိတဲ့အတွက် ပေါက်ကွဲမှုဖြစ်ပွားပြီး မျက်စိ ၂ ဘက်လုံး ကွယ်သွားခဲ့ရတယ်လို့ www.siamupdate.com သတင်းမှာ ဖော်ပြပါတယ်။

တရုတ်နိုင်ငံက အသက် ၃၀ ရွယ် ဖခင်တဦးဟာ သားဖြစ်သူကျောင်းမသွားခင် စားဖို့ ကြက်ဥ ကို ရေဇလုံထဲထည့်ပြီး မိုက်ခရိုဝေ့ဖ်ထဲ ထည့်ထားခဲ့ပါတယ်။

၂ မိနစ်လောက်အကြာ မိုက်ခရိုဝေ့ဖ်ထဲမှာ ကျယ်လောင်တဲ့ အသံကြားလိုက်ရပြီး သူက မိုက်ခရိုဝေ့ဖ် အဖုံးကို ဖွင့်လိုက်တဲ့အခါမှာ ပေါက်ကွဲစတွေ မီးဖိုချောင်တခုလုံး ပြန့်ကျဲအောင် လွှင့်စင်လာပြီး သူ့မျက်စိ ၂ ဘက်လည်း ပေါက်ကွဲစကြောင့် မီးစနဲ့အထိုးခံရသလို ပူလောင် နေတယ်လို့ ပြောပါတယ်။


ဆေးရုံရောက်တဲ့အခါ ဆရာဝန်က သူ့မျက်ခွံရော မျက်လုံးရော ၂ ဘက်လုံး ပြင်းထန်စွာ ဒဏ်ရာရတဲ့အတွက် ကွယ်သွားပြီလို့ ပြောပါတယ်။

ဒီလိုဖြစ်ရတဲ့အကြောင်းကတော့ ကြက်ဥကို ရိုးရိုးမီးဖိုနဲ့ ပြုတ်တဲ့အခါမှာ အပူချိန်တွေဟာ ပြင်ပကနေ အတွင်းသို့ စီးဝင်ပြီး မိုက်ခရိုဝေ့ဖ်နဲ့ ပြုတ်ရင်တော့ အဲဒါနဲ့ ဆန့်ကျင်ဘက် အပူချိန်တွေက အတွင်းပိုင်းကနေ အပြင်ကိုစီးထွက်တယ်လို့ ဆရာဝန်က ပြောပါတယ်။

မိုက်ခရိုဝေ.ဖ်ထဲက ကြက်ဥဟာ အတွင်းဘက်မှာ အပူရှိန်တွေ ပြင်းထန်လာပြီး သိပ်သည်းတဲ့ ကြက်ဥခွံကို ဖောက်ထွင်းဖို့ကြိုးစားတဲ့အတွက် ကြက်ဥခွံတုန်ခါလာကြောင်း၊ ဇလုံထဲမှာရှိတဲ့ ရေအပူချိန်လည်း မြင့်လာပြီး

" ပိုက်ဆံထုတ်၊ ငွေလဲတဲ့အခါ သတိထားတတ်ဖို့အတွက်..."

ငွေစက္ကုထုပ်အတွင်း ပိုက်ဆံအရွယ်ကဒ်ထူပြားတွေ ခုပြီးထုပ်ပိုးပေးလိုက်ပုံ
၂၆.၂.၂၀၁၆ ညနေ ၄:၃၀ နာရီအချိန်ခန့် မှာ သင်္ဃန်းကျွန်းမြို့နယ် ဇဝနလမ်းဆုံ ကမ္ဘောဇဘဏ်နဲ့ဘေးချင်းကပ်လျက် 
Money Changer မှာ ဒေါ်လာ၄၀၀၀ထောင် ဝင်ရောင်းတာ မြန်မာကျပ်ငွေကို စက်နဲရေပေးပါပြော တော့ အမဘဏ်အုပ်တွေပါပြောပေမယ့် ရေပေးပါဆိုလို့ အဲ့ဒီဆိုင်မှာ ယောက်ျားလေးနှစ်ယောက်မှာ တယောက်ကရေပြီး တယောက်ကရေ ထားတဲ့ပိုက်ဆံကို ကောင်တာအောက်က အိတ်ထဲထည့်ပေးပါတယ်။ ပိုက်ဆံထုတ်ယူနေတုန်း တယောက်က အပြင်ထွက်သွားတာ သတိထားမိတယ် ကိုယ်တွေလည်း ရှေ့မှာရေတွက်ထားတာကို ပြန်စစ်ရင် သူတပါးကိုမယုံသလို ဖြစ်ပြီး တဘက်လူကို အားနာစိတ်နဲ့ ယုံကြည်စွာနဲ့ပဲ သေချာမစစ်ဆေးဘဲ့ ချလံယူပြီးပြန်ခဲ့တယ်။

အိမ်ရောက်တော့လည်း အထုတ်အတိုင်းသိမ်းထားပြီး ၃ရက်နေ့ အိမ်ငှားတွေဆင်းလို့ စပေါ်ငွေပေးမယ်လုပ်မှ ၅၀၀၀တန်တအုပ်ကိုမသင်္ကာလို့ကြည့်မှ အပေါ်မှာ၁၈ရွက် အောက်မှာ ၂၂ရွက် ကြားထဲမှာ ကဒ်ထူ (အောက်ပုံပါအတိုင်း) တွေ့ရတော့တာပဲ ၃သိန်းလျော့နေတာကို သိလိုက်တော့ တော်တော်လေးစိတ်မကောင်းဖြစ်ပြီး ဝမ်းနည်းတယ် စိတ်လည်းတိုတယ် လူတွေဒီလောက်တောင် အကျင့်စာရိတ္တတွေပျက်နေကြပြီလားလို့ တွေးမိတယ် ရက်ကလည်းကြာသွားပြီ ပြန်မစစ်မိတဲ့ ကိုယ့်ပေါ့ဆမှုကို အပြစ်လို့ ခံယူပြီး သွားလည်းပြန်မပြောခဲ့ပါဘူး ဒီလူတွေ ကိုယ့်ပြုတဲ့ကံ သူထံပြန်လာမှာပဲဆိုပြီး ဖြေသိမ့်လိုက်ပါတယ်။

ယခု FB ပေါ်တင်ရတာက ကိုယ့်လိုနောက်လူတွေမခံစားရအောင် နမူနာယူစေချင်ပါတယ် ကျွန်မတို့ကို နမူနာယူပြီး

" အဓိက မြန်မာ့လုပ်ငန်းရှင်အချို့အကြောင်း "

မြန်မာနိုင်ငံ၏ အဓိက စီးပွားရေးကဏ္ဍများတွင် ဝင်ရောက်နေရာယူနိုင်ခဲ့သည့် ကုမ္ပဏီများ၏  လုပ်ငန်းရှင်သူဌေးအချို့အကြောင်း တစေ့တစောင်းကို ဖော်ပြအပ်ပါသည်။

ဦးဇော်ဇော်
အသက် - ၄၈
အဓိက လုပ်ငန်း - မက်စ်မြန်မာ ဂရု(ပ်) Max Myanmar Group
အဓိက လုပ်ငန်းအမျိုးအစားများ - ဘဏ်၊ ဟိုတယ်၊ ဆောက်လုပ်ရေး၊ လောင်စာဆီ၊ ကျောက်သံပတ္တမြားနှင့် ရာဘာလုပ်ငန်းများ
ဦးဇော်ဇော်သည် ဂျပန်နိုင်ငံတွင် အလုပ်လုပ်ခဲ့ပြီး ဂျပန်ဘတ်စ်ကားများ၊ ဆောက်လုပ်ရေးလုပ်ငန်းသုံး ပစ္စည်းများနှင့် ဂျင်နရေတာမီးစက်များ တင်သွင်းရန် မြန်မာနိုင်ငံကို ၁၉၉၃ ခုနှစ်က ပြန်ရောက်ခဲ့ပါတယ်။ လုပ်ငန်းအမျိုးအစားတွေက တဖြည်းဖြည်း ကျယ်ပြန့်လာခဲ့ပြီး နေပြည်တော်မှာ ဘောလုံးကွင်း ဆောက်လုပ်ပေးခဲ့ခြင်းအပါအဝင် စစ်အစိုးရနဲ့ နီးစပ်ခဲ့တဲ့အတွက် ဦးဇော်ဇော်ကို အမေရိကန်က နာမည်ပျက်စာရင်း သွင်းခဲ့ပါတယ်။ နောက်ပိုင်းမှာ ဦးဇော်ဇော်ဟာ ကလေးဆေးရုံများ တည်ဆောက်ခြင်း၊ ကျေးလက်ဒေသများမှာ ဆေးခန်းများ ဆောက်လုပ်ခြင်း၊ ရေဘေးသင့် ဧရာဝတီတိုင်းတွင် ကယ်ဆယ်ရေးလုပ်ငန်းများ လုပ်ဆောင်ခြင်းကဲ့သို့ လူမှုရေး ဖွံ့ဖြိုးတိုးတက်မှု စီမံကိန်းများကို ထောက်ပံ့ခြင်းဖြင့် ၎င်းနှင့် ၎င်း၏ ကုမ္ပဏီပုံရိပ်ကို နာမည်ဆိုးများမှ လွတ်မြောက်စေရန် ကြိုးပမ်းလုပ်ဆောင်ခဲ့ပါသည်။
ယနေ့အချိန်တွင် မက်စ်မြန်မာ ဂရု(ပ်) Max Myanmar Group ၏လုပ်ငန်းများထဲ၌ ပါဝင်လာခဲ့သော မက်စ်ဓာတ်ဆီဆိုင်များ၊ ရန်ကုန်မြို့မှာ အသစ်ဖွင့်လှစ်ထားသည့် နိုဗိုတယ် ဟိုတယ် Novotel Hotel နှင့် မွန်ပြည်နယ်မှ

" စိတ်ဖိစီးမှု ဖြေလျော့ဖို့ နည်းလမ်း ၁၁ သွယ် "

 
စိတ်ဖိစီးမှုဆိုတာ ကောင်းတဲ့ ခံစားမှုတစ်ခု မဟုတ်ပါဘူး။ ရုပ်ပိုင်းဆိုင်ရာမှာ ခေါင်းကိုက်ခြင်း၊ ဗိုက်အောင့်ခြင်းတို့လို လက္ခဏာတွေ ခံစားရနိုင်တဲ့အပြင် စိတ်ပိုင်းဆိုင်ရာမှာလဲ အထီးကျန်ခြင်း၊ အလုပ်မလုပ်နိုင်ခြင်း၊ စိတ်ကျခြင်းတို့လို ဝေဒနာတွေ ခံစားရနိုင်ပါတယ်။
လုပ်ငန်းရှင်တွေအတွက်ကတော့ စိတ်ဖိစီးမှုဆိုတာ အမြဲလိုလို ရှိနေမှာပါ။ စိတ်ဖိစီးမှုက သင့်ရဲ့ ဘဝကို စားသုံးမသွားရလေအောင် ကျွန်တော် ပေးချင်တဲ့ အကြံဉာဏ် ၁၁ ခု ရှိပါတယ်။ အဲဒါတွေကတော့
၁. ဘာက စိတ်ဖိစီးစေလဲ ဆိုတာ လေ့လာပါ
သင့်ကို ဘာတွေက စိတ်ဖိစီးစေလဲဆိုတာ လေ့လာပါ။ သင် ဘယ်လို အချိန်မှာ စိတ်ဖိစီးလဲ၊ စိတ်ဖိစီးရင် ဘာလုပ်မိလဲ ဆိုတဲ့ မေးခွန်းနှစ်ခုကို ဖြေကြည့်ရင် ဘာကြောင့်စိတ်ဖိစီးလဲဆိုတာ ပေါ်လာမှာပါ။ ဘာကြောင့် စိတ်ဖိစီးလဲ သိရရင် စာရင်းလုပ်ထားပြီး ထိပ်ဆုံးကဟာတွေကို ဖျောက်လို့ရရင်ဖျောက်နိုင်ဖို့၊ မရရင် စိတ်လျှော့ထားနိုင်ဖို့ ကြိုးစားကြည့်ပါ။
၂. ကျန်းမာအောင် နေထိုင်ပါ
လမ်းလျှောက်တာ၊ ယောဂကျင့်တာ၊ အဆီများတဲ့ အစားတွေ မစားတာ၊ ညဘက် ကောင်းကောင်းအိပ်တာ တို့လိုမျိုး သင့်ခန္ဓာကိုယ်ကို သင် ဂရုစိုက်ခြင်းဟာ စိတ်ဖိစီးမှု လျော့နည်းစေဖို့ အကောင်းဆုံး နည်းလမ်း တစ်ခုပါပဲ။
၃. စနစ်တကျ နေပါ
သင့်ရဲ့ ရုံးမှာဖြစ်ဖြစ်၊ အိမ်မှာပဲ ဖြစ်ဖြစ် စနစ်တကျနေပါ။ ဘာလို့လဲဆိုတော့ တစ်ခုခုကို အရေးတကြီးလိုက်ရှာနေရပြီး မတွေ့ရင် ဘယ်လောက် စိတ်အနှောင့်အယှက် ဖြစ်တယ်ဆိုတာ သိကြမှာပါ။
၎. အချိန် မဆွဲပါနဲ့
အချိန်ဆွဲသူတွေဟာ စိတ်ဖိစီးမှု ပိုများလေ့ ရှိပြီး ပိုပြီးနိမ့်ကျတဲ့ ဘဝမှာ နေတတ်ကြရပါတယ်။ အဲဒါကို ဖြေဖျောက်နိုင်ဖို့
Subscribe

လာလည်သူများ

free counters