♡♬ ရောရောသမမွှေ ဘလော့ဂ်မှ♪♪ ကြိုပါဆိုတယ်♪♪ မိတ်ဆွေများ ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့တော်မူကြပါစေ♬♡
Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

November 9, 2014

"ဘ၀လမ်းပေါ်က အမှိုက်ကားများ (ဖေ့ဘုတ်ပေါ်က တွေ့ လို့ ပြန်ရှဲတာပါ)"


တစ်ရက် မှာ ကျွန်တော် ဟာ အရေးပေါ် ဧည့်သည် တစ်ယောက် ကြိုဖို့ ရှိတာနဲ့ လေဆိပ် ကို သွားဖို့ရာ အချိန် ကြာကြာ ကားမမောင်း ချင်တာ နဲ့ တက္ကစီ တစ်စီး ငှားဖို့ စိတ်ကူး လိုက်ပါတယ် .... ဒါနဲ့ အိမ်ရှေ့ အရောက် မှာ တက္ကစီ တစ်စီး ကျွန်တော့် ရှေ့လာ ရပ် တာ နဲ့ ကားပေါ် တက် လိုက် ပါ တယ်.. ကျွန်တော် ငှားစီး လာတဲ့ ကား ဆရာက ခပ်မှန်မှန် လေး နဲ့ ညာဘက် လမ်းကြောင်း အတိုင်း မောင်း လာ ပါတယ်.. လေဆိပ် သွားတဲ့ လမ်းဟာ လမ်းမကြီး ဖြစ်တာကြောင့် ယဉ်ကြော တွေက သူ့လမ်း နဲ့သူ အရှိန် နဲ့ မောင်းနေ ကြပါ တယ်။
အဲဒီ အချိန်မှာ ညာဘက် လမ်းကွေ့ တစ်ခုကနေ ကား အနက် တစ်စီးဟာ လမ်းရှင်း မရှင်း သေချာ မကြည့်ဘဲ အရှိန်နဲ့ မောင်းထွက် လာပါ တော့တယ် .. ကျွန်တော် တော့ တိုက်ပြီ
လို့ ပါးစပ် က အော်လိုက် မိပြီး မျက်စိ ကို စုံမှိတ် လိုက်မိပါ တယ် .. ဒါပေမဲ့ ကျွန်တော် မျက်လုံး ဖွင့်လိုက် ချိန်မှာတော့ ကျွန်တော် တို့ ကားဟာ လမ်းဘေး မှာ ရပ်နေ ပါပြီ။ တက္ကစီ မောင်းသူက ဘရိတ် ကို ဆောင့်နင်း ပစ်လိုက်ပြီး ကားလက်ကိုင် ကို လမ်းဘေး ဆွဲချ လိုက်တာ ကြောင့် ကျွန်တော် တို့ ကားဟာ တာရာ ပွတ်ဆွဲသံ အကျယ် ကြီး မြည်ပြီး လမ်းဘေး မှာ ထိုးရပ် သွားခဲ့ ပါတယ် .. ကျွန်တော် စီးလာတဲ့ ကား ဆရာရဲ့ ကျွန်းကျင်မှု နဲ့ သတိ ရှိမှု ကြောင့်သာ ယဉ်တိုက် မှု ဖြစ်မသွား ခဲ့ရတာပါ။ လမ်းကွေ့ က ထွက်လာတဲ့ ကားရဲ့ ဘေးကနေ ၀င်တိုက်ဖို့ ရော အနောက် က အရှိန် နဲ့ မောင်းလာတဲ့ ကားက ၀င်ဆောင့် တာကို ခံရဖို့ရော သီသီလေး လွတ်သွား ခဲ့ရပါတယ် ...

ကျွန်တော် ထင်တာက ကျွန်တော့် တက္ကစီ ဆရာတော့ ဟိုဘက် က ကားသမား ကို အော်ဟစ် တော့မယ် လို့ ထင် လိုက် ပါတယ် .. တကယ်တမ်း လမ်း စည်းကမ်း အရ ဆို လမ်းမကြီးပေါ်ကမောင်းလာတဲ့ ကျွန်တော်တို့ကားက အမှန်ပါ။ လမ်းသွယ်က ထွက်လာတဲ့ ကားတွေဟာ လမ်းမကြီးပေါ်မှာ ကားရှင်းမရှင်း အရင်ကြည့်ပြီးမှ ထွက်ရမှာ ဖြစ်ပါတယ် .... ဒါပေမဲ့ အခုကျ တော့ ပြောင်းပြန် ဗျာ ... လမ်းသွယ် က ထွက်လာတဲ့ ကားမောင်း သူက သူမှား မှန်း သိသိကြီး နဲ့ ကားထဲ ကနေ ခေါင်း ထွက်ပြီး ကျွန်တော့် စီးလာ တဲ့ တက္ကစီ သမား ကို အော်ဟစ် ကြိမ်းမောင်း ပါတော့တယ် .. ကျွန်တော် လည်း ကြည့်နေ ရင်း အတော် ကို ဒေါသ ထွက်သွား မိတယ် .... ဒါပေမဲ့ အံ့သြ စရာက တက္ကစီ မောင်း သူ က ဘာမှ ပြန်မ ပြောဘဲ ရင်းရင်း နှီးနှီး ပြုံးပြ လိုက်ပြီး လက်ကလေး တစ်ဖက် တောင် ဝှေ့ ရမ်းပြ လိုက် ပါသေးတယ် .. ကြည့်ရတာ တကယ့် ကို မိတ်ဆွေ တစ်ယောက် ကို နှုတ်ဆက် သလိုမျိုး ပါဘဲ ....

ဒါနဲ့ ကျွန်တော် လည်း ဘယ်လိုမှ မနေနိုင် တော့ဘဲ တက္ကစီ သမားကို “ခင်ဗျား သူနဲ့ အရင် ကတည်းက သိနေ တာလား” လို့ မေး လိုက်တော့ သူက “မသိ ပါဘူး .. တစ်ခါမှ မမြင်ဖူး ခဲ့ဘူး” လို့ ပြန်ပြော ပါတယ်။

“ဗျာ .. တစ်ခါ မှလည်း မမြင်ဖူး ဘူး ဟုတ်လား……… အံ့ရော ဗျို့ ခင်ဗျား ကိုတော့ .. ကိုယ့်ကား ကိုလည်း တိုက်မလို ဖြစ်အောင် သူ့ဘက် က လည်း မှားသေး တယ် သူ ကလဲ ပြန်အော် သွားသေး တယ် .. ဒီလိုလူ ကို ခင်ဗျား က စိတ်မဆိုး တဲ့ အပြင် မိတ်ဆွေ တွေလို တောင် နှုတ်ဆက် လက်ပြ လုပ် နိုင်သေး တယ် .. တကယ် ပါဘဲဗျာ .. ဟို ကားဆရာ လုပ်ပုံ က ကံကောင်း လို့ ကျုပ်တို့ ဆေးရုံ မရောက် တာ”

ကျွန်တော့် စကား အဆုံး မှာ တက္ကစီ မောင်းသူ က အပြုံးလေး တစ်ချက် နဲ့ ကျွန်တော့်ဘက် ကို လှည့်ကြည့် လိုက် ပြီး “ကျွန်တော် ကတော့ အမှိုက်ကား ဥပဒေ သ အတိုင်း ဘဲ သဘော ထား နေထိုင် တာပါ ဗျာ” လို့ ပြန်ပြော ပါတယ် ......

“ဗျာ …. အမှိုက်ကား ဥပဒေသ ဟုတ်လား …… ခင်ဗျား ဟာက အဆန်း ပါလား ဗျို့ .... ကျွန်တော် တော့ တစ်ခါ မှ ကို မကြားဖူး ပါဘူး .. လုပ်ပါဦး .. အဲဒီ အမှိုက် ကား ဥပဒေသ ကို ကျွန်တော် သိအောင် ရှင်းပြ ပါဦးဗျ ”

ကျွန်တော် က မေးလိုက် တော့ တက္ကစီ သမား ဟာ သူခံယူ ထား ပါတယ် ဆိုတဲ့ အမှိုက်ကား ဥပဒေသ ကို ကျွန်တော့် ကို ရှင်းပြ ပါတော့တယ်။

“လူတွေ တော်တော် များများ ဟာ အမှိုက် ကား တွေနဲ့ တူ တယ်ဗျ .. သူတို့ဟာ အမှိုက် တွေ အပြည့် တင်ဆောင် ပြီး လမ်းပေါ်မှာ မောင်းနှင် နေကြတယ် .. သူတို့ တင်ဆောင် ထားတဲ့ အမှိုက် တွေ က မပြေလည် မှုတွေ၊ ဒေါသ တွေ၊ စိတ်ပျက် တာတွေ၊ မာန တွေ၊ ဆိုတဲ့ အမှိုက်တွေ ဘဲ ဖြစ်တယ် .. အဲဒီလို စုံလင် လှတဲ့ အမှိုက်တွေ ကို ပြည့်လျှံ နေအောင် တင်ဆောင် လာတဲ့ သူတို့ရဲ့ ကားတွေ ဟာ ဒီ အမှိုက်တွေ ကို သွန်ချ ဖို့ နေရာ တစ်ခုခု တော့ လိုလိမ့် မယ်ဗျာ .. ဒီတော့ တစ်ခါ တစ်လေ မှာ အဲဒီ အမှိုက်တွေ ကို လမ်းမှာ မတော်တဆ တွေ့ မိတဲ့ ခင်ဗျား အပေါ် လဲ လာ သွန်ချ မိတတ် တယ် .. အဲဒီလို အမှိုက် တွေ ကို ခင်ဗျား ဆီ လာသွန်ချ ချိန်မှာ ခင်ဗျား က စိတ်တို ဒေါသ ထွက်ရင် သူတို့ ဆီက အမှိုက် တွေကို လက်ခံ ယူသလို မျိုး ဖြစ်သွား လိမ့်မယ် .. ပြီးတော့ တစ်ခါ အဲဒီ ဒေါသ အမှိုက်တွေ ကို ခင်ဗျား က သယ်ဆောင် သွားပြီး ခင်ဗျား ရဲ့ အလုပ်မှာ၊ အိမ်မှာ၊ လမ်း ပေါ်မှာ စတဲ့ ကိုယ့် အနီးအနား ကိုယ့် ၀န်းကျင် က လူတွေ ကို ပြန်သွန်ချ မိတတ် ပြန်ရော။ ဒီတော့ သူ တစ်ပါး ဆီက အမှိုက်တွေ ကို ခင်ဗျား က ပြန်ပြီး မသယ်ဆောင် သွားပါနဲ့။ မတော် တဆ လာ သွန်ချ မိတဲ့ သူတို့ကို အပြုံးလေး နဲ့သာ တုံ့ပြန် လိုက်ပါ။ လက်လေး သာ ပြလိုက် ပါ .... ပြီးရင် ခင်ဗျားလမ်း ကို ခင်ဗျား ဆက် သွား လိုက်ပါ … ဘ၀ ဟာ တိုတိုလေး ပါဗျာ .. ကိုယ် အသက်ရှင် နေထိုင် တဲ့ အချိန်တွေ မှာ အမှိုက်တွေ နဲ့တူတဲ့ ဒေါသ မာနတွေ၊ မကျေနပ် မုန်းတီးမှုတွေ၊ မနာလို ၀န်တို မှု တွေနဲ့ ပူလောင် မနေဘဲ အေးချမ်း ပျော်ရွှင်စွာ နဲ့ ကိုယ့်ရဲ့ အချိန် တွေ ကို ကုန်ဆုံး တာက အကောင်းဆုံး ပါဘဲ .. ဒါကြောင့် ကျွန်တော် ကျင့်သုံး ခံယူတဲ့ အမှိုက်ကား ဥပဒေသ က သူတစ်ပါး ဆီက အမှိုက် တွေ ကို လက်မခံ သလို၊ ကိုယ့်ဆီ က အမှိုက်တွေ ကိုလည်း သူတစ်ပါး ကို ပြန်ပြီး မသွန်ချ မိပါနဲ့ ... ဆိုတာ ပါဘဲ”
တက္ကစီ မောင်းသူ ရဲ့ စကား အဆုံး ကျွန်တော် ကိုယ့်ကိုယ် ကို တော်တော် ရှက်သွားခဲ့ မိ ပါတယ် .. သူပြောတာ သိပ်မှန် ပါလား .. ကျွန်တော် တို့ဟာ ကိုယ်တိုင် လည်း ဒေါသ၊ မောဟ အမှိုက်တွေ အပြည့် တင်ဆောင် ပြီး ဘ၀ လမ်း ပေါ်မှာ မောင်းနှင် နေသလို တစ်ခါ တစ်ရံ သူများ ဆီက အမှိုက် တွေပါ ကိုယ်က လက်ခံ လိုက်မိ သေးတယ်။ ခုန က ကားသမား ကို မကျေ မနပ် ဒေါသ တွေနဲ့ တုံ့ပြန် ပြောဆို လိုက်မိရင် ဟိုဘက် က လူက လည်း ပြန်လှန် ပြောဆိုရင်း မပြီးနိုင် မစီးနိုင် ဘဲ ကိုယ့်မှာ ဒေါသ တွေ ပိုပို ထွက်လာ ရဖို့သာ ရှိပါ တယ် … အဲဒီ ဒေါသတွေ ဟာ အလွယ် တကူ မပြေပျောက် နိုင်တော့ဘဲ ကိုယ့် အိမ်၊ ကိုယ့် လုပ်ငန်းခွင် တွေ ဆီ သယ်ယူ သွားခဲ့မိတဲ့ ခါ တစ်နေ့ တာ လုပ်ငန်းခွင် မှာ ရော အိမ်မှာ ပါ အဆင် မပြေ နိုင်တော့ ဘဲ ထစ်ခနဲ ဆို အစောက ဒေါသ ထွက်ထား တဲ့အရှိန်နဲ့ ဘယ်သူ့ ကိုမှ အကောင်း မမြင်နိုင် တော့ဘဲ စိတ် တို ဒေါသ ထွက် ဖို့ သာ အဆင်သင့် ဖြစ်နေ တတ် ပါတယ် .. ဒါဟာ ကျွန်တော် တို့ တကယ် ကြုံတွေ့ ရတတ်တဲ့ အမှန်တရား တစ်ခု ပါ။ တက္ကစီ သမား ရဲ့ အမှိုက် ကား ဥပဒေ သ ဟာ သိပ် ကောင်းမွန် တဲ့ ဥပဒေ သ လေး ပါဘဲ။ လေးစား လိုက်နာ သင့်တယ် လို့ ကျွန်တော် ယုံကြည် ပါတယ် .. ကိုယ့် ကို ဒေါသတွေ နဲ့ ဆက်ဆံ လာတဲ့သူ ကို တန်ပြန် ဒေါသ တွေ နဲ့ မတုံ့ ပြန် ဘဲ အေးချမ်း တဲ့ အပြုံး လေး နဲ့ တုံ့ပြန် လိုက်မယ် ဆို ရင် တစ်ဖက်က ဒေါသတကြီး ဖြစ်နေသူ လည်း ဒေါသ အရှိန်တွေ လျော့ သွား မှာ ဖြစ် သလို ကိုယ်တိုင် လည်း သူ့ရဲ့ ဒေါသ တွေ ကူးစက် ခြင်း မခံ ရတော့ ဘဲ အေးချမ်း တဲ့စိတ်ကလေး နဲ့ ဆက်ပြီး နေသွား နိုင်မှာ ဖြစ်ပါ တယ် .. လူတိုင်း ဒီလိုသာ နေနိုင် မယ် ဆိုရင် ကမ္ဘာကြီး ပေါ်က ပူလောင် နေ တဲ့ လူသား တွေ ရဲ့ ဒေါသ တွေ လျော့ကျ သွားနိုင် မယ် လို့ ယုံကြည် မိပါတယ် ဗျာ။

David J. Pollay ရဲ့ The Law of the Garbage Truck ကို နှစ်ခြိုက် မိသဖြင့် မိမိ ကိုယ်တိုင် ဆင်ခြင် ဖတ်ရှု နိုင်ဖို့ ဘာသာ ပြန်ပါသည်။

ချော ( အစိမ်းရောင်လွင် ပြင် )
***********
Credit to      မြန်မာသူငယ်ချင်းများအဖွဲ့ 
 *****    *****       *****
 ကျေးဇူးတင်ပါတယ်......

No comments:

Subscribe

လာလည်သူများ

free counters