ကိုယ်နေတဲ့တိုက်အရှေ့က အောင်ဇေယျအိမ်ယာရဲ့ဈေးဖြစ်နေတော့မနက်ပိုင်းတွေအမေဈေးသွားရင် ကျောင်းမတတ်ရ
တဲ့နေ့တွေမှာ သမီးနှစ်ယောက်က သူ့ဖွားအေနောက်ကို အမြဲလိုက်သွားတတ်တယ်။တနင်္ဂနွေနေ့ကအဲ့ဒီလိုပဲ ဈေးက
ပြန်လာတဲ့အမေက ရုံးသွားခါနီးထမင်းစားနေတဲ့ကျွန်မတို့ကိုပြောတယ်...
``ဒီနေ့ ဈေးမှာ ရုပ်ရည်ခပ်သန့်သန့်ကလေးမလေးတစ်ယောက် တွေ့တယ်။ အဲ့ဒီကလေးမလေးက ယူနီဆက်ဖ် ရဲ့ ပိုလီယိုကင်းစင် တဲ့ ကဏ္ဍအတွက်ကလေးတွေ ကစားနေတာကို ရိုက်ကူးရေးလုပ်ချင်လို့လို့ အမေ့ကို ပြောတယ်
အမေတို့ကို ၁၁ နာရီလောက်လာခေါ်မယ်ပြောတယ် '' လို့ ပြောပြပါတယ်။
အဲ့ဒီအချိန်မှာ ကလေးနှစ်ယောက်ကလည်း ကစားကွင်းမှာ သွားဆော့ရတော့မယ် ဆိုပြီးအော်ဟစ်ခုန်ပေါက်နေတာနဲ့ ကျွန်မ ဘာမှမပြောဖြစ်တော့ပဲ ထမင်းစားပြီးတာနဲ့ရုံးကိုထွက်လာခဲ့လိုက်ပါတယ်။ အပြန်ကျတော့လည်း ဖောင်ပိတ်ရက်မို
့ မနက် ၁နာရီလောက် မှ အိမ်ပြန်ရောက်တာမို့ ကစားကွင်းရဲ့ရိုက်ကူးရေး ကိစ္စကိုဘာမှ ထပ်မမေးမိတော့ပါဘူး။
ဒါပေမယ့် မနေ့ကမှ သိလိုက်ရတာက အဲ့ဒီကလေးမလေးက သမီးလေးနှစ်ယောက်ကို လာမခေါ်ဖြစ်ဘူးဆိုပဲ။ပထမတော့ ကျွန်မကအမေ့ကို``သမီးလည်း အဲ့ဒီလို ရှုပ်ရှုပ်ယှက်ယှက် မကြိုက်လို့ လာမခေါ်တာပိုကောင်းတယ် ''လို့ ပြောလိုက်
ပါတယ်။
ဒါပေမယ့် ဖြစ်ကြောင်းကုန်စင်သိလိုက်ရတော့မှ ဒေါသက မိုးမီးလောင်သလိုဖြစ်သွားတော့ တာပါပဲ။
အဲ့ဒီကလေးမက ဈေးထဲမှာ လမ်းလျှောက်လာတဲ့ မြေးအဖွားသုံးယောက်နဲ့ မျက်နှာချင်းဆိုင် လာပြီး ကလေးတွေက
ချစ်စရာကောင်းကြောင်း၊သူတို့အနေနဲ့ ဒီကလေးနှစ်ယောက်ကို သူတို့ရဲ့ ယူနီဆက်ဖ် အစီစဉ်မှာ ထည့်သွင်း
ရိုက်လိုကြောင်းပြောပြီး....ကားတစ်စီးကို လက်ညိုးထိုးပြပြီး အဲ့ဒီကားနဲ့ဘယ်နားမှာ ဘယ်လိုရိုက်မယ်...ကလေးတွေ
ကတော့ ကစားကွင်းမှာ သူတို့သဘာဝကစားနေရုံပဲ...ဘာမှမလိုဘူး ရိုက်ခွင့်ပေးပါ စသဖြင့် ခွင့်တောင်းပါသတဲ့...
အဲ့ဒီတော့ အမေက အဲ့ဒါဆိုနေဦး အန်တီ့မြေးလေးတွေကို အ၀တ်စားလေးလဲပေးပြီး အန်တီပါလိုက်ခဲ့မယ်လို့ ပြောလိုက်
တယ်တဲ့....ဒါပေမယ့် အဲ့ဒီအမျိုးသမီးက သူ့ကိုယုံကြည်ပြီး ကလေးနှစ်ယောက်ကိုပဲ ထည့်လိုက်ပါ..စိတ်ချသူပြန်
လာပို့ပါမယ်...အန်တီအလုပ်မအားတဲ့ကြားကအလုပ်ပိုမှာ စိုးလို့ပါဆိုပြီး ပြောပါတယ်..ဒါပေမယ့် အမျိုးတွေ၊
အိမ်နီးနားချင်းတွေဆီမှာတောင် အိမ်အလည် မလွှတ်ဖူးတဲ့၊ဘယ်ကမှန်းမသိတဲ့ သူစိမ်းနဲ့ဆော့ဖို့တောင်ကလေးတွေကို
စိတ်မချတဲ့...အင်မတန်စိတ်ပူတတ်တဲ့ အမေ က သူ့မြေးတွေကို သူကိုယ်တိုင်ပဲပို့ကြိုပါ့ မယ်လို့ အတင်းလဲပြောရော
ဒါဆို အန်တီတို့ အိမ်တိုက်လိပ်စာလေးပေးပါတဲ့...သူတို့ ၁၁နာရီမှာ လာခေါ်ပါ့မယ်..အခု ကလေးတစ်ချို့ ရိုက်ကူးဖို့ သွားလိုက်ပါဦးမယ်ဆိုပြီး ချိန်းဆို သွားတာနဲ့ အမေက ကလေးနှစ်ယောက်ကို ရေမိုးချိုးပေးပြီး အ၀တ်လေးလဲစောင့်နေတာ အနှီမ လုံးဝပေါ်မလာပါတဲ့....။ ။
ကျွန်မမှာ အမေ့စကား ဆုံးတာနဲ့ ခေါင်းနပမ်းတွေကြီး...ဒေါသတွေဖြစ်တာဆိုတာ...ကလေးတွေကို လုံးဝမထည့်ပေးလိုက်လို့
တော်သေးတာပေါ့ ဆိုပြီး အမေ့ကို ကျေးဇူး တင်မိသလို ကိုယ်နေတဲ့ အိမ်လိပ်စာကို ပေးတဲ့အပြင် ဈေးထဲကနေပါတိုက်ခန်း
နေရာကို လက်ညိုးထိုးပြလိုက်တယ်ဆိုတဲ့ အမေ့ကြောင့် ရုံးသွားရမှာ မဖြောင့်လောက်အောင်ကို အမေနဲ့ ကလေးနှစ်ယောက်
အတွက် ရင်တွေပူရပါတယ်....။
ဒီအချိန်မှာ အစစ်ဖြစ်ဖြစ်...အတုဖြစ်ဖြစ် ကျွန်မ စိတ်မ၀င်စားပါဘူး...ဒါပေမယ့် သူများသားသမီးကို ဒီလိုလက်လွတ်စပယ်
ခေါ်ချင် ပြီး လူကြီးလိုက်မှာကို မလိုလားကတည်းက ဒါဟာရိုးသားမှု့ မရှိဘူးလို့ ယူဆမိတဲ့အတွက် ကိုယ်တွေနဲ့ ဘ၀တူ
ကလေးမိဘတွေ သတိထားစရာအဖြစ် အခုလိုရေးသားတာပါ...။
အဲ့ဒီကလေးမဟာ အဲ့ဒီနေ့က စလို့ ကျွန်မတို့ဈေးထဲမှာနောက်ထပ်မတွေ့ရတော့သလို အရင်ကလည်း သူ့ကို ဘယ်သူမှ မမြင်ဖူးဘူးလို့ သိရပါတယ်။ တကယ်လို့သာယုံကြည်ပြီး ထည့်လိုက်မိ လို့ကလေးတွေပြန်လာမပို့ခဲ့ဘူး ဆိုတဲ့ အတွေးနဲ့
တင် ကျွန်မတော်တော်ထိတ်လန့်မိသလို အခြားကလေးတွေအတွက်လည်း အင်မတန်မှ စိုးရိမ်မိပါတယ်....ဘာ့ကြောင့်ဆို ကလေးတိုင်းက ကစားကွင်းဆိုတဲ့ အသံကြားတာနဲ့ ပျော်ရွင်တတ်ကြွနေတတ်တာ မဟုတ်လား။
Credit: ဖိုးသူတော် (http://www.phothutaw.com/2015/11/blog-post_883.html)
Credit:-Tomorrow Journal
No comments:
Post a Comment