♡♬ ရောရောသမမွှေ ဘလော့ဂ်မှ♪♪ ကြိုပါဆိုတယ်♪♪ မိတ်ဆွေများ ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့တော်မူကြပါစေ♬♡
Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

October 10, 2015

" ကိုယ့်ကို စိတ်ဝင်စားလာအောင် မြာစွံလိုလျှင် များများပြုံးပါဟု အကြံပြုပါရစေ"


ရည်မွန်အောင်
တိုကျို ၊ စက်တင်ဘာ ၁၈
          အမျိုးသမီးများနှင့် ရေရှည် တည်မြဲသော ဆက်ဆံရေး ရှိလိုသည့် အမျိုးသားများ ရုပ်တည်ကြီးနှင့် နေခြင်းကို စွန့်လွှတ်ပြီး များများပြုံးဖို့ ရယ်ဖို့လိုသည်ဟု ပညာရှင်များက အကြံပြုလိုက်ပြီ ဖြစ်သည်။
          အမျိုးသားများနှင့် ရေရည်တည်မြဲသော ဆက်ဆံရေး ထားရှိလိုသည့် အမျိုးသမီးများသည် ပြုံးရယ်တတ်သည့် အမျိုးသားများအား ပိုမို ဆွဲဆောင်မှုရှိသည်ဟု ယူဆတတ်ကြောင်း သုတေသန ပညာရှင်များက လေ့လာတွေ့ရှိခဲ့သည်။
          သို့သော် အပျော်တွဲလိုသည့် အမျိုးသမီးများကမူ ပြုံးရယ်သည့် အမျိုးသားများထက် ရုပ်တည်သော အမျိုးသားများကိုသာ ပိုမိုနှစ်သက်တတ်ကြောင်း လေ့လာမှု ပြုလုပ်ခဲ့သည့် နော်ဝေနိုင်ငံ အော်စလို တက္ကသိုလ်နှင့် ဂျပန်နိုင်ငံ ဆန်ရှုတက္ကသိုလ်တို့မှ စိတ်ပညာရှင်များက ပြောဆိုခဲ့သည်။
          လေ့လာမှု ပထမပိုင်း အဖြစ် အမျိုးသမီး(၂၁၈) ဦးတို့အား ပြုံးနေသည့် အမျိုးသားများနှင့် ရုပ်တည်သော အမျိုးသားများ၏ ပုံများကို ပြသပြီး ရေရှည်တွဲရန်နှင့် ခဏတာ အပျော်တွဲရန် ဆွဲဆောင်မှု ရှိသည့် အမျိုးသားများကို ရွေးချယ်စေခဲ့သည်။
          လေ့လာမှု ဒုတိယပိုင်း အဖြစ် အခြားအဖွဲ့မှ အမျိုးသမီး(၇၁) ဦး တို့အား ပြုံးနေသည့် အမျိုးသားများ နှင့် ရုပ်တည်သော အမျိုးသားများ၏ ပုံများကိုပြသပြီး ယုံကြည်စရာ ကောင်းသူနှင့် ယောကျာ်း ပီသသူများကို ရွေးချယ်ရန် ညွှန်ကြားခဲ့သည်။

          လေ့လာမှုတွင် ပါဝင်ခဲ့သည့် အမျိုးသမီးများက ရုပ်တည်သော အမျိုးသားများအား ယောကျာ်းပီသသည်ဟု ပြောဆိုခဲ့သော်လည်း ပြုံးနေသော အမျိုးသားများကိုမူ ယုံကြည်စရာ ကောင်းသည်ဟု ပြောဆိုခဲ့သည်။
            ပြုံးရယ်နေသော အမျိုးသားများအား ယုံကြည်စရာ ကောင်းသူများ အဖြစ် အမျိုးသားများနှင့် ရေရှည် ဆက်ဆံရေး လိုလားသော အမျိုးသမီးများက မှတ်ယူရာတွင် ရေရှည် ဆက်ဆံရေးတွင် လက်ထပ် ထိမ်းမြားမှု၊ မိဘဘ၀သို့ ရောက်ရှိမှုများကိုပါ ထည့်သွင်း တွက်ချက်လေ့ ရှိသောကြောင့် ပညာရှင်များက ပြောသည်။                    



Source:DM
Credit : http://messengernewsjournal.com/General/Eventure/detail.php?id=45459

No comments:

Subscribe

လာလည်သူများ

free counters