♡♬ ရောရောသမမွှေ ဘလော့ဂ်မှ♪♪ ကြိုပါဆိုတယ်♪♪ မိတ်ဆွေများ ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့တော်မူကြပါစေ♬♡
Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

December 9, 2015

"ခန္ဓာကိုယ်အလှဆင် ကိုယ်ပျောက် အနုပညာ ဓါတ်ပုံများ "

 



 FOREIGN201512080501000137648770148

FOREIGN201512080501000432649033900 

FOREIGN201512080502000129391765622 

FOREIGN201512080502000424636369236 

 

 

 

 

 

 

 

 

 
 

 










 
ဒါဟာ မြင်နိုင်ခြင်းနဲ့ မမြင်နိုင်ခြင်းကြားက တူတူပုန်းတမ်း ကစားရသလို စိတ်လှုပ်ရှားစရာ အကောင်းဆုံးအရာ တခုပါ။
ဒီဓာတ်ပုံတွေကို သေသေချာချာကြည့်ရင် နောက်ခံရှုခင်းတွေထဲမှာ တသားတည်းကျနေတဲ့ လူပုံတွေကို ကျော်ကြားတဲ့ နေရာတွေနဲ့အတူ မြင်ရပါလိမ့်မယ်။
ကွန်ပျူတာ အထူးပြုလုပ်ချက်တွေ မပါဝင်တဲ့ ဒီဓာတ်ပုံတွေရဲ့ ဖန်တီးရှင် ထရီနာ မေရီဟာ အသက် ၃၅ နှစ်အရွယ် အမေရိကန်အမျိုးသမီး အနုပညာရှင်တဦးဖြစ်ပြီး ခန္ဓာကိုယ်အလှဆင် အနုပညာ ဖန်တီးမှုတွေကြောင့် လူသိများပါတယ်။
အခုဓာတ်ပုံရိုက်ယူထားတဲ့ နေရာတွေဖြစ်တဲ့ ရောမက ရှေးဂရိခေတ် ပွဲကြည့်စင်နဲ့ အဆောက်အဦ၊ တရုတ်နိုင်ငံက မဟာရံတံတိုင်းတွေဟာ ကုလသမဂ္ဂအဖွဲ့ရဲ့ ၂၀၀၇ ခုနှစ်အတွက် ကမ္ဘာ့အံ့ဖွယ်နေရာ ၇ ခုအဖြစ် သတ်မှတ်ထားခြင်းခံရတဲ့ နေရာတွေဖြစ်ပါတယ်။
ဒီပုံတွေကို ရဖို့အတွက် ၈ နာရီကြာ ပြင်ဆင်ခဲ့ရပြီး ပိုမိုအနုပညာဆန်တဲ့ အရာတွေနဲ့ ဖန်တီးခဲ့ရတာလို့ ထရီနာမေရီက ပြောပါတယ်။
“ခန္ဓာကိုယ်အလှဆင် အနုပညာကို တကယ့်အရှိတရား စစ်မှန်မှုပေါ်မှာ ရောင်ပြန်ဟပ်နိုင်ဖို့ အာရုံစိုက်ထုတ်ခဲ့ရပါတယ်” လို့ သူကဆိုပါတယ်။
သူဟာ ၂၀၀၆ ခုနှစ်မှစတင်ကာ အမျိုးသမီး စံပြမယ်တဦးနဲ့အတူ လက်တွဲလုပ်ကိုင်ခဲ့ပြီး ခုချိန်မှာတော့ တခြားအမျိုးသားတဦးနဲ့ပါ လက်တွဲလုပ်ကိုင်နေခဲ့ပါတယ်။
သူ့ရဲ့ဇာတိ နယူးယော့ခ်မြို့မှာ အမျိုးသမီး ကိုယ်ခန္ဓာအလှဆင် အနုပညာတွေကို စတင်ဖန်တီးပြခဲ့တဲ့ ထရီနာမေရီဟာ ပြီးခဲ့တဲ့နှစ်တုန်းကတော့ ဗြိတိန်နိုင်ငံနဲ့ အိုင်ယာလန်နိုင်ငံတွေက စတုံးဟန့်ခ်ျ၊ ၀က်ဘ်မင်စတာ ဘုရားကျောင်းနဲ့ ဗလာနေးရဲတိုက် နေရာတွေကို အသုံးပြုပြီး အနုပညာ ဖန်တီးမှုတွေ လုပ်ခဲ့ပါတယ်။

ဓာတ်ပုံ – en.people.cn
ဓာတ်ပုံ : ရောရောသမမွှေ
Credit : http://burmese.dvb.no/archives/126084

No comments:

Subscribe

လာလည်သူများ

free counters