♡♬ ရောရောသမမွှေ ဘလော့ဂ်မှ♪♪ ကြိုပါဆိုတယ်♪♪ မိတ်ဆွေများ ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့တော်မူကြပါစေ♬♡
Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

June 4, 2015

"သူငယ်ချင်းအဖြစ် လက်မခံသင့်သောလူ ၁၀ မျိုး"



လူတွေက အမျိုးမျိုးရှိတယ်ဆိုတာ ပြောစရာမလိုပါ။ ဖြစ်နိုင်ရင် လူကောင်းနဲ့ပဲ ပေါင်းသင်း ဆက်ဆံချင်တယ်ဆိုတာ အားလုံးရဲ့ဆန္ဒဖြစ်ပါလိမ့်မယ်။အကယ်၍ လူဆိုးက ကိုယ့်အနားရှိရင် သူ့ရဲ့မကောင်းသော အကျင့်များက ကိုယ့်အပေါ်ကို လွှမ်းမိုးသွားနိုင်တယ်ဆိုတာကို နားလည်ဖို့လိုပါတယ်။ ဘယ်လိုလူမျိုးကို လက်မခံသင့်သလဲဆိုတာကို ဖတ်ကြည့်လိုက်နော်။

 လူကြွား
★ ဖြစ်နိုင်ရင် ဘယ်နေရာမှာမဆို သူ့အကြောင်းကို ရှေ့တန်းတင်ပြီး ပြောရုံနဲ့မပြီး ဆွဲဆောင် သိမ်းသွင်းရန်အတွက် အမြဲကြိုးစားနေသောသူ။ ပတ်ဝန်းကျင်ကလူတွေက ဘယ်လောက်ပဲမုန်းနေပါစေ။ ဒီလူကတော့ ပြောတာကိုတော့ ရပ်သွားမှာ မဟုတ်ပါ။

 ဥာဏ်မရှိသောသူ
★ ကြိုးစားပြီး သင်ယူမယ်လို့ မစဉ်းစားပဲ အမြဲတမ်း အမှားကို ထပ်ခါတလဲလဲ လုပ်နေသောသူ ဖြစ်ပါတယ်။ ကိုယ့်ရဲ့အမှားကို ဝန်မခံပဲ ပြန်လည် သုံးသပ်မှုမရှိသောသူပါ။

သူတပါးကို အားကိုးလွန်သောသူ
★ ကိုယ်ဟာကို မကြိုးစားပဲ ပတ်ဝန်းကျင်ကသူကို တွယ်ကပ်ပြီး နေထိုင်စားသောက်နေသောသူကို ရှောင်သင့်ပါတယ်။

ပျင်းသောသူ
★ ပျင်းတယ်ဆိုတဲ့အကျင့်ကတော့ ကြောက်စရာအလွန်ကောင်းပါတယ်။ အပျင်းရောဂါဟာ ပတ်ဝန်းကျင်ကိုလည်း ကူးစက်တာကြောင့် ဒီလူနားမှာ မနေသင့်ပါ။

လူ့ဘဝက ခဏလေးပါ။ လုပ်ချင်တာကို လုပ်မယ်ဆိုသောသူ
★ ဒီခံယူချက်က မှန်ပင်မဲ့လည်း အတွေးမှားသွားရင်တော့ လမ်းမှားကို ရောက်သွားပါလိမ့်မယ်။ ဘဝက ခဏလေးဆိုပြီး သောက်မယ်စားမယ်ဆိုရင်တော့ လုပ်ချင်တာလုပ်မယ်ဆိုတာကတော့ မှားတယ်လို့ထင်ပါတယ်။

စကားပြောလွန်သူ
★ အားနေ လေတွေပေးနေပြီးတော့ ဘာမှအကျိုးမရှိတဲ့စကားတွေကို အမြဲပြောနေတဲ့သူကိုတော့ ရှောင်သင့်ပါတယ်။

အမြဲတည်း ငြီးနေသောသူ
★ ဘာမှမလုပ်ရသေး ဖြစ်မလာတဲ့ကိစ္စကို အမြဲတမ်း ငြီးနေသောသူနားမှာတော့ မနေသင့်ပါ။ သူ့ရဲ့ဓာတ်တွေ ကူးပါလိမ့်မယ်။ သူတယောက်တည်း အဆင်မပြေတာမဟုတ် အားလုံးအဆင်မပြေတာပါ။

Credit : Chelmo Tips
 ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...


Credit : http://www.shwechitthu.com/2015/06/blog-post_71.html

No comments:

Subscribe

လာလည်သူများ

free counters