စိတ်လှုပ်ရှားနေတဲ့ ကျားသစ်ဟာ ခေါင်းဝင်နေတဲ့ အိုးကို ပြန်ချွတ်ဖို့ ဟိုဟိုဒီဒီ လျှောက်သွားခဲ့ပါတယ်။
ဒီမတော်တဆဖြစ်ရပ်ကို ဘေးက ရပ်ကြည့်သူ အတော်များများက မှတ်တမ်းတင် ဓာတ်ပုံရိုက်ခဲ့ကြတာပါ။
သစ်တောအရာရှိတွေ ရောက်လာပြီး ကျားသစ်ကို ငြိမ်ဆေးကျွေး ကယ်ဆယ်ခဲ့ပါတယ်။ အိုးကိုချွတ်ပေးပြီး ကျားသစ်ကို အထူးလှောင်အိမ်ထဲထည့် ကားနဲ့သယ်သွားပြီး တောနက်ထဲ ပြန်လွှတ်ပေးခဲ့ကြပါတယ်။
ကျားသစ်ဟာ အသက် ၃ နှစ်ကနေ ၃ နှစ်ခွဲသားရှိပြီး မြို့နားက သတ္တုတွင်းတူးရာ ချိုင့်ဝှမ်းမှာ ကျက်စားနေသူ ဖြစ်တယ်လို့ ခရိုင် သစ်တောအရာရှိက ပြောပါတယ်။
အိန္ဒိယမှာ သားရိုင်း စားကျက်မြေတွေကို ဖျက်ဆီးနှောင့်ယှက်မှုကြောင့် သားရိုင်းတိရစ္ဆာန်နဲ့ လူတို့ကြား ပဋိပက္ခတွေ
အဓိက ဖြစ်ပွားနေပါတယ်။
ကျားသစ်လို သားရိုင်းတွေဟာ လူနေဒေသကို မကြာခဏ ရောက်လာပြီး အစာနဲ့ သားကောင် ရှာဖွေလေ့ ရှိပါတယ်။
DVB
Credit : http://www.lwinpyin.com/2015/10/blog-post_2.html
No comments:
Post a Comment