♡♬ ရောရောသမမွှေ ဘလော့ဂ်မှ♪♪ ကြိုပါဆိုတယ်♪♪ မိတ်ဆွေများ ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့တော်မူကြပါစေ♬♡
Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

June 4, 2015

" ဒေါ်လေးသိတဲ့ မိတ်ကပ် ကောင်းကောင်းလိမ်းနည်းလေး ရှစ်ချက် ကတော့ ဒီလိုလေးပါ ကလေးမတို့ရေ "

flawless skin plan 

 (၁)  မျက်ကွင်း ညိုတာကို အရင်ဖုံးပါအေ....


flawless skin plan 
 (၂)   အခြေခံ ဖောင်ဒေးရှင်ချပါ...ပုံစံချခိုင်းတာပါအေရယ်... Bobbi Brown Foundation Stick .
ကိုသုံးတာ ပိုကောင်းသတဲ့ကွယ်.... ပုံစံလေး အရင်ချထားတော့ လိမ်းရတာ သူ့နေရာနှင့်သူ့အရောင် အရင့် အဖျော့ ကိုမှီပြီး လိမ်းရပြုရတာ ကောင်းတာပေါ့အေ....Bobbi Brown Foundation Stick ဆိုတာ 
ဟော့သဟာမျိုးလေးတွေကို ခေါ်တာပါကွယ် တူမတို့ရယ်.....

ကဲ ...အမှတ် (၂) ပြီးရင် ..

flawless skin plan



 (၃) အခြေခံတွေကို သူ့နေရာနှင့်သူပြန့်နေအောင် မျက်နှာကို သေချာ ပွတ်လိမ်းပေးပါ...အမှတ်ရာတွေ အမဲပျောက်တွေများရှိနေရင် အစက်အပျောက်များကို ကွန်စေလာနှင့် အရင်ဖုံးပါ အကောင်းဆုံး ကွန်စေလာ
က Almay Clear Complexion Concealer, ဖြစ်ပါတယ်....သူ့ပုံလေးက ဒီလိုပါတော်....
 
ကိုယ့်အသားနှင့် ဆင်တဲ့အရောင်ရှာလိမ်းပါကွယ်..  စမ်းထားရင်တော့ ဟော့သလိုလေးပေါ့အေ..

ကဲ မီးလေးတို့ရေ... နံပါတ် (၃) ပြီးရင်တော့...

flawless skin plan

(၄) ပါးအို့လေးပေါ်ကို ပေါင်ဒါနှင့် ဘရတ်ရှ်နှင့် အရင်ပွတ်ပေးလိုက်ပါ..ပေါင်ဒါက ကိုယ့်အသားနှင့် လိုက်
ဖက်တဲ့ အရောင်လေးပေါ့ ပြီးရင် ပါးနီကရင်မ်လေးကို လိမ်းကြမယ်ကွယ်...လက်ချောင်းလေးတွေနှင့်
ရှေ့နောက်ခပ်ဖြေးဖြေး ပွတ်ဆွဲလေးဆွဲပေး...ပြုံးပြုံးလေးနေပေါ့အေ... အကောင်းဆုံး ပါးနီက သဘာဝ
အရောင်သန်းတဲ့ဟာပါပဲကွယ်....ဒေါ်လေးအကြိုက်ကတော့ ဟော့သဟာပဲ Yves Saint Laurent Creme de Blush in No. 6 Rouge Passion





ကဲ..ပြီးရင်....

flawless skin plan 

(၅) မျက်ခွံပေါ်မှာ အခြေခံ မျက်ခွံလိမ်း ကရင်မ်ကို ခပ်ဖွဖွ လိမ်းလိုက်ပါ....အကောင်းဆုံး မျက်ခွံလိမ်းခရင်မ်
က သဟာလေးပါကွယ်...သူ့နာမည်က  Revlon Illuminance Creme Shadow in Copper Canyon
ဖြစ်ပါတယ်.....

 
ပြီးရင် သူ့အပေါ်ကနေ ပြန်ထပ်အုပ်ရမှာက....
  
flawless skin plan

(၆)  ကြေးနီရောင်နှင့် ရွှေရောင်လေးကို အထက်ကပြထားသလို အုပ်လိုက်ပါကွယ် ..ကြေးနီရောင်ကို ခံပြီး
မှ သူ့အထက်နေ ရွှေရောင်လေး အုပ်ပေးရတာပေါ့အေ....အပြည်ံကြီးလဲမအုပ်နှင့်အေ့...ရှဲဒိုးလေးချန်ထား
ရတယ်တော့.... 

flawless skin plan

 (၇) မျက်ခွံကိုသေချာ လိမ်းပြီးရင် မျက်သားတစ်ဝိုက်ကို မျက်သားဆွဲခံတံနှင့် အရစ်လှလှလေးဖော်ပေးရ
တယ်....အညိုရောင်ခဲတံလေးကိုသုံးပေါ့ကွယ်..ပြီးရင် ဘရတ်ရှ်နှင့် ခပ်ဖွဖွ ပွတ်လိုက် ညှိလိုက်တဲ့သဘော
ပေါ့အေရယ်...အထက်အောက်အရစ်ဖော်နော်.... Mascara ကိုသုံးပြီး မျက်တောင်လေးတွေကော့ အောင်
လုပ်ပါ..... Smashbox Hyperlash Mascara ကမဆိုးဘူး....အရစ်စိပ်တယ်.... သဟာမျိုးပေါ့ကွယ်...
ကဲ.....မျက်တောင်လေးတွေ ကော့ပြီးရင် နှုတ်ခမ်းလေးကို ဆေးဆိုးကြမယ်ကွယ်...

flawless skin plan 
(၈) နှုတ်ခမ်းလေးက ခြောက်နေတတ်တော့ အရင်ဆုံး အဝတ်စိုလေးနှင့်ဒါမှမဟုတ် ဆေးကြောသုတ်သင်
တဲ့ တစ်ရှူးစိုစိုလေးကိုသုံးပါ.. သာသာလေးပွတ်ပေးလိုက်ကွယ်.......ပြီးရင် နှုတ်ခမ်းမှာလိမ်းတဲ့ lip balm 
 နှုတ်ခမ်းဆီကို စိမ့်နေအောင်လိမ်းပေးလိုက်ပါ... သိပ်ရွှဲနေရင် တစ်ရှူးစလေးနှင့်သုတ်လိုက်ပါ...ပြီးရင်တော့
နှုတ်ခမ်းလေးကို စူပြီး စတော်ဘယ်ရီ အရောင်နှုတ်ခမ်းနီလေးကို လိမ်းလိုက်ပါ....ပြီးရင် လက်ချောင်းလေး
တွေနှင့် အသာအယာ ကာလာတွေကိုဖြန့်ပေးလိုက်ပါတော့ကွယ်.....လှလွန်းတဲ့ မီးမီးလေးဖြစ်သွားပါ
လိမ့်မယ်.......
ဒါပဲအေ......တူမလေးတို့ အဆင်ပြေကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်...

ရောရောသမမွှေ အလှအပ


No comments:

Subscribe

လာလည်သူများ

free counters