♡♬ ရောရောသမမွှေ ဘလော့ဂ်မှ♪♪ ကြိုပါဆိုတယ်♪♪ မိတ်ဆွေများ ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့တော်မူကြပါစေ♬♡
Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

December 11, 2015

"ရဲလိုက်လို့ ရေကန်ထဲဝင်ပုန်းရင်း မိချောင်းစားတာ ခံလိုက်ရတဲ့ ဖောက်ထွင်းဝိဇ္ဖာ "


ဖောက်ထွင်းဝိဇ္ဖာတစ်ယောက်အဖြစ် သံသယ ရှိခံရသူဟာ သူ့နောက်ကို ရဲတွေလိုက်ဖမ်းလို့ ထွက်ပြေးရင်း
 ရေကန်တစ်ကန်ထဲမှာ ၀င်ရောက် ပုန်းနေရာကနေ ကန်ထဲမှာရှိတဲ့ မိချောင်း စားတာခံလိုက်ရပါတယ်။

အသက် ၂၂ နှစ်အရွယ် Matthew Riggins ဟာ ဖလော်ရီဒါ ပြည်နယ် Palm Bay ဆိုတဲ့ ရေကန်ထဲမှာရှိတဲ့ မိချောင်းတစ်ကောင် ကိုက်ချီ စားသောက်လိုက်ခြင်းကို ခံခဲ့ရသူပဲဖြစ်ပါတယ်။

စုံစမ်းစစ်ဆေးရေး အရာရှိတွေဟာ Riggins ကိုရှာဖွေရင်းပဲ သူ့ရဲ့ ခန္ဓာကိုယ် အစိတ်အပိုင်းတွေဟာ မိချောင်းရဲ့ အစာအိမ်ထဲရောက်နေတာကို တွေ့ခဲ့ရတာဖြစ်တယ်လို့ Brevard ခရိုင် ရဲတပ်ဖွဲ့ရုံးရဲ့ တရားဝင်ပြောကြားချက်အရသိရပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၃ ရက်နေ့က Barefoot Bay ဆိုတဲ့ ရပ်ကွက်ထဲမှာရှိတဲ့ နေထိုင်သူတွေဟာ အိမ်တွေရဲ့ အနောက်ဖက်မှာ လူ ၂ ယောက် လမ်းလျှောက်နေတာတွေ့တဲ့အတွက် ရဲစခန်းကို အကြောင်းကြားခဲ့တာဖြစ်ပြီး ရဲဝန်ထမ်းတွေဟာ ခွေးတွေနဲ့ ဟယ်လီကော်ပတာ တွေကို အသုံးပြုပြီး Riggins နဲ့ အခြား သံသယ ရှိသူတွေကို ရှာဖွေခဲ့ကြတာဖြစ်ပါတယ်။

အခင်းဖြစ်ပွားတဲ့ ညမှာတော့ တရားခံလို့ သံသယ ရှိခံရသူ တစ်ယောက်မှာ မဖမ်းမိခဲ့ပါဘူး။ Riggins ဟာ အိမ်ပြန်ရောက်မလာတဲ့အတွက် သူ့ရဲ့ မိသားစုဝင်တွေ လူပျောက်ကြေညာထားခြင်းကိုလည်းခံထားရပါတယ်။ သူ့ရဲ့ အစိတ်စိတ် အမြွှာမြွှာ ကွဲနေတဲ့ ခန္ဓာကိုယ် အစိတ်အပိုင်းတွေကိုတော့ အခင်းဖြစ်ပွားပြီး ၁၀ ရက်အကြာမှာ ကန်ထဲမျောနေတာတွေ့ခဲ့တာပဲ ဖြစ်ပါတယ်။

ရဲအရာရှိတွေရဲ့ စုံစမ်းသိရှိရမှုအရ Riggins ဟာ သူ့ရဲ့ ကောင်မလေးထံဖုန်းဆက်ပြီး သူ မှုခင်းတစ်ရပ်
ကျူးလွန်ထားကြောင်းပြောပြခဲ့သလို သိပ်မကြာခင်မှာ ဖုန်းထပ်ဆက်ပြီး ရဲတွေလိုက်တာခံနေရတယ်လို့ ဆိုခဲ့ဖူးပါတယ်။

Credit: ဖိုးသူတော် (http://www.phothutaw.com/2015/12/blog-post_366.html)
Credit:ThitHtooLwin

No comments:

Subscribe

လာလည်သူများ

free counters