♡♬ ရောရောသမမွှေ ဘလော့ဂ်မှ♪♪ ကြိုပါဆိုတယ်♪♪ မိတ်ဆွေများ ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့တော်မူကြပါစေ♬♡
Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

November 15, 2014

"အမှိုက်သရိုက်တွေရဲ့ သမိုင်းကြောင်း"

ဒိုင်နိုဆောခေတ်က အမှိုက်သရိုက်ဆိုတာမျိုး မရှိခဲ့ပါဘူး။ အရာရာတိုင်းက ကမ္တွာမြေကြီးဆီကို တစ်နည်းနည်းနဲ့ ပြန်ရောက် သွားကြပါတယ်။ သဘာဝတရားကြီးက ပြုန်းတီးမသွားပါဘူး။ လူသားတွေကသာ အမှိုက်တွေကို တစ်စတစ်စ ဖန်တီး တာဖြစ်ပါတယ်။ ရှေးခေတ်ကဆိုရင် လူတွေက ပစ္စည်းအဟောင်းတွေကို ပြန်အသုံးပြုဖို့ နည်းလမ်းတွေကို ရှာဖွေကြ ပါတယ်။ အခုချိန်မှာတော့ စွန့်ပစ်နိုင်တဲ့ပစ္စည်းတွေ တီထွင်လာတယ်ဆိုတာ အလွယ်တကူ လွှင့်ပစ်နိုင်တယ်လို့ဆိုလိုတာပါ။ ဒါကြောင့် အမှိုက်သရိုက်တွေ တီထွင်ဖြစ်ခဲ့တဲ့ အတိတ်ကို ခြေရာခံကြည့်ရအောင်ပါ။

လွန်ခဲ့တဲ့ နှစ်ပေါင်း ၆၅ သန်းက ဒိုင်နို ဆောတွေ ပျောက်ကွယ်ခဲ့ပြီး သစ်တော တွေက ရေအောက်မှာ
နစ်မြုပ်ကုန်တယ်။ ရေသတ္တ၀ါတွေ သေဆုံးပြီး ရေအောက်ခြေ ကို ရောက်တယ်။ သူတို့ရဲ့ အကြွင်းအကျန် တွေက ဆီ၊ကျောက်မီးသွေးနဲ့ ဂက်စ်တွေ အဖြစ် ပြောင်းကုန်တယ်။

၁၀,၀၀၀ ဘီစီက လူတွေက အတည်တကျ နေထိုင်နိုင်ဖို့ ထူထောင်လာကြပြီး အ မှိုက်သရိုက်တွေ စတင် ဖြစ်လာပါတော့ တယ်။
၃ç၀၀၀ ဘီစီရောက်တော့ Crete က Kno- ssos မှာ ကမ္ဘာ့ပထမဆုံး အမှိုက်နဲ့ မြေဖို့ တာကို မှတ်တမ်းတင်ထားပါတယ်။

၂၂၀ အေဒီမှာ ရောမလူမျိုးတွေဟာ အ မှိုက်တွေကို သိမ်းဆည်းတဲ့ ပထမဆုံး လူ မျိုးတွေ ဖြစ်လာပါတယ်။ လူနှစ်ယောက်ပါ တဲ့အဖွဲ့ဟာ လမ်းပေါ်မှာ လျောက်သွားပြီး လေးဘီးတပ်လှည်းနဲ့ အမှိုက်တွေ လိုက် သိမ်းပါတယ်။

၁၃၅၄ ခုနှစ်မှာ လန်ဒန်မြို့က လူတွေ ဟာ အမှိုက်တွေကိုစတင်ပြီး တစ်နေရာ မှာ စုပုံတတ်လာပါတယ်။ ဒါပေမဲ့ သူ တို့လာပုံတဲ့ အမှိုက်တွေဟာ အော်ဂဲနစ် အမှိုက်တွေသာ ဖြစ်ပါတယ်။
၁၃၈၈ ခုနှစ်မှာ အင်္ဂလန်က အမှိုက်တွေ ကို မြစ်၊ တူးမြောင်းနဲ့ လမ်းဘေး ရေ မြောင်းတွေထဲ စွန့်ပစ်တာကို တားမြစ်တဲ့ ဥပဒေထုတ်ပြန်ခဲ့ပါတယ်။

၁၄၀၀ ပြည့်နှစ်မှာ ပဲရစ်မြို့ရဲ့ မြို့ရိုးတံခါး အပြင်ဘက်မှာ အမှိုက်ပုံအကြီးကြီး လုပ် ထားပြီး မြို့အကာအကွယ်အဖြစ် သုံးခဲ့ ကြပါတယ်။
၁၅၅၁ ခုနှစ်မှာ ထုပ်ပိုးမှုကို စတင်ပြု လုပ်ခဲ့ပါတယ်။ ဂျာမန်လူမျိုး စက္ကူ ထုတ် လုပ်သူ Andreas Ber nhart က သူ့ရဲ့ စက္ကူတွေကိုထုပ်ပိုးပြီး သူ့နာမည်ကို တံ ဆိပ်တပ်ခဲ့ပါတယ်။

၁၆၉၀ ပြည့်နှစ်မှာ အမေရိကန်က ပထမ ဆုံးစက္ကူစက်ရုံကို Phi ladelphia မှာ ဖွင့် လှစ် ခဲ့ပါတယ်။ ၀ါ၊ ပိတ်စနဲ့ အသုံးပြုပြီး သားစက္ကူတွေကနေ စက္ကူပြန်ထုတ်တာ ပါ။

၁၇၀၀ ပြည့်နှစ်တွေက စက်မှုတော်လှန် ရေးဖြစ်ပွားပြီး တီထွင်ဖန်တီးမှုတွေ အ လျင်အမြန် တိုးပွားလာပါတယ်။ အကျိုး ဆက်အနေနဲ့ အမှိုက်တွေလည်း ပိုပြီး တိုး ပွားလာပါတယ်။ အဲဒီကနေ ဒီနေ့ ကြုံ တွေ့ရတဲ့ အမှိုက်ပြဿနာတွေ စတင်ခဲ့ပါ တယ်။

၁၈၃၄ ခုနှစ်က အမေရိကန်နိုင်ငံ၊ ဗာဂျီးနီး ယားပြည်နယ်မှာ လင်းတငှက်တွေကို အ မဲ ပစ်တာကနေ ကာကွယ်ထားပါတယ်။

အကြောင်းကတော့ လင်းတငှက်တွေက လူတွေ လွှင့်ပစ်တဲ့ အမှိုက်တွေကို စား သောက်ပေးလို့ပါ။

၁၈၈၅ ခုနှစ်က အမေရိကန်နိုင်ငံ၊ နယူး ယောက်ပြည်နယ်မှာ ကမ္ဘာ့ပထမဆုံး အမှိုက်မီးရှို့စက်ကို တည်ဆောက်ခဲ့ပါ တယ်။

၁၈၉၅ ခုနှစ်မှာGillette ကုမ္ပဏီက လွှင့်ပစ်လို့ရတဲ့ ဓားသွားနဲ့ ဘလိတ်ဓားကို တီထွင်ခဲ့ပါတယ်။

၁၈၉၈ ခုနှစ်က နယူးယောက်မှာ ပထမ ဆုံးအမှိုက်တွေကို ပြန်လည် အသုံးပြု လို့ရအောင် လုပ်တဲ့စက်ရုံကို ဖွင့်လှစ်ခဲ့ပါ တယ်။

၁၉၀၇ ခုနှစ်မှာ စက်ရုံတွေက အိမ်သာ သုံးစက္ကူလိပ် ထုတ်လုပ်ရာကနေ မမျော် လင့်ဘဲ စက္ကူတာဝါကို တီထွင်ဖြစ်ခဲ့ တယ်။

၁၉၁၂ ခုနှစ်မှာ ဆွိစ်ဓာတုပညာရှင်Dr Jacques Brandenberger က Cellophane ကို တီထွင်ခဲ့ပြီး ပလတ်စတစ်နဲ့ထုပ်ပိုးဖို့ အားပေးခဲ့ပါတယ်။

၁၉၁၆ ခုနှစ်မှာ ဆီစိမ်စက္ကူသုံးပြီး ပေါင် မုန့်နဲ့ ဃနမနေူ ဘူးတွေကို ထုပ်ပိုးတာ စ တင်ခဲ့ပါတယ်။

၁၉၂၄ ခုနှစ်မှာ အ၀တ်လက်ကိုင်ပ၀ါ သုံးမယ့်အစား သယ်ဆောင်အသုံးပြုရ လွယ်ကူတဲ့ Kleenex တံဆိပ်တစ်သျူးကို ပိုပြီး အသုံးပြုလာကြပါတယ်။

၁၉၃၀ပြည့်နှစ်တွေမှာ Petroleum က ထုတ်လုပ်တဲ့ ဓာတုဓာတ်ပါတဲ့ ပလတ် စတစ်တွေကို ပြုလုပ်ခဲ့ပါတယ်။

၁၉၄၄ ခုနှစ်ကှStyrofoam (ဖော့)ကို တီထွင်ခဲ့ပါတယ်။

၁၉၅၀ ပြည့်နှစ်က အလွယ်တကူ စားသုံး နိုင်တဲ့ အစားအသောက်တွေ (ရေခဲရိုက်၊ စည်သွတ်၊ အခြောက်ခံ၊ ဘူးထဲထည့်၊ အစရှိတဲ့) ပေါများလာပြီး စားသောက်ပြီး လွှင့်ပစ်တဲ့အခွံတွေ ပိုများလာပါတယ်။

၁၉၇၀ ပြည့်နှစ်ကUS မှာ ပထမဆုံး Earth Day ကို ကျင်းပခဲ့ပါတယ်။

၁၉၆၀ ပြည့်နှစ်မှာ Polystyrene Cup (ဖော့ခွက်) ကို ပြုလုပ်ခဲ့ပါတယ်။ အပူ သောက်သုံးတဲ့အခါ လက်ပူမှာကို စိုးရိမ် စရာ မလိုတော့ပါဘူး။

၁၉၇၇ ခုနှစ်က အ ချိုရည်ထည့်ရာမှာ ဖန်ပုလင်းအစား ပ လတ်စတစ်ပုလင်း ကို အစားထိုးပြီး သုံး လာပါတယ်။

၁၉၉၀ ပြည့်နှစ်က Mc Donald က သူ့ရဲ့အစားအစာတွေ ထုပ်ပိုးရာမှာStyrofoam ကို မသုံးတော့ဘူးလို့ ကြေညာ ခဲ့ပါတယ်။
Credit to  Lifestylemagazine

No comments:

Subscribe

လာလည်သူများ

free counters