♡♬ ရောရောသမမွှေ ဘလော့ဂ်မှ♪♪ ကြိုပါဆိုတယ်♪♪ မိတ်ဆွေများ ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့တော်မူကြပါစေ♬♡
Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

May 9, 2016

" နိုင်ငံခြားဘာသာ တက္ကသိုလ် (ရန်ကုန်) ၏ ညနေပိုင်းသင်တန်းကို အွန်လိုင်းမှ စတင်လျှောက်ထားနိုင်ပြီ "

 နိုင်ငံခြားဘာသာ တက္ကသိုလ် (ရန်ကုန်) ၏ ညနေပိုင်းသင်တန်းကို အွန်လိုင်းမှ စတင်လျှောက်ထားနိုင်ပြီ

ရန်ကုန်၊ မေ ၆
နိုင်ငံခြားဘာသာ တက္ကသိုလ်(ရန်ကုန်) ၏ ညနေပိုင်း သင်တန်းများကို အွန်လိုင်းလျှောက်ထားနိုင်ပြီဖြစ်ကြောင်း သိရသည်။ ရန်ကုန် နိုင်ငံခြားဘာသာတက္ကသိုလ်၏ ညနေပိုင်း Certificate တန်းများကို ၁၆ ရက်နေ့မှ စတင်ပြီး အွန်လိုင်းမှလက်ခံမည်ဖြစ်ကြောင်း၊ ဖွင့်လှစ်မည့် ညနေပိုင်းဘာသာရပ်သင်တန်းများမှာ တရုတ်၊ အင်္ဂလိပ်၊ ပြင်သစ်၊ ဂျပန်၊ ကိုရီးယား၊ ရုရှား၊ ထိုင်းဘာသာရပ်များဖြစ်ပြီး ယင်းသင်တန်းများကို တက်ရောက်လိုသူများသည် www.YUFL.Info/chrd-form နှင့် www.myanmar-wave.com/yufl-chrd-form တွင် ရယူပြီး လျှောက်ထားနိုင် ကြောင်း၊ လျှောက်ထားမည့်သူသည် အီးမေးလ်အကောင့်ရှိ ရန် လိုအပ် ကြောင်း နိုင်ငံခြားဘာသာတက္ကသိုလ်မှ သိရသည်။

''ဒီလို အွန်လိုင်းကနေလုပ်တာဟာ ပထမဆုံးအကြိမ်ဖြစ်ပါတယ်။အရင်ကဆို ကျောင်းမှာလာလျှောက် တာမျိုးဆိုရင် တန်းစီပြီးစောင့်ကြရတယ်။ အဲဒီအခါကျတော့ လူတွေ တစ်ရုံးရုံးနဲ့ ဒုက္ခရောက်ပါတယ်။ ဒါကြောင့် အားလုံးလည်း အဆင် ပြေအောင် အွန်လိုင်းက လျှောက်ထားဖို့လုပ်တာပါ''ဟု နိုင်ငံခြားဘာသာတက္ကသိုလ်၊ ပါမောက္ခချုပ်ရုံးခန်းမှ တာဝန်ရှိသူတစ်ဦးက ယခု လ ၆ ရက်နေ့တွင် ပြောသည်။ အဆိုပါညနေပိုင်းသင်တန်း ကို ၁၆ ရက်နေ့ နံနက် ၉ နာရီမှ စတင်လက်ခံသွားမည်ဖြစ်ပြီး သတ်မှတ်ထားသောလူဦးရေ ပြည့်မီပါက လျှောက်ထားခြင်းကို ရပ်ဆိုင်းမည် ဖြစ်ကြောင်း ညနေပိုင်းသင်တန်းများအတွက် လူဦးရေးကို ကန့်သတ် ထားကြောင်း သိရသည်။

''စတက်ရမှာကတော့ ဒီလကုန် ၃ဝ ရက်နေ့ ဖြစ်ပါတယ်။ လျှောက်ထားတာကို သတ်မှတ်ထားတဲ့အရေ အတွက်ရောက်ရင်- ဥပမာ ၄ဝဝ၊ ၅ဝဝပြည့်သွားရင်တော့ ဖောင်လက်ခံတာပိတ်လိုက်မှာပါ''ဟု ၎င်းက ဆက်လက်ပြောသည်။ နိုင်ငံခြားဘာသာတက္ကသိုလ်တွင် ညနေပိုင်းသင်တန်းများ ခေါ်ယူပါက ခေါ်ယူမည့်တစ်ရက်အလို ည ၉

" အထင်ကရအမျိုးသားတစ်ဦး ဖြစ်ဖို့ ရှောင်ရန် အချက်(၁၀) "

 
ယုံကြည်မှုရှိရှိ ခပ်မိုက်မိုက်ဒီဇိုင်းနဲ့။ သူတို့အခန်းထဲဝင်လာပြီဆိုတာနဲ့ အားလုံးရဲ့အာရုံကို ဖမ်းစားလိုက်နိုင် တယ်။ သူတို့စကားပြောပြီဆိုရင်လည်း အခြားယောင်္ကျားလေးတွေတောင် ပါးစပ်အဟောင်းသားနဲ့ နားထောင်ကြရတယ်။ ယောင်္ကျားလေးအချင်းချင်းကြားမှာ လူချစ်လူခင်များသလို မိန်းကလေးတွေရဲ့ မျက်နှာသာပေးတာလည်း ခံရတယ်။ ဟုတ်ပါတယ်။ ဒီလိုလူမျိုးတွေကို အထင်ကရအမျိုးသားတွေလို့ ခေါ်ပါတယ်။
အထင်ကရအမျိုးသားတစ်ယောက်မှာ ထင်ရှားပြီး ဘယ်တော့မှမလွဲနိုင်တဲ့ ၀ိသေသလက္ခဏာတွေ ရှိတတ်ပါတယ်။ သူတို့က ပင်ကိုယ်ခေါင်းဆောင်တွေဖြစ်ပြီး သူရဲ့အပေါင်းအသင်းတွေ၊ အသင်းဖော် အသင်းသားတွေကို ဦးဆောင်မှု၊ ကာကွယ်မှုတွေ ပေးတတ်သူတွေဖြစ်ပါတယ်။ ပြောင်းလဲနေတဲ့ ကမ္ဘာကြီးမှာ အထင်ကရအမျိုးသားတွေအတွက် အခွင့်အရေးတွေအမြဲလိုလိုရှိနေတတ်ပါတယ်။ သူတို့က အကြောင်း အကျိုးကို ကောင်းကောင်းဝေဖန်သုံးသပ်နိုင်ပြီး အခွင့်အရေးရသမျှကို သူအဖွဲ့အစည်းအတွက် အကျိုးရှိစေသူ ဖြစ်ပါတယ်။
နောက်တနည်းပြောရရင် အထင်ကရအမျိုးသားဆိုတာ သူရဲ့စိတ်ဓာတ်၊ သူ့ရဲ့လုပ်ရပ်တွေကြောင့် တခြားသူ တွေက အတုခိုးရတဲ့အထိ ဆွဲဆောင်မှုရှိသူတွေဖြစ်ပါတယ်။ သင်ရော ဒီလို အထင်ကရအမျိုးသားတစ်ဦး မဖြစ်ချင်ဘူးလား။ အထင်ကရအမျိုးသားတစ်ဦးဖြစ်ဖို့အတွက် ရှောင်ရန် အချက်(၁၀)ကို ဖော်ပြလိုက်ပါတယ်။

၁။ အနိုင်မကျင့်ပါနဲ့
အထင်ကရအမျိုးသားတွေက လိုအပ်လာတဲ့အချိန်မှာ အားနဲ့မာန်နဲ့တိုက်ခိုက်တတ်ကြပေမယ့် အားနည်း သူကို အနိုင်မကျင့်တတ်ကြပါဘူး။ ဒါ့ကြောင့် အခြားလူတွေကို အနိုင်မကျင့်ပါနဲ့။

၂။ အသာစီးရဖို့ သစ္စာမဖောက်ပါနဲ့။
အထင်ကရအမျိုးသားတွေဟာ သူ့အပေါင်းအသင်းတွေပေါ်မှာ ဘယ်တော့မှာ နောက်ကျောဓားနဲ့ထိုးတာမျိုး သစ္စာဖောက်တာမျိုး မလုပ်တတ်ကြပါဘူး။ လူကြီးလူကောင်းဆန်ဆန် ပြုမူပြောဆိုတတ်ကြတဲ့အတွက် ထိုက်တန်တဲ့ အများရဲ့ လေးစားမှုကိုလည်း ခံယူနေကြရသူတွေဖြစ်ပါတယ်။

၃။ လိမ်ညာမပြောပါနဲ့။
အထင်ကရအမျိုးသားတွေက လူလိမ်တွေမဟုတ်ကြပါဘူး။ တခြားလူတွေကို မလိမ်တတ်ကြသလို ကိုယ့်ကိုယ်ကိုလည်း မလိမ်တတ်ကြပါဘူး။ ပြောစရာရှိတာကို ပွင့်ပွင့်လင်းလင်း ပြောတတ်ကြသူတွေ ဖြစ်ပါတယ်။

၎။ အခြားသူတွေကို အပြစ်မတင်ပါနဲ့။
အထင်ကရအမျိုးသားတွေက သူတို့လုပ်ရပ်အတွက် သူတို့ကိုယ်တိုင် တာဝန်အပြည့်အ၀ယူတတ်ကြပါတယ်။ သူတို့အပြစ်လျော့သွားဖို့အတွက် အပြစ်တင်စရာလူမရှာတတ်ကြသလို သူ့ရဲ့ကြိုးစားအားထုတ်မှုနဲ့ ထိုက်တန်တဲ့ အကျိုးရလဒ်ရရှိမယ်ဆိုတာကို တကယ်သဘောပေါက်ကြပါတယ်။ သူ့အမှားကို တခြားလူဆီ လွှဲချဖို့ စိတ်တောင်ကူးမိမှာမဟုတ်ပါဘူး။

၅။ မစဉ်းစားပဲ မလုပ်ပါနဲ့။
အထင်ကရအမျိုးသားတွေက အလျှင်မြန်ဆုံး လုပ်ဆောင်တတ်ကြပါလိမ့်မယ်။ ဒါပေမယ့် သူတို့မလုပ်ခင်မှာ

May 8, 2016

" ထူးဆန်း အံ့သြဘွယ်ရာ တက်တူးတွေကို အပျင်းပြေ ထိုင်ကြည့်ကြမလား (၂) "


" စိတ်တူကိုယ်တူ ချစ်သူတွေကြားက နားလည်မှု ၈ ချက် "

 
ချစ်သူတွေကြားမှာ လမ်းခွဲကြရတဲ့အကြောင်းရင်းကတော့ များသောအားဖြင့် တစ်ယောက်နဲ့တစ်ယောက် နားလည်မှုလေးတွေ လွဲမှားနေလို့ဖြစ်ပါတယ်။

အထူးသဖြင့် အကျင့်စည်းကမ်းလေးတွေက မတူညီကြလို့ပါ။ ဒါကြောင့် ဘယ်အချက်လေးတွေကို ဆောင်သင့်သလဲဆိုတာကို တင်ပြလိုက်ပါတယ်။

၀၁. အတူတူသွားလာနေချိန်မှာ ဖုန်းမကလိပါနဲ့။

တစ်ယောက်နဲ့တစ်ယောက် အချိန်ပေးပြီး မအားတဲ့ကြားကတွေ့နေရတဲ့အချိန်မှာ ဖုန်းကို ကလိပြီး ဂိမ်းဆော့၊ Facebook နေရင်တော့ ချိန်းတွေ့နေရတဲ့အချိန်တွေက နှမြောစရာပါ။

၀၂. ဆုံးဖြတ်ချက်ကို မြန်မြန်နဲ့ တိတိကျကျ။

နှစ်ယောက်စလုံးဟာ တစ်ယောက်ကို တစ်ယောက် နားလည်မှုတွေရှိလို့သာ ချစ်သူတွေဖြစ်လာကြတာပါ။ ချစ်ကြိုက်တဲ့ကာလကကြာလာရင်တော့ ဆုံးဖြတ်သင့်တဲ့ကိစ္စတွေမှာ
ချက်ချင်းမဆုံးဖြတ်နိုင်သလို၊ ဟိုနေ့ရွှေ့ဒီနေ့ရွှေ့တွေလုပ်လာတတ်ပါတယ်။ ချစ်သူသက်တမ်းမှာ အဆင်ပြေစေရန် အချိန်မစွဲပဲ မြန်မြန်လုပ်သင့်တာကို လုပ်ပါ။

၀၃. ညီညီမျှမျှ လုပ်ပါ။

ချစ်သူကြတော့ တစ်မျိုး အပြင်လူကြတော့ တစ်မျိုး ဆက်ဆံရင်တော့ မကောင်းပါ။ ဆက်ဆံရေးတစ်ခုတည်းမဟုတ်ပဲ အခြားသောကိစ္စတွေမှာလည်း ချစ်သူရဲ့ လိုအပ်ချက်ကို ဖြည့်စီးပေးပြီး
တန်းတူညီတူ ဆက်ဆံခြင်းဟာ ချစ်သူဘဝကို သာယာစေမှာပါ။

၀၄. ပြောတဲ့အတိုင်း လုပ်ပါ။

တစ်ယောက်နဲ့တစ်ယောက် ယုံကြည်မူနဲ့ အသက်ရှည်နေကြတာပါ။ ကတိတွေပေးပြီးမှ မလုပ်ရင်တော့ ချစ်သူမှာလည်း

" အူလမ်းကြောင်းကို ရှင်းလင်းခြင်း "


ကျွန်တော်တို့ရဲ့အူလမ်းကြောင်းဟာအညစ်အကျေးတွေနဲ့ပြည့်နေလေ့ရှိပါတယ်။အညစ်အကျေးတွေကအစဉ်အမြဲရှိနေ
တတ်တော့အဲဒီ့အညစ်အကျေးတွေကနေဖြစ်လာတဲ့ချိုးတွေလည်းအူနံရံတွေမှာကပ်နေလေ့ရှိပါတယ်။
လူတွေရဲ့အူဟာအမြဲတန်းသန့်နေဖို့လိုအပ်ပါတယ်။ဘာကြောင့်လဲဆိုတော့သွေးဟာအူတွေကနေစဖြစ်တာမို့လို့ပါ။အစား
အသောက်တွေကနေရလာတဲ့အာဟာရရည်ကိုအူတွေကနေစုပ်ယူပြီးသွေးအဖြစ်ပြောင်းလဲပေးတာပဲဖြစ်ပါတယ်။
ဒါကြောင့်အူသန့်ရင်သွေးသန့်မယ်၊အူမသန့်ရင်သွေးမသန့်ဘူးဆိုတာထင်ရှားပါတယ်။အူတွေကိုသန့်ရှင်းပေးတော့မှအဆိပ်တောက်
ကင်းတဲ့သွေးသန့်ကိုရမှာပဲဖြစ်ပါတယ်။ခန္ဓာကိုယ်မှာကသွေးကအဓိကပဲ။သွေးသန့်ရင်ရောဂါကင်းမယ်၊သွေးညစ်ရင်ရောဂါ
များမယ်။သွေးသန့်ဖို့အတွက်အူသန့်အောင်လုပ်ပေးရမှာပဲဖြစ်ပါတယ်။
အူတွေသန့်ရှင်းအောင်လုပ်ဖို့ကလည်းမခက်ပါဘူး။စင်ထိုးပြီးစိုက်ရတဲ့အညွန့်အရွက်တွေစားပေးရုံပါပဲ။ဘူးညွန့်၊ဂေါ်ရခါးညွန့်
၊ရွှေဖယုံညွန့်စတဲ့အညွန့်အရွက်တွေမှာအမွှေးအမျှင်လေးတွေပါပါတယ်။အဲဒီ့အရွက်အညွန့်တွေဟာမျက်နှာသုတ်ပဝါမှာပါတဲ့

" ထူးထူးခြားခြား တည်ဆောက်ထားသော ကားလမ်းများ "


တစ်နေရာမှ တစ်နေရာသို့ သွားလာရာတွင် လမ်းပန်း ဆက်သွယ်ရေးသည် အလွန်အရေးပါလေ့ ရှိသည်။ ထို့ကြောင့်လည်း လမ်းပန်း ဆက်သွယ်ရေး ကောင်းမွန်ရန် အကောင်းဆုံး နည်းလမ်း များကို အသုံးပြုလေ့ ရှိသည်။ သို့သော် လမ်းပန်း ဆက်သွယ်ရေး ကောင်းမွန်ရေး ဆောင်ရွက်ရာတွင် အချို့ကားလမ်း များသည် အံ့အားသင့်စရာ အခြေအနေ ဖြစ်နေသည်ကို တွေ့ရှိခဲ့ရသည်။ ဘိုလီဗီးယား နိုင်ငံရှိ လမ်းတစ်လမ်း သည် အမြင့်(၁၉၆၈) ပေတွင်ရှိသော်လည်း မည့်သည့် အတားအဆီးကိုမှ ပြုလုပ် ထားခြင်း မရှိ သောကြောင့် သေမင်းတမန်လမ်း အဖြစ် ခေါ်ဆိုခဲ့ကြသည်။ ထို့အတူ နော်ဝေနိုင်ငံရှိ ဥမင်လိုဏ်ခေါင်း လမ်းသည် (၁၅ ဒသမ ၂) မိုင်အထိ ရှည်လျား သောကြောင့် စိတ်ဝင်စားစရာ ဖြစ်ခဲ့သည်။ ထို့ကြောင့် ကမ္ဘာ့နိုင်ငံ အသီးသီးမှ ထူးထူး ခြားခြား တည်ဆောက် ထားသော ကားလမ်းများ အကြောင်းကို ဖော်ပြပေးလိုက် ပါသည်။

၁။ အမတ်စောက်ဆုံးလမ်း
          နယူးဇီလန်နိုင်ငံ၊ ဒန်ဒင်မြို့ရှိ လမ်းတစ်လမ်းကို အမတ်စောက်ဆုံးလမ်း အဖြစ် သတ်မှတ် ထားသည်။ ယင်းလမ်းကို Baldwinဟု အမည်ပေး ထားပြီး ဂင်းနစ် မှတ်တမ်းတွင် အမတ်စောက်ဆုံးလမ်း အဖြစ် ဖော်ပြ ထားသည်။ ဆင်ခြေဖုံး အရပ်ဒေသတွင် တည်ရှိပြီး ကမ္ဘာလှည့် ခရီးသွားများ လာရောက် လည်ပတ်လေ့ရှိ ကြသည်။ အဆိုပါ လမ်းတွင် ခရီးသွား များသည် ပြေးပွဲများ ပြုလုပ်လေ့ရှိ ကြသည်။ လမ်းတိုပုံစံ ဖြစ်ပြီး ပင်လယ်ရေ မျက်နှာပြင်နှင့် အထက် ( ၉၈)ပေမှ  ပေ (၃၃၀) အကြားတွင်ရှိသည်။ ဆောင်းရာသီတွင် လမ်းချော်မူများ မဖြစ်စေရန် အကောင်းဆုံး နည်းပညာများကို အသုံးပြု တည်ဆောက် ထားသည်။ လမ်း၏ မတ်စောက်မှုသည် (၁၁၄၈) ပေအထိ ရှိသည်။

၂။ အရှည်ဆုံး ဥမင်လိုဏ်ခေါင်းလမ်း 
          နော်ဝေနိုင်ငံတွင် တည်ရှိသည့် ဥမင်လိုဏ်ခေါင်းသည် ( ၁၅ ဒသမ ၂) မိုင်အထိ ရှည်လျားသောကြောင့် စံချိန်သစ်တင်ရှိခဲ့သည်။ ယင်းမှာ ကမ္ဘာ့အရှည်ဆုံး ဥမင်လိုဏ်ခေါင်း အဖြစ် သတ်မှတ်ထားခြင်း ဖြစ်သည်။ ရှည်လျားသည့် ဥမင်လိုဏ်ခေါင်းအတွင်း မော်တော်ယာဉ်ကို မောင်းနှင်ရမည် ဖြစ်သောကြောင့် တုန်လှုပ် ချောက်ချားမှုများရှိ နိုင်သည်ဟု ဆိုထားသည်။ ယင်းဥမင် လိုဏ်ခေါင်းကို Laerdalsဟု အမည်ပေးထားပြီး ပေ (၆၀၀၀) ရှိသည့် တောင်တန်းများ အနီးတွင် ဖောက်လုပ်ထားခြင်း ဖြစ်သည်။ ကုန်ကျငွေမှာ  ဒေါ်လာ ( ၁၁၃ ဒသမ ၁) သန်းနီးပါး ရှိသည်။ ဆောင်းရာသီတွင်

" ကမ္ဘာပေါ်မှာ သြဇာ အကြီးဆုံး ကုန် အမှတ်တံဆိပ် (၁၀) ခု "

ယခုနှစ် အဖို့ Walt Disney အမှတ် တံဆိပ်သည် ကမ္ဘာပေါ်မှာ သြဇာ အကြီးဆုံး ကုန် အမှတ်တံဆိပ် အဖြစ် ရပ်တည်ကြောင်း Brand Finance စစ်တမ်း လုပ်ငန်းက ဖော်ပြသည်။
          ပြီးခဲ့သည့် နှစ်က Lego က ထိပ်ဆုံး ရပ်တည် ခဲ့ရာမှ ယခုနှစ်တွင် စင်ဒရဲလား၊ မစ်ကီမောက်စ် တို့၏ ဖန်တီးရှင်၊ Star Warsဇာတ်လမ်းတွဲများ ဖန်တီးရှင် Walt Disney က ထိပ်ဆုံး တက်လာခြင်း ဖြစ်သည်။ ကုန် အမှတ် တံဆိပ် အပေါ် ဖောက်သည်များ၏ သစ္စာရှိမှု၊ ၀န်ထမ်းများက ထိုကုမ္ပဏီ အတွက် ကျေနပ်စွာ လုပ်ကိုင်လိုမှု စသော အချက်များ ပေါ် အခြေခံကာ အဆင့် သတ်မှတ်ခြင်း ဖြစ်သည်။
          Lego သည် ကုမ္ပဏီ ငွေကြေး အင်အား အနေဖြင့် ထိပ်ဆုံး (၁၀) ခု ထဲတွင် အောက်ဆုံးဖြစ်သော်လည်း သြဇာကြီးမှု ပိုင်းတွင်မူ Walt Disney ပြီးလျှင် ဒုတိယ နေရာတွင် ရပ်တည် နေသည်။ သြဇာကြီးမှု တတိယ နေရာ တွင်
Subscribe

လာလည်သူများ

free counters