♡♬ ရောရောသမမွှေ ဘလော့ဂ်မှ♪♪ ကြိုပါဆိုတယ်♪♪ မိတ်ဆွေများ ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့တော်မူကြပါစေ♬♡
Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

June 1, 2015

❤♡ ချစ်သူကောင်လေးဟာ သင့်ကိုနားလည်ပြီး သင့်အတွက် ဖြည့်တွေးပေးတတ်တဲ့သူ ဟုတ်မဟုတ်....ဒါလေးဖတ်ကြည့်နော်♡ ❤

 
အရွယ်ရောက်ပြီဆို ချစ်သူရည်းစားကတော့ ထားကြတာချည်းပါပဲ။ ဒါပေမယ့် သင့်ချစ်သူက သင့်အပေါ် တကယ်ကောင်းတဲ့ချစ်သူတစ်ယောက်လား၊ အနစ်နာခံပြီး ချစ်တတ်သူလား ဒါမှမဟုတ် ရေရှည်မတွေးထားပဲ ကောက်တွဲလိုက်တာမျိုးလား၊ ကိုယ့်အပေါ် တကယ့်အချစ်စစ်နဲ့ ချစ်ရဲ့လားဆိုတာလေးတော့ သိချင်ကြမှာပါ။ သူတကယ်ကိုယ့်ကို ချစ်မချစ်ဆိုတာ သူ့လုပ်ရပ်တစ်ချို့ကို ကြည့်ပြီး သုံးသပ်လို့ရပါတယ်၊ သူဟာ သင့်ကိုတကယ် အနစ်နာခံပြီး ချစ်တဲ့သူသာဆိုရင်


၁။ တစ်ခြားသူငယ်ချင်းစုံတွဲနဲ့ ချိန်းတော့မယ်ဆိုရင် သင်အဆင်ပြေမလား အရင်မေးပြီးမှသာ သူချိန်းတယ်။
သင့်ချစ်သူဟာ သင့်ကို အလေးပေးဆက်ဆံတယ်ဆိုတာမျိုးကို သူစီစဉ်တဲ့ အစီအစဉ်တစ်ချို့က သင်သိနိုင်ပါတယ်။ ဥပမာ တစ်နေရာကို သွားဖို့ အခြားအတွဲနဲ့ ချိန်းတော့မယ်ဆိုရင် သင့်ကိုအရင်ဆုံး အားလား၊ မအားဘူးလား မေးပါလိမ့်မယ်။ ပြီးတော့မှ တခြားလူတွေကို သူဦးစားပေးစီစဉ်မှာပါ။ ငါဘာလုပ်လုပ် သူလိုက်လုပ်ရမှာပဲဆိုပြီး ဘယ်တော့မှ မတွေးပါဘူး။

၂။ အိပ်အလုပ်တွေက ငါလုပ်စရာမလိုဘူး၊ သူ့အလုပ်လို့ ဘယ်တော့မှ မပြောဘူး။
နှစ်ဦးသားအတူနေပြီဆိုရင် အိမ်မှုကိစ္စတွေ သူ့အလုပ် ကိုယ့်အလုပ် ခွဲကြတယ်ဆိုရင်တောင် အိမ်မှုကိစ္စတွေက ငါနဲ့မဆိုင်ဘူး၊ သူလုပ်ရမှာမို့ ကူမလုပ်ပေးနိုင်ဘူးဆိုတဲ့စိတ်ထား သင့်ချစ်သူမှာ မရှိတတ်ဘူး။ ဒါဟာ သင့်ကို ချစ်မြတ်နိုးလို့ပါ။

၃။ သင့်ရဲ့ အဝေးတစ်နေရာမှာ ရောက်နေပေမယ့် သင့်ကိုအမြဲဆက်သွယ်နေတတ်တယ်။
အလုပ်ကြောင့် ခရီးသွားရတာပဲဖြစ်ဖြစ်၊ တခြားကိစ္စတစ်ခုခုနဲ့ သင့်အဝေးရောက်နေပြီပေမယ့် သင့်အပေါ် ဂရုစိုက်မှုတွေ မပျက်ကွက်သလို သူဘယ်ရောက်နေပြီ ဘယ်လုပ်နေတယ်ဆိုတာကို အတတ်နိုင်ဆုံး သင့်ကို အသိပေးတယ်။

၎။ သင့်ကိုအကူအညီ တစ်ခုခုပေးထားရင်တောင် ဒါကိုပေါ်လွင်နေအောင် သူနေမပြတတ်ဘူး။
သင် သူ့ဆီက ပိုက်ဆံချေးထားတာမျိုး ရှိတယ်ဆိုရင် ဒါမှမဟုတ် သူ့ဆီက အကူအညီကြီးကြီးမားမား ယူထားရင်တောင် သူက မေ့နေသလိုမျိုး နေပေးတတ်တယ်၊ ဒါကို အစဖော်ပြီး ပြောဆိုနေတာမျိုး မရှိသလို သင်ပြောရင်တောင် စကားလမ်းကြောင်း ပြောင်းပစ်တတ်တယ်။

၅။ သင်နဲ့သူ့ကြားမှာ လျှို့ဝှက်ချက် ဘယ်တော့မှ မထားတတ်ဘူး။
သင်မသိအောင် တစ်ခုခုလုပ်ထားတာမျိုး၊ မပြောပဲထားထားတာမျိုး ဘယ်တော့မှ မလုပ်တတ်ဘူး။ အိမ်အပြန်နောက်ကျရင်တောင် ဘာ့ကြောင့်ဆိုတာ ဘယ်သူနဲ့ရှိနေတယ်ဆိုတာ အမြဲပြောပြတတ်တယ်။

၆။ သင့်အပေါ် သူယုံကြည်တယ်ဆိုတာ၊ ကိစ္စရပ်တစ်ခုခုဆို သင်လုပ်နိုင်တယ်ဆိုတာ သူအမြဲယုံကြည်ပေးတယ်။
ချစ်သူရည်းစားတွေမှာ တစ်ဦးနဲ့တစ်ဦး ယုံကြည်မှုထားဖို့ လိုအပ်ပါတယ်၊ ယုံကြည်မှုဆိုတဲ့စကားမှာ သစ္စာဖောက်တာမဖောက်တာကို ယုံကြည်ပေးတာမျိုးအပြင် သူ နေ့စဉ်ပြုမူဆောင်ရွက်နေတဲ့ လုပ်ငန်းဆောင်တာတွေမှာ သူလုပ်နိုင်တယ်၊ သူတော်တယ်ဆိုတာမျိုးကိုလည်း တစ်ဖက်လူက ယုံကြည်ပေးဖို့ လိုပါတယ်။ ဒါလေးတောင် မသိဘူး မတတ်ဘူး အသုံးမကျဘူးလား ဆိုတာမျိုး ပြောတတ်တဲ့ သူထက်စာရင် ကိုယ့်ချစ်သူအပေါ် ယုံကြည်မှုရှိတဲ့ စုံတွဲတွေဟာ ပိုမြဲပါတယ်။

၇။ အတိတ်က ကိစ္စရပ်တွေကို သူဘယ်တော့မှ ပြန်မတူးဆွဘူး။
လွန်ခဲ့တဲ့ ငါးနှစ်လောက်က ကိစ္စ ကိုယ်နဲ့မတွေ့ခင်တုန်းက တခြားသူနဲ့အတူရှိနေတုန်းက ကိစ္စရပ်တွေ ပြန်ပြောပြီး သင့်ကို စိတ်မကောင်းဖြစ်အောင် သူဘယ်တော့မှ မလုပ်ပါဘူး။

၈။ နှစ်ယောက်သား ပြသနာတက်ရင်တောင် ဘာမဟုတ်တဲ့ကိစ္စလေးတွေကြောင့်တော့ မဟုတ်ဘူး။
နေ့တိုင်းတွေ့ကြုံနေတဲ့ အရာလေးတွေ၊ ဘာမဟုတ်တာလေးတွေနဲ့တော့ သင်တို့နှစ်ယောက် ပြသနာမတက်တတ်ပါဘူး။ ပြသနာကြီးကြီးကိုပဲ နှစ်ဦးသား ဘယ်လိုဖြေရှင်းမယ်ဆိုတာ စဉ်းစားတတ်ကြတယ်၊ ရန်ဖြစ်ရင်လည်း ခဏပဲ၊ ပြန်အဆင်ပြေအောင် သူက ညှိုနှိုင်းပေးတယ်။





Credit :     searchmyanmar

No comments:

Subscribe

လာလည်သူများ

free counters