♡♬ ရောရောသမမွှေ ဘလော့ဂ်မှ♪♪ ကြိုပါဆိုတယ်♪♪ မိတ်ဆွေများ ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့တော်မူကြပါစေ♬♡
Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

June 5, 2015

" နှစ်ဦးသားလက်တွဲ မြဲစေဖို့ နေ့စဉ်ပြုမူလုပ်ဆောင်သင့်တဲ့ အရာများ "

ချစ်သူတွေ အချိန်ကာလ ဘယ်လောက်ကြာကြာ တစ်ဦးကိုတစ်ဦး သံယောဇဉ်တွေပိုတိုးကာ ငြီးငွေ့သွားတာမျိုးတွေ မဖြစ်ရလေအောင် လုပ်ဆောင်သင့်တဲ့ အခြေခံအချက်လေးတွေ ရှိနေပါတယ်။ အဲ့ဒါတွေကတော့

၁။ ကိုယ့်ချစ်သူကို ချစ်တယ်လို့ နေ့တိုင်းပြောပါ။
ချစ်တယ်လို့ ပြောတာ ရှက်စရာ မဟုတ်ပါဘူး။ တစ်ဦးနဲ့တစ်ဦး ချစ်ကြတယ်ဆိုတာ မင်္ဂလာရှိတဲ့ ကိစ္စဖြစ်တာမို့ ကိုယ်ကစပြောတာပဲဖြစ်ဖြစ် သူကပြောတာကို ကိုယ့်ဘက်က တုံ့ပြန်တာမျိုးပဲဖြစ်ဖြစ် ချစ်တယ်ဆိုတဲ့ စကားကိုတော့ နေ့စဉ်နေ့တိုင်း မပျက်မကွက် ပြောဖို့ လိုပါတယ်။

၂။တစ်ဦးနဲ့ တစ်ဦးတွေ့ဆုံချိန်မှာ အနမ်းပေးရင်း နှုတ်ဆက်ပါ။
လူကြားထဲမှာ ဖြစ်နေတဲ့အတွက် ကိုယ့်ချစ်သူနဲ့ တွေ့တွေ့ချင်း

နမ်းလို့မရသေးဘူးဆိုရင်တောင် ပွေ့ဖက်နှုတ်ဆက်တာမျိုးတော့ လုပ်လို့ရတာပါပဲ။ အရေးကြီးတဲ့အချက်က တွေ့တဲ့အချိန်တိုင်း မခွဲခွာခင်တော့ တစ်ကြိမ် အနည်းဆုံး နမ်းသင့်ပါတယ်။

၃။သူ ၀မ်းနည်းတဲ့အခါ၊ ၀မ်းသာတဲ့အခါ ပွေ့ဖက်ပေးပါ။
ပွေ့ဖက်ခြင်းဟာ တစ်ဖက်လူမှာရှိနေတဲ့ ၀မ်းနည်းမှုတွေကို လျှော့ချပေးနိုင်သလို ၀မ်းသာမှုဆိုရင်လည်း ထပ်တူထပ်မျှကို ပျော်ရွှင်ကြည်နူးတယ်ဆိုတာ ပြသလိုက်ခြင်းပါပဲ။

၎။ပျော်ပျော်ရွှင်ရွှင်နေပါ။
ကိုယ့်ချစ်သူကြောင့် စိတ်လှုပ်ရှားရတာ၊ နှစ်ဦးသား ပျော်ရွှင်ကြည်နူးတယ်ဆိုတာ အသက်အရွယ်နဲ့ မဆိုင်ပါဘူး။ လူငယ်တွေမှ မဟုတ်ပါဘူး လူကြီးတွေလည်း ဒီလို စိတ်လှုပ်ရှားမှုမျိုးတွေ၊ ပျော်ရွှင်ကြည်နူးမှုမျိုးတွေ လိုအပ်ပါတယ်။

၅။အဆက်အသွယ်အမြဲလုပ်ပါ။
ဘယ်နေရာရောက်ရောက် ကိုယ်ဘယ်မှာရှိကြောင်း၊ ကိုယ်ဘယ်လိုသတိရကြောင်း ပြောပေးနိုင်ရင် ပြောပေးပါ။ ဖုန်းဆက်ပါ။ အချိန်ကြာမြင့်စွာ အဆက်အသွယ် ပြတ်နေတာမျိုး မဖြစ်ပါစေနဲ့။

၆။တစ်ဦးအပေါ် တစ်ဦးရိုးသားပါ။
ဆက်ဆံရေးတစ်ခုမှာ ရိုးသား ပွင့်လင်းမှုဟာ အရမ်းအရေးပါပါတယ်။ ဘယ်လိုကိစ္စတွေပဲ ဖြစ်နေဖြစ်နေ ချစ်သူကို လျှိုထားတာမျိုး၊ လိမ်ညာထားတာမျိုးတွေ မလုပ်မိပါစေနဲ့။

၇။သူဟာကိုယ့်အတွက် အရမ်းမိုက်တယ်၊ ချောတယ်ဆိုတာမျိုး ပြောပေးပါ။
ကိုယ့်ချစ်ရတဲ့ချစ်သူထက်တော့ ဘယ်သူကမှ ပိုချောတာ၊ ချစ်စရာကောင်းတာ၊ ဆွဲဆောင်မှုရှိတယ်ဆိုတာမျိုး မဖြစ်နိုင်ပါဘူး။ ဒီတော့ သူဟာ ကိုယ့်အတွက် ဘယ်လောက်အရေးပါကြောင်းနဲ့ ချစ်စရာကောင်းကြောင့် နေ့စဉ်ဆုံတွေ့ချိန်တိုင်း ပြောပေးပါ။

၈။နှစ်ဦးသား အပြင်လောကအကြောင်း အတူလေ့လာပါ။
တစ်ယောက်ကိုတစ်ယောက် ရေရှည်လက်တွဲသွားမယ်လို့ ဆုံးဖြတ်ထားလိုက်တာနဲ့ နှစ်ဦးသား အပြင်လောကအကြောင်း အတူလေ့လာပါ။ တစ်နေရာသွားတာမျိုး၊ ခရီးတစ်ခုသွားတာမျိုး လုပ်ပေးပါ။

၉။အမှတ်တရလက်ဆောင်လေးတွေ ပေးပါ။
ကိုယ့်ချစ်သူကို အမှတ်တရဖြစ်နေစေမယ့် လက်ဆောင်လေးတွေ ၀ယ်ပေးပါ။ လက်ဆောင်က တန်ဖိုးအရမ်းကြီးတာမျိုး မဟုတ်ပါဘူး။ ကိုယ့်ချစ်သူကို မှတ်မှတ်ရရရှိပါတယ်ဆိုတဲ့ သဘောသက်ရောက်တဲ့ လက်ဆောင်မျိုး ဖြစ်ဖို့ပဲ လိုပါတယ်။

၁၀။ ကိုယ့်ချစ်သူဟာ ကိုယ့်အတွက် သူငယ်ချင်းကောင်းတစ်ယောက်ဖြစ်တယ် ဆိုတာလည်း မမေ့ပါနဲ့။
ကိုယ့်ချစ်သူဆိုတာ ကိုယ့်ရဲ့ အကောင်းဆုံး သူငယ်ချင်းလည်း ဖြစ်ပါတယ်။ ဒီတော့ သူငယ်ချင်းနှစ်ဦးဟာ သူတို့ခံစားချက်တွေကို နားလည်သလို၊ ပွင့်လင်းမှုရှိသလို ချစ်သူနှစ်ဦးကြားမှာလည်း နားလည်မှု ပွင့်လင်းမှုတွေ ရှိသင့်ပါတယ်။



 



Credit : ဖိုးသူတော်  www.phothutaw.com
Credit : Trend Myanmar

No comments:

Subscribe

လာလည်သူများ

free counters