♡♬ ရောရောသမမွှေ ဘလော့ဂ်မှ♪♪ ကြိုပါဆိုတယ်♪♪ မိတ်ဆွေများ ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့တော်မူကြပါစေ♬♡
Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

November 13, 2014

ရန်ကုန်- မန္တလေး အ မြန် လမ်း မ ကြီး ပေါ် တွင် ယာဉ်တစ်စီးနှင့် တစ်စီး ကျော်တက် မောင်းနှင်ရာမှ လေးခွနှင့် ပစ်ခတ်မှု ဖြစ်ပွား

ယမန်နေ့ နံနက် ၃နာရီ ၁ဝမိနစ်က ကျောက်တံခါးမြို့နယ် မြို့ချောင်း အမြန်လမ်း ရဲစခန်းအပိုင် ရန်ကုန်- မန္တလေး အမြန်လမ်း မိုင်တိုင် အမှတ် ၈၄/ဝ အနီး၌ ယာဉ်တစ် စီးအား လေးခွနှင့် ပစ်ခတ်ခံရမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ နေပြည်တော်မှ ရန်ကုန်သို့ ယာဉ်မောင်း ချမ်းလင်းနောင် (ဘ) ဦးဟန်ဝင်းအောင်၊ ပြည်တော်သာ (၈)လမ်း လှည်းကူးမြို့နယ် ရန်ကုန်တိုင်း ဒေသကြီး နေသူ မောင်းနှင်ပြီး ခရီးသည် ၂၇ ဦးလိုက်ပါလာသော ၆ဃ/.... ယူတုန်း အမျိုးအစား GI Group မှန်လုံယာဉ်မှာ အမြန်လမ်းအတိုင်း မောင်းနှင်လာစဉ် မိုင်တိုင် အမှတ်၈၆/၅ အနီး အရောက် ၎င်းယာဉ်အား နံပါတ်မမှတ်မိ ALPHARD အဖြူရောင် ယာဉ်တစ်စီးမှ ကျော်တက် မောင်းနှင်သွားခဲ့ပြီး မိုင်တိုင်အမှတ် ၈၄/ဝ အနီးအရောက်၌ ၎င်းယာဉ်မှာ လမ်းယာဘက်စပ်၌ ရပ်၍ ယာဉ်ပေါ်ရှိ အမည်မသိ လူတစ်ဦးမှ လေးခွဖြင့် ပစ်ခတ်သဖြင့် ယာဉ်၏ ယာဘက်ခြမ်း ထိုင်ခုံအမှတ် (၃)၏ အထက်မှန်အား ထိမှန်ကာ အက်ကွဲသွားခဲ့ပြီး ခရီးသည်များ ထိခိုက် ဒဏ်ရာရရှိမှု မရှိခဲ့ကြောင်း သိရသည်။

ထို့နောက် GI Group မှန်လံယာဉ်မှ ရပ်ရန်အတွက် လမ်းဘေးသို့ချပြီး အရှိန်လျှော့၍ မောင်းနှင်စဉ် ALPHARD ယာဉ်မှ မှန်လုံယာဉ်အားကျော် တက် မောင်းနှင် ပြီးနောက် လေးခွဖြင့် ဒုတိယအကြိမ် ထပ်မံ ပစ်ခတ်သဖြင့် GI Group ယာဉ်မောင်း၏ ဝဲဘက်ခြမ်း တံခါးမှန်အား ထိမှန် ပေါက်ထွက်ခဲ့ပြီး ALPHARD ယာဉ်မှာ မောင်းနှင် ထွက်ပြေး သွားခဲ့ကြောင်း၊ လေးခွနှင့် ပစ်ခတ်မှုကြောင့်း GI Group မှန်လုံယာဉ်၏ ဝဲ/ယာ ဘေးမှန်နှစ်ချပ် ကွဲအက်သွားခဲ့ပြီး ကာလ တန်ဖိုးငွေကျပ် ၁ဝ သိန်းခန့် ပျက်စီးဆုံးရှုံး ခဲ့သဖြင့် မြို့ချောင်း အမြန် လမ်းရဲစခန်း(ပ)၁၄/၂ဝ၁၄၊ ပြစ်မှုပုဒ်မ ၂၇၉-က/၄၄ဝ ဖြင့် အမှုဖွင့် အရေးယူဆောင် ရွက်ခဲ့ပြီး ရဲအုပ် ဇေယျာမျိုးမှ စစ်ဆေး ဆောင်ရွက်လျက် ရှိကြောင်း အမြန်လမ်း ရဲတပ်ဖွဲ့မှ သတင်း ရရှိသည်။

မြ၀တီ





No comments:

Subscribe

လာလည်သူများ

free counters