♡♬ ရောရောသမမွှေ ဘလော့ဂ်မှ♪♪ ကြိုပါဆိုတယ်♪♪ မိတ်ဆွေများ ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့တော်မူကြပါစေ♬♡
Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

December 9, 2015

" အွန်လိုင်းကနေ ပစ္စည်းတွေ ဝယ်ယူတဲ့အချိန်မှာ သတိထားရမယ့် အချက်များ "


စမတ်ဖုန်းတွေ ကတစ်ဆင့် အင်တာနက်အသုံးပြုမှု တွင်ကျယ်လာတဲ့အခါ အွန်လိုင်းပေါ်မှာ အကျိုးမဲ့ အချိန်ဖြုန်းနေတာထက် အွန်လိုင်းမှာ ဘယ်လိုငွေရှာလို့ ရမယ်ဆိုတာကို လူငယ်တွေ စိတ်ဝင်စားလာကြ ပါတယ်။ ဒီမှာပဲ အွန်လိုင်းကနေ တစ်ဆင့် ပစ္စည်းတွေရောင်းချတဲ့ နည်းလမ်းကို သူတို့ တွေ့ရှိသွားပါတယ်။ အွန်လိုင်း အရောင်းဆိုင်တွေက မိုးဦးကျ မှိုပေါက်သလို ထောင်ပုံရာပုံ ဖြစ်လာပါတော့တယ်။ ဒါဟာ ၂၀၁၅ ခုနှစ်ရဲ့ ပုံရိပ်တွေထဲက တစ်ခုပါ။အွန်လိုင်းကနေ ရောင်းချသူတွေ များလာတဲ့အလျောက် အွန်လိုင်းကနေ ဝယ်ယူသူတွေကလည်း ဒုနဲ့ဒေးပါပဲ။ ဒါဟာ ခေတ်ရဲ့ တောင်းဆိုမှု မဟုတ်လား။ ရောင်းတယ်၊ ဝယ်တယ် ဆိုတဲ့နေရာအထိ ပြဿနာမရှိပါဘူး။ ဒါပေမဲ့ အွန်လိုင်းကနေ ဝယ်ယူမှုတွေမှာ သတိထားရမယ့် အချက်တွေတော့ ရှိပါတယ်။ ဒီလို သတိပြုရမယ့် အချက်တွေထဲက အချို့ကို ပြည်တွင်းမှာ အွန်လိုင်းကတစ်ဆင့် ဝယ်ယူမယ့်သူတွေ အတွက် ဖော်ပြလိုက်ပါတယ်။ကိုယ်သိကျွမ်းတဲ့ အွန်လိုင်းအရောင်းဆိုင်က ဝယ်ပါ
အွန်လိုင်းအရောင်းဆိုင် ဆိုပေမယ့် ပြည်တွင်းမှာက ဖေ့ဘွတ်ခ်လို လူမှုကွန်ရက်မှာ စာမျက်နှာတွေဖွင့်ပြီး ရောင်းချနေတဲ့ပုံစံမျိုးတွေ ပိုများပါတယ်။ ဖေ့ဘွတ်ခ်မှာ ကိုယ်ပိုင် စာမျက်နှာကို အလွယ်တကူ ဖွင့်လို့ရတယ်ဆိုတာ မမေ့ပါနဲ့။ ဘယ်ကမှန်း၊ ဘယ်သူမှန်း မသိတဲ့ဆိုင်တွေကနေ ဝယ်ဖို့ ဘယ်တော့မှ မကြိုးစားပါနဲ့။
ဒီနေရာမှာ စကားကြုံလို့ ပြောရရင် အိမ်ထောင်သုခ အားတိုးဆေးအရောင်း ဖေ့ဘွတ်ခ်စာမျက်နှာတွေ မှိုလိုပေါက်လာတာပါပဲ။ ကောင်းတဲ့လက္ခဏာတစ်ခု ဟုတ်ရဲ့လားဆိုတာ မေးခွန်းထုတ်စရာပါ။

ကိုယ်ရေးအချက်အလက်တွေ အကုန်မပြောပါနဲ့

ဒီအချက်က ပြည်တွင်းမှာတော့ လတ်တလော ပြဿနာမရှိသေးပါဘူး။ အွန်လိုင်းအရောင်းဆိုင် တွေက ရံဖန်ရံခါ လူမှုကွန်ရက် လျှို့ဝှက်နံပါတ်၊ မွေးနေ့ စတာတွေကို တောင်းဆိုတတ်ပါတယ်။ ဒါဟာလည်း တကယ်လိုအပ်လို့ ဖြစ်နိုင်ပေမယ့် ကိုယ့်ကို လိမ်လည်မယ့်သူလက်ထဲကိုယ့်ရဲ့ကိုယ်ရေးအချက်အလက်တွေ ရောက်သွားရင်ဆိုတာကိုထည့်စဉ်းစားရပါမယ်။ ပြည်တွင်း

မှာတော့ ဖေ့ဘွတ်ခ်စာမျက်နှာက တစ်ဆင့် ဖုန်းနဲ့ဖြစ်စေ၊ မက်ဆေ့ခ်ျနဲ့ဖြစ်စေ ရောင်းချနေတာ ဖြစ်တဲ့အတွက် ပြဿနာ နည်းပါတယ်။

အရည်အသွေးကို အသေအချာမေးမြန်းပါ

အွန်လိုင်းက ရောင်းချတယ်ဆိုတာ ဓာတ်ပုံပြထားတာကို ကြည့်ပြီး ရွေးချယ် ကြတာပါ။ ပြည်တွင်းမှာက အဝတ်အထည်၊ ဆေးဝါး၊ အလှကုန်နဲ့ ရောင်းချလို့ ရသမျှရောင်းချနေကြတဲ့ အနေအထားပါ။ ဒါကြောင့် မဝယ်ယူမီမှာ အရည်အသွေး ဘယ်လိုရှိတယ်ဆိုတာကို အသေအချာ မေးမြန်းဖို့ လိုအပ်ပါတယ်။ ဥပမာ-အဝတ်အထည် ကို အွန်လိုင်းက ဝယ်ယူတဲ့နေရာမှာ အရောင်အသွေးနဲ့ ဒီဇိုင်းအပြင် အင်္ကျီချုပ်ထားတဲ့ အသားကလည်း ထည့်သွင်း သတိထားဖို့ လိုပါတယ်။ ပူပူလောင်လောင် ရာသီဥတုထဲ အရောင်အသွေးနဲ့ ဒီဇိုင်းတော့လှပါရဲ့။ အသားထူထူ ပူပူကြီး ဝတ်ရမယ်ဆိုရင် အဆင်မပြေလှပါဘူး။

ဘာကြောင့် ကြိုတင်ငွေလွှဲရမှာလဲ

ဖေ့ဘွတ်ခ် စာမျက်နှာပေါ်က အွန်လိုင်းအရောင်းဆိုင် အချို့က ကြိုတင်ငွေလွှဲဖို့ ပြောပါတယ်။ သူတို့ဘက်က အခက်အခဲက မှာယူပြီး သွားပို့တဲ့အခါမှ မယူတာကြောင့်လို့ ဆိုပါတယ်။ ကိုယ်က အရမ်းယုံကြည်ရတယ်။ အကြိမ်ကြိမ် ဝယ်ယူဖူးတယ် ဆိုတဲ့ ဆိုင်ကဆိုရင်တော့ မပြောလိုပါဘူး။ ကိုယ်မသိတဲ့ အွန်လိုင်း အရောင်းဆိုင်က ကြိုတင် ငွေလွှဲခိုင်းတာကို လက်ခံပြီး ငွေလွှဲဖို့ ဘယ်တော့မှ မကြိုးစားပါနဲ့။ အလိမ်ခံရဖို့များ ပါတယ်။
ဒီအချက်တွေအပြင် အခြားသတိပြုစရာတွေတော့ ရှိပါတယ်။ ငွေပေးချေမှု ပုံစံ၊ အကြွေးဝယ်ကတ် စသည်ဖြင့်ပေါ့။ ဒါပေမဲ့ ဒီမှာတော့ အများအားဖြင့် ပစ္စည်းလာပို့မှ ငွေချေကြတဲ့ပုံစံ ဖြစ်တဲ့အတွက် ဒါတွေ မလိုအပ်သေးပါဘူး။ ဒီအထဲမှာပဲ အရည်အသွေး အာမခံမရှိ၊ ကြိုတင်ငွေလွှဲပြီး ပစ္စည်းမရစတဲ့ အဖြစ်အပျက်တွေ ရှိနေတဲ့အတွက် သတိပြုနိုင်ဖို့ ဖော်ပြပေးလိုက်ပါတယ်။

Credit : http://thevoicemyanmar.com/index.php/society/item/9163-onl

စမတ်ဖုန်းတွေ ကတစ်ဆင့် အင်တာနက်အသုံးပြုမှု တွင်ကျယ်လာတဲ့အခါ အွန်လိုင်းပေါ်မှာ အကျိုးမဲ့ အချိန်ဖြုန်းနေတာထက် အွန်လိုင်းမှာ ဘယ်လိုငွေရှာလို့ ရမယ်ဆိုတာကို လူငယ်တွေ စိတ်ဝင်စားလာကြ ပါတယ်။ ဒီမှာပဲ အွန်လိုင်းကနေ တစ်ဆင့် ပစ္စည်းတွေရောင်းချတဲ့ နည်းလမ်းကို သူတို့ တွေ့ရှိသွားပါတယ်။ အွန်လိုင်း အရောင်းဆိုင်တွေက မိုးဦးကျ မှိုပေါက်သလို ထောင်ပုံရာပုံ ဖြစ်လာပါတော့တယ်။ ဒါဟာ ၂၀၁၅ ခုနှစ်ရဲ့ ပုံရိပ်တွေထဲက တစ်ခုပါ။
အွန်လိုင်းကနေ ရောင်းချသူတွေ များလာတဲ့အလျောက် အွန်လိုင်းကနေ ဝယ်ယူသူတွေကလည်း ဒုနဲ့ဒေးပါပဲ။ ဒါဟာ ခေတ်ရဲ့ တောင်းဆိုမှု မဟုတ်လား။ ရောင်းတယ်၊ ဝယ်တယ် ဆိုတဲ့နေရာအထိ ပြဿနာမရှိပါဘူး။ ဒါပေမဲ့ အွန်လိုင်းကနေ ဝယ်ယူမှုတွေမှာ သတိထားရမယ့် အချက်တွေတော့ ရှိပါတယ်။ ဒီလို သတိပြုရမယ့် အချက်တွေထဲက အချို့ကို ပြည်တွင်းမှာ အွန်လိုင်းကတစ်ဆင့် ဝယ်ယူမယ့်သူတွေ အတွက် ဖော်ပြလိုက်ပါတယ်။

ကိုယ်သိကျွမ်းတဲ့ အွန်လိုင်းအရောင်းဆိုင်က ဝယ်ပါ


အွန်လိုင်းအရောင်းဆိုင် ဆိုပေမယ့် ပြည်တွင်းမှာက ဖေ့ဘွတ်ခ်လို လူမှုကွန်ရက်မှာ စာမျက်နှာတွေဖွင့်ပြီး ရောင်းချနေတဲ့ပုံစံမျိုးတွေ ပိုများပါတယ်။ ဖေ့ဘွတ်ခ်မှာ ကိုယ်ပိုင် စာမျက်နှာကို အလွယ်တကူ ဖွင့်လို့ရတယ်ဆိုတာ မမေ့ပါနဲ့။ ဘယ်ကမှန်း၊ ဘယ်သူမှန်း မသိတဲ့ဆိုင်တွေကနေ ဝယ်ဖို့ ဘယ်တော့မှ မကြိုးစားပါနဲ့။
ဒီနေရာမှာ စကားကြုံလို့ ပြောရရင် အိမ်ထောင်သုခ အားတိုးဆေးအရောင်း ဖေ့ဘွတ်ခ်စာမျက်နှာတွေ မှိုလိုပေါက်လာတာပါပဲ။ ကောင်းတဲ့လက္ခဏာတစ်ခု ဟုတ်ရဲ့လားဆိုတာ မေးခွန်းထုတ်စရာပါ။

ကိုယ်ရေးအချက်အလက်တွေ အကုန်မပြောပါနဲ့


ဒီအချက်က ပြည်တွင်းမှာတော့ လတ်တလော ပြဿနာမရှိသေးပါဘူး။ အွန်လိုင်းအရောင်းဆိုင် တွေက ရံဖန်ရံခါ လူမှုကွန်ရက် လျှို့ဝှက်နံပါတ်၊ မွေးနေ့ စတာတွေကို တောင်းဆိုတတ်ပါတယ်။ ဒါဟာလည်း တကယ်လိုအပ်လို့ ဖြစ်နိုင်ပေမယ့် ကိုယ့်ကို လိမ်လည်မယ့်သူ လက်ထဲ ကိုယ့်ရဲ့ ကိုယ်ရေးအချက်အလက်တွေ ရောက်သွားရင် ဆိုတာကို ထည့်စဉ်းစားရပါမယ်။ ပြည်တွင်းမှာတော့ ဖေ့ဘွတ်ခ်စာမျက်နှာက တစ်ဆင့် ဖုန်းနဲ့ဖြစ်စေ၊ မက်ဆေ့ခ်ျနဲ့ဖြစ်စေ ရောင်းချနေတာ ဖြစ်တဲ့အတွက် ပြဿနာ နည်းပါတယ်။

အရည်အသွေးကို အသေအချာမေးမြန်းပါ


အွန်လိုင်းက ရောင်းချတယ်ဆိုတာ ဓာတ်ပုံပြထားတာကို ကြည့်ပြီး ရွေးချယ် ကြတာပါ။ ပြည်တွင်းမှာက အဝတ်အထည်၊ ဆေးဝါး၊ အလှကုန်နဲ့ ရောင်းချလို့ ရသမျှရောင်းချနေကြတဲ့ အနေအထားပါ။ ဒါကြောင့် မဝယ်ယူမီမှာ အရည်အသွေး ဘယ်လိုရှိတယ်ဆိုတာကို အသေအချာ မေးမြန်းဖို့ လိုအပ်ပါတယ်။ ဥပမာ-အဝတ်အထည် ကို အွန်လိုင်းက ဝယ်ယူတဲ့နေရာမှာ အရောင်အသွေးနဲ့ ဒီဇိုင်းအပြင် အင်္ကျီချုပ်ထားတဲ့ အသားကလည်း ထည့်သွင်း သတိထားဖို့ လိုပါတယ်။ ပူပူလောင်လောင် ရာသီဥတုထဲ အရောင်အသွေးနဲ့ ဒီဇိုင်းတော့လှပါရဲ့။ အသားထူထူ ပူပူကြီး ဝတ်ရမယ်ဆိုရင် အဆင်မပြေလှပါဘူး။

ဘာကြောင့် ကြိုတင်ငွေလွှဲရမှာလဲ


ဖေ့ဘွတ်ခ် စာမျက်နှာပေါ်က အွန်လိုင်းအရောင်းဆိုင် အချို့က ကြိုတင်ငွေလွှဲဖို့ ပြောပါတယ်။ သူတို့ဘက်က အခက်အခဲက မှာယူပြီး သွားပို့တဲ့အခါမှ မယူတာကြောင့်လို့ ဆိုပါတယ်။ ကိုယ်က အရမ်းယုံကြည်ရတယ်။ အကြိမ်ကြိမ် ဝယ်ယူဖူးတယ် ဆိုတဲ့ ဆိုင်ကဆိုရင်တော့ မပြောလိုပါဘူး။ ကိုယ်မသိတဲ့ အွန်လိုင်း အရောင်းဆိုင်က ကြိုတင် ငွေလွှဲခိုင်းတာကို လက်ခံပြီး ငွေလွှဲဖို့ ဘယ်တော့မှ မကြိုးစားပါနဲ့။ အလိမ်ခံရဖို့များ ပါတယ်။
ဒီအချက်တွေအပြင် အခြားသတိပြုစရာတွေတော့ ရှိပါတယ်။ ငွေပေးချေမှု ပုံစံ၊ အကြွေးဝယ်ကတ် စသည်ဖြင့်ပေါ့။ ဒါပေမဲ့ ဒီမှာတော့ အများအားဖြင့် ပစ္စည်းလာပို့မှ ငွေချေကြတဲ့ပုံစံ ဖြစ်တဲ့အတွက် ဒါတွေ မလိုအပ်သေးပါဘူး။ ဒီအထဲမှာပဲ အရည်အသွေး အာမခံမရှိ၊ ကြိုတင်ငွေလွှဲပြီး ပစ္စည်းမရစတဲ့ အဖြစ်အပျက်တွေ ရှိနေတဲ့အတွက် သတိပြုနိုင်ဖို့ ဖော်ပြပေးလိုက်ပါတယ်။

No comments:

Subscribe

လာလည်သူများ

free counters