
ခုခေတ်မှာ တစ်ချို့ မြို့ကြီးပြကြီးများက လူငယ်တွေ မြန်မာမုန့်တွေကို သေချာမသိကြတော့ ပါဘူး ။ နယ် က လူငယ်တွေကတော့
သိကြတာ များပါ တယ် ။ အခု တင်ထားတဲ့ မုန့်လေးတွေက မစုံသေးပါဘူး ။
ကျွန်မတို့ နယ်က လုပ်တဲ့ မုန့်လေးတွေကိုသာ လက်လှမ်းမှီသလောက် တင် ခြင်း
ဖြစ်ပါတယ် ။ ဗမာ မုန့်အများ စု ကတော့ ကောက်ညှင်း နဲ့ ဆန်ကြမ်း ကို
အဓိက ထားလုပ်ကြတာ ပဲ ဖြစ်ပါတယ် ။ မနက်စော စော ဈေးသွားရင်တော့ မြန်မာ မုန့် အစုံရတယ်ရှင့် ။ နောက်ပိုင်း စုဆောင်းရ သမျှကို ထပ်ပြီး တင်သွား ပါမယ်ရှင့် ။


ဒုတိယ တစ်မျိုးက နှမ်းမုန့် ….


နှမ်းမုန့် ပေါ် ထန်းလျက်ရည် ဆမ်းထားတာပေါ့ ..
နောက်တစ်မျိုး က ကျွန်မ အကြိုက် ဆုံး “ ခေါပြင် ” ….


“ ခေါ ပြင် " ဆိုတာလည်း ဆန်ကြမ်းနဲ့ ကောက် ညှင်း ကို လုပ်တာပါပဲ ။ “ခေ
ါပြင်” က မလုပ်တက်လို့ ဆန်ကြမ်းတွေနဲ့ ဆို စားလို့မကောင်းဘူး လေ ။
အချိုးညီညီ ရောထားတဲ့ “ခေါ ပြင် အိအိလေး”ပေါ်မှာ ဆားထောင်း လေး ဖြူး ၊
မြေပဲစေ့ လေးတွေနဲ့ ပဲ နက်စေ့ လေးတွေ ဖြူးပြီးနှမ်းဆီလေး ဆမ်း လိုက်ပါက
အရသာနဲ့ ပြည့်စုံတဲ့ နံနက်စာလေးတစ်ခုပဲပေါ့ ။ ကျွန်မတို့ နယ်မြို့တွေမှာ “
ခေါပြင် ”ကို နံ နက်စာ အဖြစ် စား
တက်ကြပါတယ် ။
နောက် တစ်မျိုးကတော့ ကောက်ညှင်း ဆိုင်း နဲ့ ငှက်ပျောသီး မုန့်ဖက်ထုပ် …
ဒါကတော့ ကောက်ညှင်းဆိုင်း အထဲမှာ “ ပဲ ” ပါတယ် ။




နောက် တစ်မျိုးက “ မုန့် ဖက်ထုပ် "
“မုန့် ဖက်ထုပ် ” ဆိုတဲ့ အတိုင်း ကောက်ညှင်းမုန့်ကို ဖက် ရွက် နဲ့ ထုပ်ထားတာလေ ။ ဒီ အတိုင်း ဖက်နဲ့ မထုပ်ပဲနဲ့ ဆို အပေါ်ကျော တွေ
တင်းပြီး စားရတာ နူးနူး ညံ့ညံ့ မရှိဘူးလေ ။ စားကာနီးမှ ဖက်ထုပ်လေးကို ဖြေ ပြီးစားကြတယ်လေ ။ အုန်းသီး ညှပ်ထားတဲ့ မုန့်ဖက်ထုပ်နဲ့  ပဲ နဲ့ လုပ်ထားတဲ့ မုန့် ဖက်ထုပ်ဆိုပြီး ကျွန်မတို့ ဒေသမှာတော့ နှစ်မျိုှးရှိတယ် ။
ဒါကတော့ အပြင်လွှာ ဖက်နဲ့ မုန့်ဖက်ထုပ် ….

ဒါကတော့ ပထမ ဖက်ရွက်ကို ခွာပြီး ဒုတိယ ဖက်ရွက်နဲ့ ထုပ်ထားတဲ့ မုန့်ဖက်ထုပ် …


မုန့် ကြိတ် တယ်ဆိုတော့ သူတို့ကို ကြိတ်ခိုင်းလိုက်တာပဲ ။ သူက လည်း မကြိတ်ခင် တစ်ည ရေစိမ်ထားရသေးတယ်တဲ့။ ဒါကတော့ ကျွန်မ သိသလောက် မုန့်လုံးရေပေါ် ပေါ့ ။ ခုနှစ် အိမ်မှာ မုန့်လုံးရေပေါ် လုပ်နေတဲ့ ပုံတွေကိုရိုက် ပြီး တင် လို့ကို ဘယ်လိုမှ မအားတာနဲ့ မတင်ဖြစ်တော့ ပဲ စားဖို့ ပြင်ပြီးသာ မုန့် လုံးရေပေါ်လေးသာ တင်လိုက်ရ
တာပေါ့ ။


ဒီတစ်မျိုး က မုန့်လုံးကြီး……..


ဒါကတော့ သာကူပြင်……..

အုန်းသီးကြော် လေးတွေ အပေါ် က ဖြူးထားတာပါ ။

ဒီတစ်မျိုး က စာကလေးခွေ…….


မနှင်း
Credit : http://sharingmyanmarliterature.blogspot.co.uk/2013/04/blog-post_7118.html
No comments:
Post a Comment