
ဓမ္မတာကာလအတွင်း
ကျန်းမာရေးညီညွတ်စေဖို့ အခြေခံအချက်တွေကို လေ့လာထားရင် သင်ကိုယ်တိုင်လဲ ကျန်းမာနေမှာဖြစ်သလို
သင့်ပတ်ဝန်းကျင်က အမျိုးသမီးတွေကိုလည်း အချက်အလက်အပြည့်အစုံ ပြောပြကူညီပေးနိုင်မှာ
ဖြစ်ပါတယ်။ အဓိကကတော့ ဓမ္မတာကာလအတွင်းမှာ ကျန်းကျန်းမာမာဖြစ်ဖို့ရယ် ပိုးမ၀င်ဖို့ရယ်ပါပဲ။
အမျိုးသမီးတွေမှာ
ပိုးဝင်နိုင်တဲ့အန္တရာယ်အရှိဆုံးက ဓမ္မတာကာလပါပဲ။ အထူးသဖြင့် လိင်ဆက်ဆံမှုကလာတဲ့ ပိုးဝင်မှုပေါ့။
ဓမ္မတာကာလအတွင်းမှာ ခန္ဓာကိုယ်ထဲကနေ သွေးတွေထွက်သွားဖို့အတွက် သားအိမ်ဝမှာ အချွဲတွေပိတ်နေတတ်တာကြောင့်
ပိုးဝင်မှုအန္တရာယ်များရတာပါ။ အဲဒါက ဘက်တီးရီးယားတွေကို သားအိမ်ထဲနဲ့ ညှပ်ရိုးခေါင်းပေါက်ထဲဝင်စေဖို့
လွယ်ကူသွားစေပါတယ်။ ယောနိ pH အပြောင်းအလဲကလဲ
တစေးပိုးဝင်ဖို့ကို ပိုဖြစ်နိုင်ချေရှိသွားပါတယ်။
ကျန်းမာတဲ့
ဓမ္မတာကာလဖြစ်စေဖို့ အန္တရာယ်ဖြစ်စေတဲ့ လုပ်ဆောင်ချက်တွေ၊ အခြေအနေတွေကို နားလည်ထားဖို့
အမျိုးသမီးတိုင်းအတွက် အရေးကြီးလှပါတယ်။
အကောင်းဆုံးအလေ့အကျင့်
လုပ်ထားရမှာတွေကို ဖော်ပြပေးပါမယ်။
ပုံမှန်ဆေးကြောပါ။
ခန္ဓာကိုယ်သန့်ရှင်းစေဖို့နဲ့ အနံ့ဆိုးမဖြစ်စေဖို့ တစ်နေ့ကို အနည်းဆုံးတစ်ကြိမ် ရေချိုးသန့်စင်ပေးပါ။
ရေမချိုးခင်မှာ လက်ကိုစင်ကြယ်အောင်ဆေးပြီး လစဉ်သုံးပစ္စည်းကို လဲလှယ်ပေးခြင်း (သို့)
ယောနိကို သန့်ရှင်းရေးလုပ်ပေးပါ။
စနစ်တကျ ဆေးကြောပါ။
ယောနိက တခြားခန္ဓာကိုယ်အစိတ်အပိုင်းတွေထက် ထိခိုက်လွယ်တာကြောင့် မတူညီတဲ့ ဆေးကြောမှုပုံစံတစ်မျိုးလိုအပ်ပါတယ်။
ယောနိကို အတွင်းကျကျအမြဲဆေးကြောပါ။ သာမန်ဆပ်ပြာ၊ ရှန်ပူတွေကို အတွင်းပိုင်းတွေအတွက်
အသုံးမပြုပါနဲ့။ သဘာဝ အက်ဆစ်ဓာတ်ကို ဖောက်ပြန်စေနိုင်လို့ပါ။ အထူးဖော်စပ်ထုတ်လုပ်ထားတဲ့
ဆေးတွေနဲ့ ရေနွေးကိုအသုံးပြုပြီး လက်နဲ့ဆေးကြောပေးတာ အကောင်းဆုံးပါ။
အ၀တ်အစား
ရွေးချယ်ပါ။ အသက်ရှူရကြပ်တဲ့ အထည်သားနဲ့ ကြပ်လွန်းတဲ့ အ၀တ်အစားတွေကို ရှောင်ပါ။ ယောနိကို
ဖိလွန်းအားကြီးတဲ့ အ၀တ်အစားတွေက အစိုဓာတ်နဲ့အပူကိုတိုးစေပြီး အရေပြားကို ယားယံစေတတ်ပါတယ်။
လန်းဆန်း၊ ခြောက်သွေ့စေဖို့အတွက် ချည်သားအောက်ခံနဲ့ ပွပွချောင်ချောင် အင်္ကျီတွေကို ၀တ်ပါ။
လစဉ်သုံးပစ္စည်းတွေကို
မကြာမကြာလဲလှယ်ပေးပါ။ လစဉ်သုံးတစ်ခုတည်းကို ဆက်တိုက်အသုံးပြုခြင်းက ပိုးဝင်မှုအန္တရာယ်များပြီး
သွေးအဆိပ်သင့်တာဖြစ်တဲ့ toxic shock syndrome ကိုဖြစ်စေနိုင်ပါတယ်။
မှန်ကန်တဲ့
သွေးထိန်းတောင့်ကိုသုံးပါ။ စုပ်ယူမှုအားအနည်းဆုံး သွေးထိန်းတောင့်ကိုသာ သုံးပြီး ဓမ္မတာကာလကလွဲပြီး
ဘယ်တော့မှ မသုံးပါနဲ့။
ရှေ့မှနောက်သို့
ဆေးကြောပေးပါ။ နောက်မှရှေ့သို့ ဆေးကြောတဲ့အခါ စအိုကနေ အန္တရာယ်ရှိဘက်တီးရီးယားတွေ ထိတွေ့ဝင်ရောက်လာနိုင်တဲ့အတွက်ကြောင့်
ရှေ့ဘက်ကနေ၊ နောက်ဘက်ကို သက်သက်စီ ဆေးကြောတာကောင်းပါတယ်။
စိတ်ချရတဲ့
လိင်ဆက်ဆံမှု ဖြစ်ပါစေ။ ဓမ္မတာကာလအတွင်း အမျိုးသမီးတွေဖြစ်နိုင်တဲ့ နောက်ထပ်အန္တရာယ်တစ်ခုကတော့
သွေးကနေတဆင့်ကူးဆက်တဲ့ ရောဂါတွေပါပဲ။ ဥပမာ ကာကွယ်မှုမဲ့ လိင်ဆက်ဆံရာကနေရတဲ့ HIV ပေါ့။
သုတ်ကနေ (ဒါမှမဟုတ်) ယောနိစစ်ထုတ်မှုကနေလာတဲ့ အရည်ကြည်တွေထက်ကို ကူးစက်နိုင်မှုပိုများလို့
ဖြစ်ပါတယ်။
( Skyler
)
#သစ်ထူးလွင်(ကျန်းမာရေး)
No comments:
Post a Comment