ရင်အုံကြွက်သားမောက်လာအောင် လုပ်ဆောင်ခြင်း
မိန်းမတွေ ယောက်ျားတွေကို အရင်ဆုံးလေ့ကြည့်လေ့ရှိတဲ့ခန္ဓာကိုယ် အစိတ်အပိုင်းက အပေါ်ပိုင်း ခန္ဓာကိုယ် ကြွက်သားတွေကိုပဲ ဖြစ်တယ်။ ယောက်ျားတွေရဲ့ ရင်ခွင်ဟာမိန်းမတို့ရဲ့ခိုဝင်မှေးစက်ရာ နေရာဖြစ်သလို ဆော့ကစားရာ နေရာလည်းဖြစ်တယ်။ မိန်းမတွေရဲ့ အားကိုးယုံကြည်မှုကို ပေးစွမ်းစေနိုင်တဲ့နေရာလည်း ဖြစ်တယ်။ ရင်အုံကြွက်သားတက်ဖို့ လုပ်ဆောင်နိုင်တဲ့လေ့ကျင့်ခန်း သုံးမျိုးရှိတယ်။
၁။ဝိတ်မတဲ့နည်း(Bench Press)
၂။ဒိုက်ထိုးတဲ့ကိရိယာလွတ် လေ့ကျင့်နည်း (T-Press-up)
၃။ကြိုးဆွဲလေ့ကျင့်နည်း (Cable crossover Fly) တို့ပဲဖြစ်တယ်။
ဝိတ်မတဲ့နည်း
ဒီနည်းဟာရင်အုံကြွက်သားလေ့ကျင့်ခန်းထဲမှာ အကောင်းဆုံး လေ့ကျင့်ခန်းပဲဖြစ်တယ်။ ဒီလေ့ကျင့်ခန်းကို လုပ်ဆောင်တဲ့ အခါမှာ ကိုယ်ချည်းသက်သက်တစ်ယောက်တည်း လုပ်ဆောင်တာထက် ဘေးနားမှာ ဆရာတစ်ယောက်ပဲဖြစ်ဖြစ်၊ အကူတစ်ယောက်ပဲဖြစ်ဖြစ် ဝိုင်းကူပေးဖို့လိုတယ်။ ဒီလေ့ကျင့်ခန်းဟာ ကြွက်သားတွေအများကြီး အလုပ်ပေးရတာဖြစ်တဲ့
အတွက် တက်တာအမြန်ဆုံးနဲ့အကောင်းဆုံးလို့ ဆိုရတာဖြစ်တယ်။
ဒိုက်ထိုးနည်း
အားကစားရုံသွားပြီး မလေ့ကျင့်နိုင်တဲ့ညီငယ်များအတွက် ကိရိယာလွတ်လေ့ကျင့်နည်းပဲဖြစ်တယ်။ V-Shape ပုံသဏ္ဍာန် ဖြစ်ချင်ရင် လက်ကိုကျယ်ကျယ်လေးထားပြီး ဒိုက်ထိုးပေးပါ။ ခြေထောက်ကိုအမြင့်ပေါ်မှာထားပြီး ထိုးရင်ပိုတက်မြန် ပါတယ်။ ဒါပေမယ့် အရင်ဆုံးစတင်လေ့ကျင့်မယ့်သူတွေ အတွက်ကတော့ ရေပြင်ညီအနေအထားနဲ့ စတင်လေ့ကျင့် သင့်ပါတယ်။ တစ်ပတ်လောက်နေမှ အကြိမ်ရေနဲ့ ပုံစံပြောင်းပြီးထိုးသင့်ပါတယ်။ တစ်တောင်လောက်အမြင့်မှာ ခြေတင်ပြီးထိုးပေးပါ။ သုံးပတ်လောက်ပုံမှန်ထိုးလိုက်တာနဲ့ သိသာလာပါလိမ့်မယ်။ ဒါပေမယ့် အချိန်မှန်ရမယ်။ အကြိမ်ရေမှန်ရမယ်။ လုပ်နည်းမှန်ရမယ်။ အဲဒါတော့ မမှန်မဖြစ်မှန်ဖို့လိုတယ်။ ဒါမှမြန်မြန်နဲ့ အချိုးအစားကျကျ ကြွက်သားတွေ တက်လာမှာဖြစ်တယ်။
ကြိုးဆွဲလေ့ကျင့်နည်း
နောက်တစ်နည်းက Cable Machine ကိုသုံးပြီးလေ့ကျင့်ရတာ ဖြစ်တယ်။ မတ်တပ်ရပ်လေ့ကျင့်နိုင်သလို ထိုင်လျက်လည်းလေ့ကျင့်နိုင်ပါတယ်။ အဖော်အကူရှိဖို့ မလိုပါဘူး။
အစားအသောက်
ကာယလေ့ကျင့်ခန်းတွေလုပ်လို့ရှိရင် အစားအသောက်ကို ဂရုစိုက်နဲ့ စားသုံးပေးရပါမယ်။ အဆီနည်းတဲ့အသားတွေ ပရိုတင်းဓါတ်ပါတဲ့ အစားအစာတွေ စားပေးရပါမယ်။ များများစားပေးဖို့ မလိုပါဘူး။ ခန္ဓာကိုယ်အတွက် ကြွက်သားတွေတက်ဖို့အတွက် မှန်ကန်သင့်လျော်တဲ့အစားအစာတွေပဲ စားသုံးပေးဖို့ လိုပါတယ်။ ခန္ဓာကိုယ်က လိုအပ်တဲ့ ဗီတာမင်နဲ့ အာဟာရဓာတ်တွေရရှိရင် ကြွက်သားတွေဟာ အမြန်တက်လာမှာဖြစ်တယ်။
အအိပ်အနေ
စားတာသောက်တာအရေးကြီးသလို ခန္ဓာကိုယ်အတွက် မရှိမဖြစ်အနားယူဖို့လည်း လိုအပ်လှပါတယ်။ အထူးသဖြင့် အိပ်စက်တဲ့အခါမှာပေါ့။ နည်းစနစ်တကျနဲ့ အိပ်စက်တတ်ဖို့လိုသလိုလိုအပ်တဲ့ အိပ်ချိန်ပမာဏအိပ်စက်ပေးဖို့လည်း လိုအပ်ပါတယ်။ အနည်းဆုံး၇နာရီ အိပ်စက်အနားယူပေးဖို့ လိုပါတယ်။ သက်သောင့်သက်သာရှိတဲ့ အိပ်ရာခင်းမှာ အိပ်စက်ပေး ရပါမယ်။ မအိပ်ခင်မှာ ညစ်ညမ်းကား၊ စာအုပ်၊ ကာတွန်းတွေ မဖတ်ပါနဲ့။
ထပ်တိုးလေ့ကျင့်ခန်းများ
ကာယလေ့ကျင့်ခန်းတွေမလုပ်ဆောင်ခင်မှာ အသက်ရှုလေ့ကျင့်ခန်းတွေ လုပ်ဆောင်ပေးဖို့လိုတယ်။ နောက်တစ်ခုက ရေကူးတာတို့ကိုယ်ရဲ့ Program ထဲမှာ ထည့်သွင်းလုပ်ဆောင်ပေးပါ။ အသေအချာသိထားရမယ့် အချက်တစ်ခုကတော့ ရင်အုံဆိုတာ မိန်းမတွေကို ဆွဲဆောင်နိုင်ဆုံးနေရာဖြစ်ပေမယ့် သိပ်ကြီးပြီး မိန်းမရင်အုံလိုဖြစ်နေရင် မိန်းမတွေအတွက် ရင်ခုန်စရာမဖြစ်ပဲ စိတ်ကုန်စရာ ဖြစ်တတ်ပါတယ်။ ဒါကြောင့် ရင်အုံကျယ်အောင်နဲ့ ကြီးအောင်လုပ်ဖို့ ပဲလိုပါတယ်။
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။
Credit to စိတ်ကူးပျော်ရာ
News of Myanmar
Credit : health4everyone.
No comments:
Post a Comment