♡♬ ရောရောသမမွှေ ဘလော့ဂ်မှ♪♪ ကြိုပါဆိုတယ်♪♪ မိတ်ဆွေများ ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့တော်မူကြပါစေ♬♡
Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

November 14, 2014

"အမျိုးသား ပညာရေးဥပဒေကို သပိတ်မှောက်"

မနေ့ကကျင်းပခဲ့တဲ့ နိုင်ငံလုံးဆိုင်ရာ ကျောင်းသားထု အရေးပေါ် အစည်းအဝေးက အမျိုးသား ပညာရေးဥပဒေကို သပိတ်မှောက်ဖို့ ဆုံးဖြတ်ခဲ့ပြီး ဒီနေ့နေလယ်ပိုင်းက ရန်ကုန် ဘူတာကြီးရှေ့ကနေ မြို့တော်ခန်းမရှေ့အထိ လမ်းလျှောက်ဆန္ဒပြခဲ့ကြပါတယ်။

လွှတ်တော်ကအတည်ပြုလိုက်တဲ့ အမျိုးသားပညာရေး ဥပဒေဟာ ပြည်သူတွေနဲ့ ကျောင်းသားတွေ သဘောဆန္ဒမပါပဲ အတည်ပြုခဲ့တာဖြစ်တဲ့အတွက် ဖျက်သိမ်းပေးဖို့ တောင်းဆို တာဖြစ်ကြောင်း ကျောင်းသားတွေက ပြောပါတယ်။


ဒီနေ့ဆန္ဒပြပွဲမှာ ကျောင်းသားသမဂ္ဂ လွတ်လပ်စွာ ဖွဲ့စည်းခွင့်ရရှိရေး၊ ဒီမိုကရေစီပညာရေးရရှိရေးနဲ့ ပြည်သူနဲ့ကျောင်းသားတွေကို အခြေမခံတဲ့ အမျိုးသားပညာရေးဥပဒေ အလိုမရှိစတဲ့ ကြွေးကြော်ခဲ့ကြပါတယ်။

အမျိုးသားပညာရေးဥပဒေကို ဆန့်ကျင်ကန့်ကွက်သွားဖို့ အဖွဲ့ဝင် ၁၅ ဦးပါတဲ့ ဒီမိုကရေစီပညာရေးလှုပ်ရှားမှု ဦးဆောင်ကော်မတီကို ဗကသကအဖွဲ့ဝင် ၆ ဦး၊ တကသက ၆ ဦး၊ မြေလတ်ဒေသက ကျောင်းသားခေါင်းဆောင် ၃ ဦးတို့နဲ့ ဖွဲ့စည်းခဲ့ပါတယ်။

RFA Burmese
https://www.facebook.com/pages/RFA-Burmese/39218993127
Photo: Kyaw Lwin Oo/RFA

No comments:

Subscribe

လာလည်သူများ

free counters