♡♬ ရောရောသမမွှေ ဘလော့ဂ်မှ♪♪ ကြိုပါဆိုတယ်♪♪ မိတ်ဆွေများ ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့တော်မူကြပါစေ♬♡
Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

December 6, 2015

"ပြစ်မျိုးမှဲ့မထင် အသားအရေမျိုး ပိုင်ဆိုင်စေဖို့ ကမ္ဘာကျော်မော်ဒယ်တွေ အမြဲလိုက်နာကျင့်သုံးတဲ့ နည်းလမ်း (၅) သွယ်"

 
နိုင်ငံတကာက မော်ဒယ်တွေရဲ့ အသားအရေကို ကြည့်လိုက်ရင် ပြစ်မျိုးမှဲ့မထင်ဆိုသလို ဘာမှမခြယ်သထားရင်တောင် အဆင်ပြေပြေလေးနဲ့ ပြောင်ပြောင်တင်းတင်းလေး ကြည့်ကောင်းနေတာ တွေ့ရမှာပါ။ ဒီလိုဖြစ်အောင် သူတို့တွေ အသားအရေအတွက် ဘာတွေသုံးတယ်၊ ဘယ်လိုအချိန်ပေး ဂရုစိုက်တယ်ဆိုတာ သိရအောင် ပြောပြပေးလိုက်ပါတယ်။

၁။သူတို့ဟာ မနက်ပိုင်းကို မျက်နှာသစ်မယ့်အစား toner ကိုသာ သုံးကြပါတယ်။
မျက်နှာအသားအရေဟာ ခြောက်သွေ့လွန်းနေတာမျိုး မဖြစ်ရအောင် သူတို့ဂရုစိုက်တဲ့နည်းက တစ်မျိုးပါ။ မျက်နှာကို မကြာခဏသစ်ခြင်းဟာ မျက်နှာပေါ်က ရှိသင့်တဲ့အဆီမျိုးတွေကိုတောင် ကုန်စင်အောင် လုပ်ပစ်လိုက်တာနဲ့ တူနေပါတယ်။ အဲ့ဒီလို လုပ်ခြင်းအားဖြင့် အသားအရေအတွက် ကောင်းမွန်းခြင်းဆိုတာထက် မညီမျှမှုတွေကိုသာ သင်ရရှိပါလိမ့်မယ်။ အဲ့ဒီလိုဆိုရင် မျက်နှာဟာ ပြောင်ပြောင်လေးနဲ့ တင်းတင်းလေး ဖြစ်နေမှာလည်း မဟုတ်တော့ပါဘူး။ ဒါ့ကြောင့် ညဘက်သာ မျက်နှာကို သစ်ပေးဖို့ အကြံပြုထားကြပါတယ်။ မနက်ပိုင်းဆိုရင် toner သုံးပြီး မျက်နှာကို သန့်စင်ပေးလိုက်ပါ။ ဒါဆို အသားအရေလည်း ပြန်လည်လန်းဆန်းသွားပါလိမ့်မယ်။  အသားအရေမှာ ရေဓာတ်လည်း နည်းသွားမှာ မဟုတ်တော့သလို အရမ်းလည်း အဆီမပြန် အရမ်းလည်း မခြောက်တော့တာကြောင့် ကြည့်ကောင်းပြီး လှပနေပါလိမ့်မယ်။

၂။မျက်နှာအသားအရေပိုင်းကို မကြာခဏ စစ်ဆေးကြတယ်။
သူတို့ဟာ မျက်နှာအသားအရေအတွက် အသက်အရွယ်အလိုက် အမြဲတမ်း ဂရုတစိုက်နဲ့ အသားအရေပိုင်းဆိုင်ရာ တတ်ကျွမ်းနားလည်သူတွေဆီက ဘယ်လိုကာကွယ်ရမယ်ဆိုတဲ့ နည်းနာတွေယူတတ်ကြပါတယ်။ လေးလ တစ်ခါ၊ ငါးလတစ်ခါ facial treatment ယူတာမျိုးလည်း လုပ်တတ်ကြပါတယ်။ ဒီမှာလို မျက်နှာမှာ တစ်ခုခု ဖြစ်မှ ပြတာမျိုး မဟုတ်ပဲ အမြဲတမ်း ဂရုတစိုက်နဲ့ အရေးပြားနဲ့ပတ်သက်တဲ့၊ မျက်နှာအသားအရေနဲ့ပတ်သက်တဲ့ ဆိုင်ရာဆိုင်ရာ ဆေးခန်းတွေမှာ သွားရောက်ပြသ ဂရုစိုက်ကြပါတယ်။

၃။သူတို့ဟာ sunscreen ကိုတော့ တစ်ခါတစ်လေ မလိမ်းပဲ နေတတ်ကြပါတယ်။
ဒီလိုပြောလိုက်ရင် အပြင်သွားတိုင်း sunscreen လိမ်းသင့်တယ်ဆိုတဲ့ အချက်ကို ချိုးဖောက်သလို ဖြစ်သွားပါလိမ့်မယ်။  ဒါပေမယ့် မော်ဒယ်တွေရဲ့ အလှအပရေးရာအကြံပေး Pekar ကတော့ လူတော်တော်များများက sunscreen တွေဟာ အသားအရေကို ချွေးပေါက်ပိတ်စေတတ်တယ်ဆိုတာ နားမလည်ကြပါဘူး။ ဒါ့ကြောင့် မလိုအပ်ရင် မသုံးတာ ကောင်းပါတယ်"လို့ ဆိုသွားပါတယ်။ ဥပမာ နေပူထဲအမြဲသွားနေရတယ်၊ နေပူထဲမှာ အချိန်ကုန်ရမယ် ဆိုရင်တော့ လိမ်းသင့်ပါတယ်။ အိမ်ကနေ ရုံးသွားတာမျိုးဆိုရင်တော့ မလိမ်းပဲနေလည်း ကိစ္စမရှိပါဘူးလို့ သူက ပြောပြသွားပါတယ်။

၎။ရေဓာတ်ကို အဓိကထား ဂရုစိုက်ဖို့ လိုပါတယ်။
အသားအရေ စိုပြေနေစေဖို့ ရေဓာတ်ဟာ အရေးကြီးပါတယ်။ ဒါ့ကြောင့်လည်း ရေများများသောက်ပေးခြင်းဟာ
ကျန်းမာရေးအတွက်သာမက အသားအရေအတွက်ပါ ကောင်းမွန်တယ်လို့ ဆိုကြတာပါ။ အသားအရေအတွက် အဓိက အရေးကြီးတာဟာ ရေဓာတ်ပြည့်ဝနေစေဖို့ ဖြစ်ပါတယ်။ ဒီတော့ ရေလည်းများများသောက်မယ်၊ moisturizer ကိုလည်း ပုံမှန်သုံးပေးမယ်ဆိုရင် အသားအရေ စိုပြေတောက်ပပြီး ကြည်လင်နေပါလိမ့်မယ်။

၅။သူတို့ဟာ လေ့ကျင့်ခန်းပုံမှန်လုပ်ကြပါတယ်။
အသားအရေစိုပြည်ဖို့အတွက် နေက်ထပ်တစ်ချက်ကတော့ လေ့ကျင့်ခန်းပုံမှန်လုပ်ပေးခြင်းပါပဲ။ လေ့ကျင့်ခန်းလုပ်တဲ့အခါ အသားအရေလှရုံတင်မကပါဘူး။ သင့်ရဲ့ရုပ်ရည်သွင်ပြင်ကိုလည်း အရွယ်တင်စေပါတယ်။
Ref:popsugar

Credit : http://www.trend.com.mm/2015/12/02/beauty-8234

No comments:

Subscribe

လာလည်သူများ

free counters