♡♬ ရောရောသမမွှေ ဘလော့ဂ်မှ♪♪ ကြိုပါဆိုတယ်♪♪ မိတ်ဆွေများ ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့တော်မူကြပါစေ♬♡
Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

October 10, 2015

" ရည်းစားနဲ့ စကားများလို့ ကားကို အုတ်ခဲဖြင့်ထုတဲ့ အမျိုးသမီး"

 
တရုတ်နိုင်ငံမှ  အမျိုးသမီးတစ်ဦးသည် ချစ်သူနှင့် စကားများပြီးနောက် ထူးခြားသည့် အပြုအမှု ပြုလုပ်ခဲ့သည်။ အဆိုပါ အမျိုးသမီးမှာ အုတ်ခဲကိုကိုင်ပြီး ကားကို ရိုက်ခွဲဖျက်ဆီးခဲ့ခြင်း ဖြစ်သည်။ အမျိုးသမီးတစ်ဦး လမ်းမအလယ်တွင် ကားကိုရိုက်ခွဲ ဖျက်ဆီးနေသည့် မြင်ကွင်းကို မြင်တွေ့ရသူအဖို့ အံ့အားသင့်စရာ ဖြစ်ခဲ့သည်။
      ယင်းဖြစ်ရပ်မှာ ZhengZhou အရပ်ဒေသတွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။ အဆိုပါ အမျိုးသမီးမှာ သူ၏ ကိုယ်ပိုင်ကားကို ရိုက်ခွဲခဲ့ခြင်း ဖြစ်သည်။
      ယင်းသို့ ပြုလုပ်ခဲ့သည့် အမျိုးသမီး အမည်ကို ဖော်ပြထားခြင်း မရှိသော်လည်း ထူးခြားသည့် အပြုအမူကြောင့် လူအများ ၀ိုင်းကြည့်ရှုခဲ့ပြီး ဗီဒီယိုဖိုင်ကိုလည်း လူမှုကွန်ရက်တွင် တင်ရှိခဲ့သည်။ ရိုက်ခွဲခံရသော ကားမှာ  ပေါင် ( ၄၂၀၀၀) တန် Audi Q3 အမျိုးအစား ဖြစ်သည်။ စက်တင်ဘာ (၁၉) ရက်၊ နံနက် (၁၁း၀၀) နာရီတွင် အမျိုးသမီးငယ်သည် အုတ်ခဲကို ကိုင်ဆောင်ပြီး ကားမှန်ကို ထုရိုက်ခွဲမှု ပြုလုပ်ခဲ့သည်။ ယင်းနောက် ဘေးတံခါးမှန်များကိုလည်း ရိုက်ခွဲခဲ့သည်။ ကားကို တစ်ပတ်ပတ်ကာ စိတ်ကြိုက် ရိုက်ခွဲမှု ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။
      ယင်းနောက် အမျိုးသမီးသည် ကားသော့ကိုကိုင်ပြီး သူ့အား ၀ိုင်းကြည့်ရှုသူများအား ချိုသာသော အပြုံးများဖြင့် နှုတ်ဆက်ခဲ့သည်။ အမျိုးသမီးသည် ကားကို အုတ်ခဲဖြင့် ရိုက်ခွဲခဲ့သောကြောင့် လက်တွင်လည်း ဒဏ်ရာများ
ရရှိခဲ့သည်။ အဆိုပါ ဖြစ်ရပ်ကို မြင်တွေ့သူများက စိုးရိမ်ပြီး ရဲစခန်းကို ဖုန်းဆက်တိုင်ကြားခဲ့သည်။ ကိုယ်ပိုင်ဆိုင်သောကားကို ဖျက်ဆီးခြင်း ဖြစ်သော်လည်း ပတ်ဝန်းကျင်ကို အနှောင့်အယှက် ဖြစ်စေသောကြောင့် အဆိုပါ အမျိုးသမီးကို ရဲတပ်ဖွဲ့က အရေးယူ ဆောင်ရွက်ခဲ့သလား ဆိုသည်ကို တိကျစွာ သိရှိခွင့် မရသေးကြောင်း သတင်းတွင် ဖော်ပြထားသည်။ ပျက်စီးမှုတန်ဖိုးက ပေါင် (၅၀၀၀) ခန့် ရှိကြောင်း သိရသည်။

Credit : http://messengernewsjournal.com/General/Eventure/detail.php?id=45476

No comments:

Subscribe

လာလည်သူများ

free counters