♡♬ ရောရောသမမွှေ ဘလော့ဂ်မှ♪♪ ကြိုပါဆိုတယ်♪♪ မိတ်ဆွေများ ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့တော်မူကြပါစေ♬♡
Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

November 14, 2014

''ဒို့ညီနောင်'' မှန်လုံယာဉ် အမြန်လမ်းပေါ်မှာယာဉ်ဝဲဘက်ရှေ့ဘီးပွင့်ထွက်ပြီး အရှိန်မထိန်းနိုင်ဘဲ လမ်းလယ်ကျွန်း ကပ်တုံးများအား ဝင်ရောက်တိုက်မိ"

နေပြည်တော်၊ နိုဝင်ဘာ ၁၃

၂ဝ၁၄ ခုနှစ်၊ နိုဝင်ဘာလ ၁၁ ရက်နေ့ နံနက် ၁ နာရီ ၁၅ မိနစ်အချိန် ပဲခူးတိုင်းဒေသကြီး၊ ရေတာရှည်မြို့နယ်၊ ရန်ကုန်- မန္တလေး အမြန်လမ်း၊ မိုင်တိုင်အမှတ်(၁၆၂/၄-၅)ကြားတွင် ယာဉ်တိုက်မှု ဖြစ်ပွားကြောင်းသတင်းအရ သာဂရ အမြန်လမ်း ရဲစခန်းမှ တပ်ဖွဲ့ဝင်များ၊ အမြန်လမ်းမီးသတ်တပ်ဖွဲ့မှ တပ်ဖွဲ့ဝင် များက သက်သေများနှင့်အတူ သွားရောက် စစ်ဆေးခဲ့သည်။

စစ်ဆေးချက်အရ ရန်ကုန်မှ တောင်ကြီးသို့ ရှမ်းပြည်နယ်၊ တောင်ကြီးမြို့၊ ပြည်တော်သာရပ်ကွက်နေ စိုင်းဝင်းနိုင်(၄၄)နှစ်မောင်းနှင်လာသော 7F/**** ''ဒို့ညီနောင်''ခရီးသည်တင်မှန်လုံယာဉ်မှာ ဝဲဘက်ရှေ့ဘီးပွင့်ထွက်ပြီး အရှိန်မထိန်းနိုင်ဘဲ လမ်းလယ်ကျွန်းကပ်တုံးများအား ဝင်ရောက်တိုက်မိခဲ့ကြောင်း သိရှိရသည်။

ယာဉ်တိုက်မှုကြောင့် ယာဉ်ပေါ်ပါ ခရီးသည်များ ထိခိုက်ဒဏ်ရာရရှိမှုမရှိဘဲ ယာဉ်မှာဝဲဘက်ရှေ့မီးသီးကွဲ၊ ဘော်ဒီဝဲဘက်ခြမ်းပိန်ချိုင့် ပျက်စီး၍ တန်ဘိုးငွေကျပ်သိန်း(၂ဝ)ခန့် ပျက်စီးဆုံးရှုံးခဲ့သောကြောင့် စိုင်းဝင်းနိုင်အား သာဂရအမြန်လမ်း ရဲစခန်း ယာဉ်(ပ)၁၇/၂ဝ၁၄၊ ပြစ်မှုပုဒ်မ ၂၇၉ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။

ရဲဇာနည်
         
ဒို့ညီနောင်ယာဉ်လိုင်းအခုလို့ဖြစ်တဲ့အတွက် ကျွန်တော်မောင်စိုး အရမ်းစိတ်မကောင်းဖြစ်မိပါတယ်ဗျာ
ကျွန်တော်မောင်စိုးက express ကားကြီးတွေကို ချစ်မြတ်နိုးသူတစ်ယောက်ပါ…
တစ်ခြားသောယာဉ်လိုင်းမှာ ယာဉ်အကူများ ကားမထွက်မှီ ရေတိုင်ကီရေစစ်ပါ အင်ဂျင်ဝိုင်တိုင်ပါ တာယာတွေစစ်ဆေးပါ ဘီးနပ်တွေ အလျော့အတင်းပြန်စစ်ပါ "ကျွန်တော်မောင်စိုး ဆရာလုပ်တာမပာုတ်ပါဘူးနော် ကျွန်တော်မောင်စိုးလဲ ကားသမားတစ်ယောက်ပါ……
အမြန်လမ်းမကြီးပေါ်မှာသွားလာနေသော ကားအငယ် express ကားကြီးတွေ အန္တရာယ်ကင်းပါစေလို့ ဆုတောင်းမေတ္တာပို့သလိုက်ပါတယ်"
mgsoemin1995@gmail.com

No comments:

Subscribe

လာလည်သူများ

free counters