♡♬ ရောရောသမမွှေ ဘလော့ဂ်မှ♪♪ ကြိုပါဆိုတယ်♪♪ မိတ်ဆွေများ ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့တော်မူကြပါစေ♬♡
Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

November 12, 2014

"သံပရာရည် သောက်တဲ့ ကျန်းမာရေး အကျိုး ၁၀ မျိုး"


aaa(၁) အစာကြေစေတယ်
သံပရာသီးကို အရည် ညှစ်ပြီး ရေနွေး ပူပူလေး ထဲ ထည့်သောက် ပေးပါက အစာ မကြေတဲ့ ပြဿနာ များစွာကို ပြေလည် သွားနိုင် ပါတယ်။ ပျို့ချင် အန်ချင် ဖြစ်ခြင်း၊ ရင်ပူခြင်းနှင့် ကပ်ပါး ကောင်ပိုးတွေ ရှိခြင်း စတဲ့ ပြဿနာ တွေကိုပါ သက်သာ စေတယ်။ သံပရာသီး လတ်လတ် ဆတ်ဆတ်ကို အရည် ညှစ်ကာ မှန်မှန် ဖျော် သောက်ပါက အစာအိမ်၊ အူလမ်းကြောင်း သန့် ရှင်း စေတယ်။ ဒါ့အပြင် ဗီတာမင် C ဓာတ် ကြွယ်ဝလို့ သွေးသန့်ရှင်းစေ ပါတယ်။ ဝမ်းမချုပ် စေပါ။ ကြို့ထိုး နေရင် သံပရာ ဖျော်ရည်

ချက်ချင်း ဖျော်သောက်ပါက သက်သာ စေတယ်။ သံပရာ သီးဟာ အသည်းအားဆေး တစ်မျိုး ဖြစ်သလို၊ အစာကြေစေတဲ့ သည်းခြေရည် ပိုမို ထုတ်လုပ်ရန် ကူညီ ပါတယ်။ သည်းခြေ ကျောက်ကို ကြေစေ ပါတယ်။ သလိပ် ကြေစေ ပါတယ်။
(၂) အသားအရေ ကြည်လင် စေတယ်
သဘာဝ ပိုးသန့်ဆေး တစ်မျိုး ဖြစ်ပြီး အရေပြား ပြဿနာ များစွာ ကုသရာမှာ ကူညီတယ်။ သံပရာရည် မှန်မှန် သောက်ရင် အသားအရေ လှပ ကြည်လင် ဝင်းလက် တောက်ပြောင် စေတယ်။ ဗီတာမင် C ကြွယ်ဝလို့ လူကို နုပျို စေတယ်။ နေ့စဉ် သောက်ပါက သင်ဟာ အခြား သူတွေရဲ့ အသားအရေနှင့်မတူ ထူးထူး ခြားခြား လှပ စိုလက် နေတာ မြင်တွေ့ ရလိမ့်မယ်။ အရေး အကြောင်း လျော့နည်းစေတယ်။ အမာရွတ်ကို နေ့စဉ် သံပရာရည်ဖြင့် လိမ်းပေးက အမာရွတ် မှိန်လာ လိမ့်မယ်။
(၃) သွားနှင့် ခံတွင်း ကျန်းမာစေတယ်
သွားကိုက် ပါက သံပရာရည်ညှစ်ပြီး ကိုက်တဲ့သွားထဲ ထည့်ပေးရင် ကိုက်ခဲရောင်ရမ်းတာ သက်သာ ပါလိမ့်မယ်။ သံပရာသီး ဖျော်ရည် မှန်မှန် သောက်ရင် သွားဖုံး သွေးယို တာတောင် ပျောက်ပါတယ်။ ခံတွင်း ရနံ့ ကောင်းစေတယ်။
(၄) လည်ချောင်းနာတာ သက်သာစေတယ်
လည်ချောင်းနာ၊ ခံတွင်း ရောင်ရမ်းကာ အသံမထွက်၊ အသံဝင်သွားပါက သံပရာသီး ဖျော်ရည် သို့မဟုတ် သံပရာသီးနဲ့ ပျားရည်ကို လျက်ပေး ပါက လည်ချောင်းနာ သက်သာစေ ပါတယ်။ အာသီး ရောင်ရမ်းခြင်း ရှိပါကလည်း သံပရာရည် ညှစ်သောက် လိုက်ပါ။
(၅) ကိုယ်အလေးချိန် ကျစေရန် အကောင်းဆုံးပဲ
သံပရာ ဖျော်ရည် မှန်မှန်သောက်ပါက ကိုယ်အလေးချိန် မြန်မြန်ကျစေ ပါတယ်။ နံနက်ခင်းမှာ ရေနွေးနွေး လေးတွင် သံပရာသီးညှစ်ကာ မှန်မှန် သောက်ပေးခြင်းဖြင့် ကိုယ်အလေးချိန် ချပေး နိုင်ပါတယ်။ သကြားမပါရင် ကယ်လိုရီ ဖရီး ဖြစ်တယ်။
(၆) သွေးတိုးရောဂါ ကာကွယ်ထားမယ်
သွေးတိုး ရောဂါနှင့် နှလုံး ရောဂါ ကာကွယ်ရန် အကောင်းဆုံးမှာ သံပရာရည် သောက်ပေးခြင်း ဖြစ်တယ်။ သံပရာရည်ထဲမှာ K ပိုတက်စီယမ် သတ္တုဓာတ်ဆား မြင့်မားစွာ ပါဝင်တယ်။ ဒါကြောင့် သွေးပေါင်ချိန် တက်ခြင်း၊ ခေါင်းမူးခြင်း၊ ကယောင် ချောက်ချား ဖြစ်ခြင်း တို့ကို မဖြစ်စေပါ။ စိတ်ရော လူကိုပါ အေးဆေး ငြိမ်သက်စေ ပါတယ်။
(၇) အသက်ရှု လမ်းကြောင်း ရောဂါများ ကုသရာတွင် ကူညီတယ်
ချောင်းဆိုး၊ သလိပ်ထွက်၊ လည်ချောင်းနာ စတဲ့ အသက်ရှူ လမ်းကြောင်း တစ်လျှောက် ရောင်ရမ်း ခြင်းကြောင့် နာကျင် ကိုက်ခဲခြင်း များကို သက်သာ ပျောက်ကင်းစေ ပါတယ်။ အဖျား ရှိပါက သံပရာရည် များများ သောက်ရင် အဖျား ကျပါတယ်။ သကြား မထည့်ပါနှင့်။
(၈) ရူမက်တစ် အကိုက်အခဲများ ကုသရန် ကောင်းမွန်တယ်
အဆစ်အမျက် ကိုက်ခဲပါက သံပရာရည် ညှစ်သောက်ရင် အရောင်အရမ်း ကျကာ နာကျင်ကိုက်ခဲမှုကို သက်သာစေ ပါတယ်။ ခန္ဓာကိုယ်ထဲက ဗက်တီးရီးယားများနှင့် အဆိပ် အတောက် များကို ရေဆေး ကြောလိုက် သလို ဖယ်ထုတ်ပစ် နိုင်တယ်။
(၉) အဖျားကျစေတယ်
ကိုယ်အပူချိန် ၁၀၃- ၁၀၄ ဒီဂရီ ဖာရင်ဟိုက် အထိ တက်ပါက သံပရာရည် များများ သောက်ပါ။ ချွေးထွက်ပြီး အဖျား ကျစေတယ်။
(၁၀) သွေးသန့်စေတယ်
ကာလဝမ်းရောဂါ၊ ငှက်ဖျား ရောဂါ ဖြစ်ပွားသူများ သံပရာဖျော်ရည် သောက်ခြင်းဖြင့် အူရောင်ခြင်းနှင့် တစ်သျှူးများ ရောင်ရမ်းခြင်း သက်သာ စေသလို၊ သွေးသန့် အောင်လည်း လုပ်ပေး နိုင်တယ်။
အပိုဆုကြေး
သံပရာသီးမှာ အင်တီ အောက်စီးဒင့်များနှင့် ဗီတာမင် C ကြွယ်ဝလို့ မကောင်းတဲ့ ဖရီးရယ်ဒီကယ်လ် များကို ခန္ဓာကိုယ်ထဲက ဖယ်ထုတ် သန့်စင်ပေး ပါတယ်။ အရက်နာ ကျလျှင် သံပရာ ဖျော်ရည် သောက်ပါက အကောင်းဆုံး ကုထုံး ဖြစ်တယ်။


Credit to Health Digest News Journal
Credit to http://www.enjoy.net.mm
*****                                                   *****                                           *****

No comments:

Subscribe

လာလည်သူများ

free counters