♡♬ ရောရောသမမွှေ ဘလော့ဂ်မှ♪♪ ကြိုပါဆိုတယ်♪♪ မိတ်ဆွေများ ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့တော်မူကြပါစေ♬♡
Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

October 10, 2015

"မွန်ချောကတဲ ငါးခြောက်ပဲကြီးဟင်း" (Wut Yee Food House)

 Mon_Chaw_Ka_Lae3
မွန်ချက်နည်း တစ်မျိုးဖြစ်တဲ့ မွန်ချောကတဲ ငါးခြောက်ပဲကြီးဟင်းပါ။ ဒီချက်နည်းက သီးစုံကုလားဟင်း ချက်နည်းနဲ့ခပ်ဆင်
ဆင်ပါပဲ။ ဒါပေမယ့် အရသာ တမျိုးလေးနဲ့ စားလို့ အ၇မ်းကောင်းပါတယ်။ ငါးခြောက်နဲ့ သီးစုံ၊ အာလူးနဲ့ ရောချက်ထားတာပါ။ 
ခုပဲ တူတူ ချက်ကြည့်ရအောင်…

ပါဝင်ပစ္စည်းများ
  • ပဲကြီး – နို့ဆီဘူး (တ၀က်)
  • ငါးခြောက် (သို့) ငါးရံ့ခြောက် – ၁၀ကျပ်သား (၁လက်မအရွယ် အတုံးများ တုံးပါ)
  • ရုံပတီသီး – ၆တောင့် (၁လက်မအရွယ် ပိုင်းဖြတ်ပေးပါ)

  • ခရမ်းသီး – ၁ခု (အတုံးများ တုံးပေးပါ)
  • အာလူး(လုံးသေး) – ၈လုံး (ကျက်အောင် ပြုတ်ထားပေးပါ)
  • ကြက်သွန်ဖြူ – ၂မွှာ (နှုတ်နှုတ်စဉ်းပါ)
  • ကြက်သွန်နီ – တ၀က် (နှုတ်နှုတ်စဉ်းပါ)
  • ဂျင်း – လက်ဖက်ရည်ဇွန်း တ၀က် (မညက်တညက်ထောင်းပြီ အရည်ညှစ်ပါ)
  • ငရုတ်သီးမှုန့် – လက်ဖက်ရည်ဇွန်း ၁ဇွန်း
  • မန်းကျဉ်းရည် – စားပွဲတင်ဇွန်း ၁ဇွန်း
  • မဆလာ – လက်ဖက်ရည်ဇွန်း ၄ပုံ၁ပုံ
  • ကလဝေရွက် – ၂ရွက်
  • နံနံပင် – လက်တဆုပ်စာ (ပါးပါးလှီးပါ)
  • ပဲနံ့သာ – လက်ဖက်ရည်ဇွန်း ၃ပုံ၁ပုံ (optional)
  • ရေ – ခွက် ၁ခွက်
Mon_Chaw_Ka_Lae

ချက်နည်း
၁။ အရင်ဆုံး ဒယ်ထဲ ပဲကြီးထည့်၊ ပဲကြီးလက်၂ဆစ်မြုပ်ရုံ ရေထည့်ပြီ ၅မိနစ်ခန့် ပြုတ်ပေးထားပါ။
၂။ ပြီလျှင် ဒယ်ထဲ ဆီ(စားပွဲတင်ဇွန်း ၂ဇွန်း) ထည့်ပြီ ဆီပူလာလျှင် ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ ဂျင်း၊ ပဲနံ့သာ၊ ကလဝေရွက်တို့ကို ဆီသပ်ပေးပါ။

Mon_Chaw_Ka_Lae1

၃။ ပြီနောက် ငရုတ်သီးမှုန့် ထည့်ပြီ မိနစ်ဝက်ခန့် ရောမွှေပါ။
၎။ ထို့နောက် ငါးခြောက်၊ ပဲကြီး၊ ရုံပတေသီး၊ ခရမ်းသီး၊ အာလူး၊ ရေ(ခွက် ၁ခွက်) ထည့်ပြီ ဆူအောင် တည်ထားပေးပါ။
၅။ သီးစုံနွမ်းသွားပြီဆိုလျှင် မန်းကျည်းရည်ထည့်၊ အရသာအတွက် ဆား(လက်ဖက်ရည်ဇွန်း ၃ပုံ၁ပုံ)၊ သကြား(လက်ဖက်ရည်ဇွန်း တ၀က်) ထည့်ပေးပါ။

Mon_Chaw_Ka_Lae2

၆။ နောက်ဆုံးမှ မဆလာ၊ နံနံပင် အုပ်ပြီ အရသာရှိစွာ သုံးဆောင်လို့ရပါပြီ…

Mon_Chaw_Ka_Lae3 

Credit : http://www.wutyeefoodhouse.com/?p=9069#more-9069
———————————————————————–

No comments:

Subscribe

လာလည်သူများ

free counters