♡♬ ရောရောသမမွှေ ဘလော့ဂ်မှ♪♪ ကြိုပါဆိုတယ်♪♪ မိတ်ဆွေများ ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့တော်မူကြပါစေ♬♡
Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

June 5, 2015

ရွှေပြည်သာမြို့ နယ်မှာ လူသတ်မှုဖြစ်ပွား


ရန်ကုန်၊ ဇွန် ၎

 ရန်ကုန်တိုင်း ဒေသကြီး ရွှေပြည်သာမြို့နယ်၊ သာဓုကန် စက်မှုဇုန်အပိုင်း(၁)၊ ပတ္တမြားလမ်း၊ ခရေပင်တန်းအနီးမှာ ယနေ့  ဇွန်လ ၄ ရက်နေ့ နံနက်ပိုင်းက လူသတ်မှု ဖြစ်ပွားခဲ့ကြောင်း သိရပါတယ်။


အသတ်ခံရသူမှာ အမျိုးသား တစ်ဦးဖြစ်ပြီး ၀ဲရင်အုံ၊ ရင်ညွန့်နှင့် ၀မ်းဗိုက်တို့မှာ  ထိုးသွင်းဒဏ်ရာများ၊ ၀ဲလက်ဖ၀ါး၊ လက်မ၊ ယာလက်မောင်းတို့မှာ ပြတ်ရှ ဒဏ်ရာများနဲ့  သေဆုံးနေတာကို တွေ့ ရှိရကြောင်း ရန်ကုန်တိုင်း ရဲတပ်ဖွဲ့ က သတင်းထုတ်ပြန်ထားပါတယ်။

အဆိုပါ လူသတ်မှုကို လှော်ကားနယ်မြေ ရဲစခန်းမှ (ပ)၂၅၂/၂၀၁၅၊ ပြစ်မှုပုဒ်မ-၃၀၂ နဲ့  အမှုဖွင့်ပြီး ပြစ်မှုကျူးလွန်သူ အား ဖော်ထုတ်ဖမ်းဆီးရမိရေး စုံစမ်းဆောင်ရွက်လျက်ရှိကြောင်း ရဲတပ်ဖွဲ့  သတင်းထုတ်ပြန်ချက်မှာ ဆက်လက် ဖော်ပြထားပါတယ်။

by သစ်ထူးလွင်
ဓါတ်ပုံ - Yangon Polic



No comments:

Subscribe

လာလည်သူများ

free counters