♡♬ ရောရောသမမွှေ ဘလော့ဂ်မှ♪♪ ကြိုပါဆိုတယ်♪♪ မိတ်ဆွေများ ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့တော်မူကြပါစေ♬♡
Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

October 9, 2015

" မိန်းကလေးတွေ မုန်းသော ကားမောင်းကြမ်းသူများ "




မိန်းကလေးကို ဘေးထိုင်စေပြီး ကားမောင်းနေချိန်မှာ ယောင်္ကျားလေးတွေ ပြောင်းလဲသွားတာရှိလား။
အသက် ၂၀ ကနေ ၃၀ ပတ်ဝန်းကျင် မိန်းကလေး အယောက် ၂၀၀ ကို မေးကြည့်တော့ အောက်ပါအတိုင်း အဖြေတွေရရှိခဲ့ပါတယ်။
★★ မိန်းကလေးဘေးထားပြီး ကားမောင်းကြမ်းသူများ Ranking

၀၁. ချက်ချင်း ဟွန်းတီးရမှသာလျှင် ထမင်းစားဝင်သူ
ဒီလူကတော့ သည်းခံခြင်းတရားက ပျောက်နေပြီလို့ပဲ ခံယူလိုက်ပါတော့တယ်။ အမြဲစိတ်တိုနေပြီး ဖြစ်လာရင် ရိုက်မယ်ချည်းပဲစဉ်းစားနေပုံရတယ်။

၀၂. အရှေ့ကားနဲ့ အရမ်းကပ်လိုက်သူ
ရှေ့ကကားက ရုတ်တရက်ရပ်လိုက်လို့ကတော့ မစဉ်းစားဝံ့ပါ။ အဲဒါကြောင့် သူ့နားမှာစီးရတာ ရင်တထိန့်ထိန့်နဲ့ပါ။

၀၃. ကားကို ဆောင့်ထွက်၊ အရမ်းမောင်းသူ
ကားမောင်းတာ မကျင်လည်သေးဘူးလို့ထင်တယ်။ သူ့ကားစီးရတာ ကိုယ်တိုင်တောင် ကြောက်လာတယ်။

၀၄. ဘရိတ်ကို ဆောင့်အုတ်သူ
ပတ်ဝန်းကျင်ကို ကြည့်ပြီး ကားမမောင်းတတ်ဘူးလို့ထင်တယ်။ နောက်ပြီး သူ့ဘေးမှာ စီးနေတဲ့သူရှိတယ်ဆိုတာကို မေ့နေလားမသိဘူး။

၀၅. လမ်းကြောင်းပြောင်းချိန်မှာ တောင်ကြည့်မြောက်ကြည့်နဲ့ ရှေ့မတိုးသောသူ
ကားမမောင်းတတ်သေးဘူးနဲ့တူတယ်။ သူ့ကြည့်ပြီး ကိုယ်ပဲမောင်းလိုက်ချင်ပါတော့တယ်။ အရာရာ ဆုံးဖြတ်ချက်ချတဲ့အခါ နှေးမဲ့ပုံပါပဲ။

၀၆. အားနေရင် ရှေ့ကားကို ကျော်တက်ချင်၊ ပြိုင်မောင်းချင်သူ
ကားပြိုင်နေတယ်လို့များထင်နေလားမသိဘူး။ သူများကားဘာဖြစ်ဖြစ် ကိစ္စမရှိဘူးလို့တွေးထားပုံရတယ်။

၀၇. ရုတ်တရက်ကြီး ကွေ့ချသူ
သေပြီအောင့်မေ့ပါတယ်။ သူ့ကားစီးရတာ မြန်မြန် ဘဝကူးတော့မယ့်ပုံပါပဲ။

၀၈. အားနေရင် လမ်းကြောင်းတွေကို ဘယ်ကနေညာပြောင်း အငြိမ်မနေနိုင်သူ
စိတ်ဖောက်နေတာလား မသိပါဘူး။ ဂနာမငြိမ်တာကို တွေ့ရတော့ စီးရင်းကြောက်လာတယ်။

၀၉. ကိုယ့်အရှေ့ကို ဖြတ်ဝင်လာတဲ့သူဆိုရင် လုံးဝကို လမ်းမပေးချင်သူ
ကိုယ်ကျတော့ ဝင်ပြီးတော့ သူများကိုတော့ လမ်းမပေးချင်တဲ့သူဆိုတာ စိတ်ပုတ်ပေါ့။


၁၀. မီးဝါနေချိန်မှာ လွတ်သေးတယ်ဆိုပြီး ဆက်မောင်းသူ
သေဖို့ နီးနေပါပြီ။ ဘယ်အချိန်တိုက်မလဲလို့ ရင်ထဲမှာ တထိမ့်ထိမ့်နဲ့ စီးနေရပါတယ်။

ကဲ အပေါ်မှာ အဖြေလေးတွေကတော့ ဂျပန်နိုင်ငံမှာတွေ့နေရတဲ့ အခြေအနေတွေပါ။ မြန်မာပြည်နဲ့ နင်လားငါလားပါပဲဆိုတာ ပြောစရာတောင်မလိုတော့ပါ။


#ChelmoTeam
Credit. r25.yahoo
Credit Photo. img.dclog
Credit : http://chelmo.tips/news/world-news/511-201509220001.html

No comments:

Subscribe

လာလည်သူများ

free counters