♡♬ ရောရောသမမွှေ ဘလော့ဂ်မှ♪♪ ကြိုပါဆိုတယ်♪♪ မိတ်ဆွေများ ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့တော်မူကြပါစေ♬♡
Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

November 10, 2014

"တော်တော်တုံးတဲ့ခွေး"



ခွေးတစ်ကောင် အသားရောင်းတဲ့ဆိုင်တစ်ဆိုင်ထဲ ၀င်လာတယ်။ သူ့လည်ပင်းမှာ ပိုက်ဆံထည့်ထားတဲ့ ခွေးလည်ပတ်ကလေးပါတယ်။ ခွေးဟာ အသားရောင်းတဲ့ ဆိုင်ခန်းထဲ တည်တည်ငြိမ်ငြိမ်နဲ့ဝင်လာပြီး သူ့အလှည့်ရောက်သည်အထိ တန်းစီရင်း ထိုင်စောင့်နေတယ်။ အသားလာဝယ်တဲ့ လူတစ်ဦးက ဒီခွေးရဲ့  အပြုအမူတွေကို သတိထားမိလာတယ်။
အသားရောင်းသူက ကောင်တာကို ကျော်ကြည့်ပြီး ခွေးကို မေးလိုက်တယ် "ဒီနေ့ ဘာများဝယ်ချင်ပါသလဲ။" ခွေးက သူ့ရှေ့ လက်နဲ့ မှန်ဘီဒိုထဲက အမဲသား အသားကောင်းကောင်းလေး တွေကို ညွှန်ပြတယ်။ "ဘယ်နှပေါင်ယူမှာလဲဗျာ" လို အသားရောင်းသူက မေးတဲ့အခါ
"၀ုတ် ... ၀ုတ်" လို့ ဟောင်ပြတော့ ဆိုင်ရှင်က အမဲသား ၂ ပေါင် ချိန်ပေးလိုက်ပြီး အထုပ် တစ်ထုပ် ထုပ်လိုက်တယ်။
"နောက်ဘာလိုသေးလဲဗျာ။"
ဒီတစ်ခါခွေးက စဉ်းထားတဲ့ ၀က်သားတုံးတွေကို ပြတယ်။
အသားရောင်းသူက
"ဒါရော ဘယ်နှပေါင်လဲဗျ။"


"၀ုတ် ... ၀ုတ်...၀ုတ် ... ၀ုတ်"
၎ ခါဟောင်တဲ့ အတွက် ၄ ပေါင်ချိန်ပေးပြီး ထုပ်လိုက်တယ်။

ခွေးက ကောင်တာနောက်ဘက်လျှောက်သွားပြီး ပိုက်ဆံသွားရှင်းတယ်။ အသားရောင်းသူက ကျသင့်ငွေကို ယူပြီး အသားနှစ်ထုတ်ကို ခွေးလည်ပင်းမှာ ဆွဲပေးလိုက်တယ်။

ဒါကို အစအဆုံးစောင့်ကြည့်နေတဲ့ အသားလာဝယ်သူဟာ ဒီခွေးနောက် လိုက်ကြည့်ဖို့ ဆုံးဖြတ်လိုက်တယ်။ ခွေးနောက်လိုက်လာရင်း တိုက်ခန်းပေါင်းများစွာကိုကျော်လာပြီးတဲ့အခါ ခွေးဟာ အိမ်တစ်အိမ်ထဲဝင်သွားပြီး အိမ်ထဲကို ၀င်ဖို့အတွက် တံခါးဝကို ရှေ့ လက်နဲ့ သွားကုတ်တယ်။ ခွေးမွေးသူအိမ်ရှင် ထွက်လာပြီး တံခါးဖွင့်တော့ ခွေးကို လိုက်ကြည့်တဲ့ သူက
"တော်လိုက်တဲ့ခွေးဗျာ။" လို့ တအံ့တသြ ချီးကျူးစကားဆိုတယ်။
အဲဒီအခါအိမ်ရှင်က
"ဘယ်ကလာ တော်ရမှာလဲ။ ဒီခွေး ဒီတစ်ပတ်အတွင်း သော့မေ့ မေ့ပြီးသွားတာ ဒါနဲ့ဆို ၂ ခါရှိပြီ။"

Credit to 
စိုင်းခမ်းထွန်း blog
*****                                         *****                                         *****

No comments:

Subscribe

လာလည်သူများ

free counters