♡♬ ရောရောသမမွှေ ဘလော့ဂ်မှ♪♪ ကြိုပါဆိုတယ်♪♪ မိတ်ဆွေများ ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့တော်မူကြပါစေ♬♡
Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

October 7, 2015

"မင်းသားကြီး အာနိုး Golden Icon ဆုရရှိ"

 
အက်ရှင်ဇာတ်ကြမ်း မင်းသားကြီး အာနိုး ရှာဝါဇနက်ဂါသည် ၎င်း၏ရုပ်ရှင်နှင့် နိုင်ငံရေး နယ်ပယ်များသို့ ထည့်ဝင်သယ်ပိုး မှုများအတွက် ဇူးရစ် ရုပ်ရှင်ပွဲတော်တွင် အမြင့်ဆုံး ဆုတစ်ခုဖြစ်သည့် Golden Icon ဆုကိုရရှိခဲ့ကြောင်း သိရသည်။

          ရှာဝါဇနက်ဂါသည် Terminator နှင့် Conan ဇာတ်ကားများဖြင့်  နာမည်ကျော်ကြား ခဲ့သူဖြစ်သည်။ ၎င်းသည် ကယ်လီဖိုးနီးယား ပြည်နယ် အုပ်ချုပ်ရေးမှူးအဖြစ် ၂၀၀၃ မှ ၂၀၁၁ ခုနှစ် အထိ သက်တမ်းနှစ်ကြိမ် ထမ်းဆောင်ခဲ့သည်။

          ““သရုပ်ဆောင် နယ်ပယ်ကို ပြန်ဝင်ခွင့်ရတဲ့အတွက် ၀မ်းမြောက်မိ ပါတယ်။ နောက်ထပ် ရုပ်ရှင်တွေ ရိုက်ကူးပါဦးမယ်”” ဟု ၎င်းက ပြောဆိုခဲ့သည်။ Golden Icon ဆုကို ယခင်ကရရှိခဲ့သူများထဲတွင် ဒီယန်ကီတန်နှင့် မော်ဂင်ဖရီးမန်းတို့ ပါဝင်ခဲ့သည်။

          အသက် (၆၈) နှစ်အရွယ် သြစတြီးယားနွယ်ဖွား အမေရိကန်နိုင်ငံသား ရှာဝါဇနက်ကာသည် ၎င်း၏ နောက်ဆုံးထုတ် Maggie ရုပ်ရှင်ကားကို ရုပ်ရှင်ပွဲတော်တွင် ပြသခဲ့သည်။ ရုပ်ရှင်ကားတွင် သေဆုံးခါနီး သမီးဖြစ်သူကို စောင့်ရှောက် နေသည့် လယ်သမားဖခင် တစ်ဦးအဖြစ် သရုပ်ဆောင် ထားသည်။

          ရှာဝါဇနဲကာ၏ ယခင်ဇာတ်လမ်းများနှင့် ကွဲပြားချက်မှာ Maggie သည် သည်းထိတ်ရင်ဖိုကား ဖြစ်နေခြင်းဖြစ်သည်။ မင်းသားကြီးသည် Twins နှင့် Kindergarden Cop တို့ကဲ့သို့ ဇာတ်မြူးကားများ တွင်လည်း ပါဝင်သရုပ်ဆောင် ခဲ့သည်။

          ရှာဝါဇနက်ကာသည် သြစတြီးယား ကျေးလက်ဒေသတွင် ကြီးပြင်းခဲ့သူဖြစ်ပြီး ဖခင်မှာ ဒေသခံ
ရဲတပ်ဖွဲ့စခန်းမှ ရဲမှူးတစ်ဦး ဖြစ်သည်။ ငယ်ရွယ်စဉ်မှစပြီး ၎င်းသည် ခန္ဓာကိုယ်ကြံ့ခိုင်ရေးကို စိတ်ဝင်စားခဲ့သည်။ အမေရိကန် ပြည်ထောင်စုသို့ ပြောင်းရွှေ့နေထိုင်ပြီး နောက်တွင် ၄င်းသည် မောင်စကြ ၀ဠာဆုကို ရရှိခဲ့သည်။ ဆုရရှိချိန်တွင် ရှာဝါ ဇနက်ကာမှာ အသက် (၂၀) သာရှိသေးသည်။    

Credit:BBC

No comments:

Subscribe

လာလည်သူများ

free counters