♡♬ ရောရောသမမွှေ ဘလော့ဂ်မှ♪♪ ကြိုပါဆိုတယ်♪♪ မိတ်ဆွေများ ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့တော်မူကြပါစေ♬♡
Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

June 6, 2015

"ကျောက်ကပ် ကျန်းမာစေမယ့် ဖျော်ရည် လုပ်သောက်ကြည့်ချင်တယ်ဆိုရင် "




  ကျောက်ကပ်ဆိုတာ ခန္ဓာကိုယ်ရှိ အရေးကြီးဆုံး အင်္ဂါရပ်များထဲက တစ်ခုဖြစ်ပါတယ်။ ခန္ဓာကိုယ်ထဲ ရောက်လာတဲ့ အန္တရာယ်ဖြစ်စေတဲ့ အရာတွေ ဖယ်ထုတ် သန့်ရှင်းစေဖို့အတွက် နေ့တိုင်း သွေး ၂၀၀ လီတာကျော် စစ်ထုတ်ပေးနေရပါတယ်။
တကယ်တော့ ကျောက်ကပ်ဟာ အညစ်အကြေး ၂ လီတာ ဝန်းကျင်နဲ့ ကျင်ရည်ကနေတဆင့် မလိုအပ်တဲ့ အရည်တွေကို ရှင်းထုတ်ပေးနေတဲ့ ကိုယ်အင်္ဂါ အစိတ်အပိုင်းတစ်စုဖြစ်ပါတယ်။
အဆိပ်အတောက်များတဲ့ အရာတွေက ကျောက်ကပ်၊ ဆီးလမ်းကြောင်းနဲ့ ဆီးအိမ်ရောဂါတွေ ဖြစ်စေနိုင်တယ်။ ကျောက်ကပ်ရဲ့ အဆိုးဆုံး ရန်သူက- ဆား၊ ဂျီအမ်အို၊ သဘာဝမဟုတ်တဲ့ ဆေးသကြားတွေ၊ ကာဗွန်ဒိုင်အောက်ဆိုက် ထည့်ထားတဲ့ အချိုရည်၊ ကဖိန်းနဲ့ ဆေးလိပ်တို့ဖြစ်ပါတယ်။
ကျောက်ကပ်ရဲ့စက္ခုအာရုံ ကျန်းမာစေဖို့ရန်အတွက် ရေများများသောက်ဖို့ အကြံပြုထားပါတယ်။ နောက်ပြီး ဖော်ပြထားတဲ့ ဖျော်ရည်သောက်မယ်ဆိုရင်လည်း အလွန်ထိရောက်ပြီး အကျိုးသက်ရောက်မှုရှိပါတယ်။
လိုအပ်သည့် ပစ္စည်းများ
  • သံပုယို သို့မဟုတ် သံပုယို တစ်ခြမ်း
  • အခွံခွာပြီးသား ကီဝီသီး (၁) လုံး
  • သစ်ကြားသီးရည် ခွက်တစ်ပိုင်း
  • ငှက်ပျောသီး (၁) လုံး
  • လတ်ဆတ်သော တရုတ်နံနံပင် တစ်ခက်
  • ရေ (၁) ခွက်
ပြင်ဆင်ပုံပြင်ဆင်နည်း
သံပုရာ/သံပုယိုသီးကို အရည်ညစ်ယူပြီး အခြားပစ္စည်းအားလုံးနဲ့ အတူ ကြိတ်စက် တစ်ခုထဲ ထည့်ပါ။ တစ်သားတည်းဖြစ်တဲ့အထိ ကောင်းစွာ ရောသမမွှေပေးပါ။
အဲဒီ အချိုရည်ကို မနက်စာ မစားမိ သောက်ပေးပါ။
ပေါ်ထွန်း 
Ref: healthyfoodstar
Source:trend.com.mm
 
 

No comments:

Subscribe

လာလည်သူများ

free counters