♡♬ ရောရောသမမွှေ ဘလော့ဂ်မှ♪♪ ကြိုပါဆိုတယ်♪♪ မိတ်ဆွေများ ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့တော်မူကြပါစေ♬♡
Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

May 31, 2015

"ရန်ကုန်-ပြင်ဦးလွင် ခရီးသည်တင်ကား တိမ်းမှောက်၊ ၅ ဦးသေဆုံး"


ရန်ကုန်-ပြင်ဦးလွင် ပြေးဆွဲနေတဲ့ Elite Express ကားတစီး ဒီကနေ့ မနက် ၃ နာရီလောက်က မန္တလေးတိုင်း တံတားဦးအဝိုင်း မိုင်တိုင်အမှတ် (၃၅၇) မှာ တိမ်းမှောက်ခဲ့ပါတယ်။

ဒီတိမ်းမှောက်ကြောင့် အမျိုးသား ၁ ဦးနဲ့ အမျိုသမီး ၄ ဦး အခင်းဖြစ်နေရာမှာ သေဆုံးခဲ့ပြီး ၁၁ ဦး ဒဏ်ရာ ရရှိခဲ့ပါတယ်။

ဒဏ်ရာရတဲ့သူတွေကို အနှိုင်းမဲ့လူမှုကူညီရေး အသင်းနဲ့ စေတနာရှင် လူမှုကူညီရေးအသင်းတွေက မန္တလေးနဲ့ တံတားဦး ဆေးရုံတွေကို ပို့ဆောင်ပေးခဲ့ကြပါတယ်။

ဒီကားပေါ်မှာ စုစုပေါင်းခရီးသည် ၃၅ ဦး လိုက်ပါလာခဲ့ပြီး ယာဉ်မောင်း ၂ ဦးကတော့ တံတားဦး အဝေးပြေး ရဲစခန်းမှာ အဖမ်းခံခဲ့တယ်လို့ သိရပါတယ်။

ဓာတ်ပုံ – Doe Gyi facebook
By ဒီဗွီဘီ

No comments:

Subscribe

လာလည်သူများ

free counters