♡♬ ရောရောသမမွှေ ဘလော့ဂ်မှ♪♪ ကြိုပါဆိုတယ်♪♪ မိတ်ဆွေများ ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့တော်မူကြပါစေ♬♡
Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

May 31, 2015

" မျှော်လင့်ချက်မဲ့နေတဲ့ လူသားနှစ်ဦးရဲ့ လက်ထပ် မင်္ဂလာပွဲ"

Debbie Rivera, 54, places a ring on the hand of John Whaley, 58, during their wedding ceremony performed by Chaplain Patricia Meeks in Green Cove Springs, Fla. 

Debbie Rivera, 54, places a ring on the hand of John Whaley, 58, during their wedding ceremony performed by Chaplain Patricia Meeks in Green Cove Springs, Fla.

အမေရိကန် ပြည်ထောင်စု၊ ဖလော်ရီဒါ ပြည်နယ်မှာ ကျင်းပပြုလုပ် ခဲ့တဲ့  လက်ထပ် မင်္ဂလာပွဲဟာ ထူးခြားလွန်းနေ တာကြောင့် စိတ်ဝင်စားစရာ ဖြစ်ခဲ့ပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ လက်ထပ်ခဲ့ကြတဲ့ သတို့သားနဲ့ သတို့သမီးတို့ဟာ ကာလကြာရှည် ရောဂါဝေဒနာ ခံစားနေရသူတွေ ဖြစ်ပြီး အသက်ရှင်ဖို့ မျှော်လင့် ချက်မဲ့နေသူတွေ ဖြစ်ပါတယ်။
သူတို့ဟာလူနာတွေကို ပြုစု စောင့်ရှောက်ပေးတဲ့ ဂေဟာမှာ နေထိုင်သူတွေ ဖြစ်ကြပြီး၊ သေဆုံး ရမယ့်ရက်ကို ထိုင်စောင့်နေရသူ တွေဖြစ်ပါတယ်။ ဒါပေမဲ့ အသက်ရှင်နေစဉ် ကာလအတွင်းမှာ လုပ်လို့ရနိုင်သမျှကို လုပ်သွားခဲ့ပါတယ်။

အသက် (၅၈) နှစ်အရွယ် ဂျွန်ဝါလီနဲ့ အသက် (၅၄)နှစ်အရွယ် ရီဗီရာတို့ဟာ လက်ထပ်မှု ပြုလုပ်ခဲ့တာဖြစ်ပြီး၊ သူတို့တွေ လက်ထပ်လက်စွပ် အပြန်အလှန် လဲလှယ်တဲ့ မြင်ကွင်းက စိတ်မကောင်းစရာဖြစ်ခဲ့ပါတယ်။ သူတို့ဟာ ရောဂါဝေဒနာကြောင့် ခြေတုလက် တုတွေ တပ်ဆင်ထားရပြီး လှုပ်ရှား နိုင်ခြင်း မရှိတာကြောင့် ၀ှီးချဲပေါ်မှာသာ လက်ထပ် လက်စွပ် အပြန်အလှန်ဝတ်ဆင်ပေးခဲ့တာ ပါ။ ဂျွန်ဝါလီဟာ ယခုလအစောပိုင်းမှာ လက်ထပ်ဖို့ ခွင့်တောင်းခဲ့တာ ဖြစ်ပြီး (၃) ပတ်လောက်အကြာမှာ ရီဗီရာဆီက အဖြေရခဲ့တာ ဖြစ်ပါတယ်။ သူတို့ဟာ အရင်က အိမ်ထောင် ပြုခဲ့ဖူးပြီး၊ သတို့သမီး ဖြစ်သူ ရီဗီရာဆိုရင် အိမ်ထောင် နှစ်ခါတောင် ကျခဲ့ဖူးပါတယ်။ ဂျွန်ဝါလီကမိမိတို့၏ အခြေအနေသည် တူညီနေ ကြကြောင်း၊

ထို့ကြောင့် အခြေအနေဆိုး တွေကို နှစ်ဦးသား ဖောက်ထွက်ခြင်းဖြစ် ကြောင်း ဟြေကြားခဲ့ပါတယ်။ လက်ထပ်ပြီး တဲ့နောက်မှာ သူတို့နှစ်ဦးဟာ ပြုစု စောင့်ရှောက်ရေး ဂေဟာမှာ နေထိုင်ခြင်း မရှိတော့ ဘဲ အခြားတစ်နေရာကို ဟြေင်းရွှေ့သွားခဲ့ တယ်လို့ သိရပါတယ်။ ရောဂါဝေဒနာတွေ ပြုစု စောင့်ရှောက်ရေး ဂေဟာကို ရောက်နေစဉ် လက်ထပ်ပွဲ ပြုလုပ်နိုင်ခဲ့တဲ့ သူတို့စုံတွဲဟာ အားလုံးရဲ့စိတ်ဝင်စားမှုကို ရရှိအောင် ပြုလုပ်နိုင်ခဲ့ပါတယ်။

 



Credit : ဖိုးသူတော်   www.phothutaw.com
Credit : messenger 

nydailynews.com 

No comments:

Subscribe

လာလည်သူများ

free counters