♡♬ ရောရောသမမွှေ ဘလော့ဂ်မှ♪♪ ကြိုပါဆိုတယ်♪♪ မိတ်ဆွေများ ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့တော်မူကြပါစေ♬♡
Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

October 8, 2015

*** ပန်းနုရောင် နှုတ်ခမ်းအလှပိုင်ရှင် ဖြစ်စေချင်ရင်ပေါ့ဟယ် ***

 ပြုံးနေတဲ့ နှုတ်ခမ်းတစ်စုံဟာ ပျော်ရွှင်မှုတွေနဲ့ တောက်ပရွှန်းစိုကာ ကျက်သရေရှိစေတာအမှန်ပါ။ ပြုံးအလှပိုင်ရှင်များ လှသထက် ပိုမိုလှအောင် နေ့ စဉ်နဲ့ အမျှ နှုတ်ခမ်းဆိုးဆေးရောင်စုံဆိုးနေရတာကြောင့် နှုတ်ခမ်းရဲ့  သဘာဝပန်းနုရောင်ပျောက်ကုန်ပြီး တချို့  က ဖြူရော်ရော်၊ တချို့ က ညိုတိုတို တွေဖြစ်ကုန်ကြရပါတယ်။ မူလနှုတ်ခမ်းသဘာဝ ပန်းနုရောင်လေးပြန်ရအောင် အောက်ပါ နည်းလမ်းတွေထဲက မိမိနှစ်သက်ရာ အဆင်ပြေတဲ့တစ်ခုကိုသုံးပြီး တစ်နေ့ တာလုံးအတွက် ၁၅ မိနစ်လောက်သာ အချိန်ပေး ပြုပြင်ကြည့်စေလိုပါတယ်။

(၁) နှုတ်ခမ်းတိုက်ပေးပါ။
ညအိပ်ယာဝင်ခါနီး
သွာတိုက်ပြီးတိုင်း နှုတ်ခမ်းသားလေးကို သွားတိုက်တံဖြင့် ခပ်ဖွဖွပွတ်ပေးရပါမယ်။ ဒါမှသာ တနေကုန် သုံးထားထဲ့ နှုတ်ခမ်းဆိုးဆေးများ၊ မမြင်နိုင်တဲ့အညစ်အကြေးများ၊ ဂျီးကပ်နေတဲ့ တံတွေးအခြောက်များ၊ နှုတ်ခမ်းသားအပေါ်ယံ ဆဲလ်အသေများအားလုံး သန့် စင်ပြီးတော့ နှုတ်ခမ်းသားလေး နူးညံ့လာစေမှာပါ

(၂) နှိပ်ပေးပါ။
နှုတ်ခမ်းတိုက်ပေ
းပြီးတဲ့အခါ၊ ဗာဒံစေ့ဆီ နဲ့ သံပုရာရည်ရောပြီးတော့ နှုတ်ခမ်းကို ခပ်ဖွဖွလေးနှိပ်ပြီးမှအိပ်ပါ။ ညတိုင်းအဲဒီလို နှိပ်ပေးပါ။ ၅-ရက်အတွင်းမှာပင် သိသိသာသာ သင့်နှုတ်ခမ်းသားလေး အာဟာရပြုကာ အားပြည့်လာပြီးတော့ နှုတ်ခမ်းဆိုး ဆေးတွေကြောင့် နှုတ်ခမ်းသားညိုခြင်း၊ ညစ်ခြင်းတွေအားလုံး ပျောက်ကင်းသွားစေပါတယ်။

(၃) သကြားနဲ့  ပွတ်တိုက်ပေးပါ။
သကြားကို သံလွင်ဆီ၊ နွားနို့ တို့ နဲ့ ရောစပ်ပြီးရလာတ
ဲ့ အနှစ်နဲ့  နှုတ်ခမ်းကို ခပ်ဖွဖွပွတ်တိုက်ပေးပြီး၊ ၁၅ မိနစ်ခန့် ကြာမှ ရေနဲ့  ဆေးကြောပါ။ ဆဲလ်နဲ့  အရေပြားအသေများ အချပ်လိုက်အလွှာလိုက်ကွာကျသွားပြီး၊ စိုစိုထွေးထွေးအိအိ အလှပိုင်ရှင်ဖြစ်ပြီ ပေါ့ရှင်။

(၄) သလဲသီးအစေ့ကို သုံးပါ။
သလဲသီးထဲက အစေ့လေးတွေကို ဇလုံတစ်လုံးထဲထည
့်ကျိတ်ချေပါ။ ပြီးရင် နွာနို့ နဲနဲရော၍ ရလာတဲ့အနှစ်ဖြင့် နှုတ်ခမ်းသားထဲ ထိစိမ့်ဝင်အောင် အသာအယာတို့ ပေးပါ။ ၁၅ မိနစ်ခန့် အကြာမှာ ရေနဲ့ ဆေးကြောလိုက်တဲ့အခါ၊ ထူးခြားမှုကို လက်တွေ့ သိရပါ လိမ့်မယ်။ ဒီနည်းအတိုင်း မှန်မှန်လုပ်ပေးခြင်းဖြင့် ပန်းနုရောင် စိုစိုဝင်းဝင်းနှုတ်ခမ်းသားကို ရရှိစေပါတယ်။

(၅) နေကြာစေ့ဆီ သုံးပါ။
နေကြာစေ့ဆီ၊ သံပုရာရည် နဲ့  နွားနို့  တို့ ကို သမအောင်ရောနယ်ပြ
ီး နှုတ်ခမ်းကို လိမ်းပြီးမှအိပ်ပါ။ တညတာလိမ်းအိပ်ရုံနဲ့  အကျိုးထူးကိုခံစားသိရှိစေမှာ အမှန်ပါ။

(၆) နှင်းဆီနီပွင့်ဖ
တ် သုံးပါ။
အနီရောင်နှင်းဆီ
ပွင့်ဖတ်လေးတွေကို နွားနို့ ရည်မှာနှစ်စိမ်ပြီးတော့ ချေပါ။ (အလှဆီနဲ့ ပျားရည် ရောထဲ့နိုင်ရင်ပိုကောင်းပါတယ်) ရလာတဲ့အနှစ်ကို နှုတ်ခမ်းပေါ်တင်ပြီးပွတ်ပေးလိုက်ရုံပါဘဲ။ ဒီနည်းအတိုင်း နေ့ စဉ်လုပ်ပေးခြင်းဖြင့် ရက်အနည်းငယ်အတွင်း ပန်းနုရောင်နှုတ်ခမ်းကို ပိုင်ဆိုင်လာနိုင်ပါတယ်။

(၇) သဘာဝသစ်သီးဖျော်
ရည်ကို သုံးပါ။
လိမ္မော်ခွံက နှုတ်ခမ်းသားများ
ကို သန့် စင်စေတဲ့အပြင် အစိုဓာတ်ထိန်းပေးနိုင်တာကြောင့် လိမ္မော်ခွံနဲ့ ပွတ်ပါ။ သခွားသီး၊ မုန်လာ ဥနီအရှည်နဲ့ ၊ beet root(ခေါ်)သကြားမုန်လာဥ(ခေါ်)သွေးရောင်ကဲ့သို့ မုန်ုလာဥအနီလုံး တို့ ကလည်း ကောင်းကျိုးပြုတဲ့ အတွက် ထိုနှစ်သက်ရာ သဘာဝသစ်သီးလေးများကို ဖျော်ရည်လုပ်၍လိမ်းပေးခြင်းဖြင့် ရက်အနည်းအတွင်း ထူးခြားစွာ နှုတ်ခမ်း သားအရောင်တောက်ပလာစေပါလိမ့်မယ်။

(၈) ဆေးလိပ်မသောက်ပါ
နဲ့ ။
ဆေးလိပ်က အဆုတ်ကို အရောင်မည်းစေရုံ
သာမက၊ နှုတ်ခမ်းသားတွေကိုလည်း ညိုမှောင်စေပါတယ်။ ကော်ဖီ၊ လ္ဘက်ရည် နဲ့  အရက်တွေကလည်း ထိုနည်း၎င်းပါဘဲ။ အဲဒါတွေအားလုံးက နှုတ်ခမ်းအတွင်းသားထဲက ရေဓာတ်ကိုခမ်းခြောက်စေလို့ ၊ ဖြေဆေးအဖြစ် ရေများများသောက်ဖို့ မမေ့ပါနဲ့ ။
+++++++++++++++
+++++++++++++++
အလှအပမြတ်နိုးသူ
တိုင်း လှသထက်ပို၍ လှနိုင်ကြပါစေ။
(ပေါက်ပေါက်....
မျှဝေသည်)
(မှီငြမ်း။ (မှီငြမ်း။ Beauty Mantra@Natural tips to make your Lips Pink)
 

No comments:

Subscribe

လာလည်သူများ

free counters