♡♬ ရောရောသမမွှေ ဘလော့ဂ်မှ♪♪ ကြိုပါဆိုတယ်♪♪ မိတ်ဆွေများ ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့တော်မူကြပါစေ♬♡
Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

December 7, 2015

"မရိုးပင်၏ ဆေးဖက်ဝင်ပုံများ"



ယခုပုံမှာ မြင်နေရတဲ့အပင်ဟာ မရိုးပင် ဖြစ်ပါတယ်။ အချို့ဒေသမှတော့ မုရိုးပင်၊ ငဖြူကြီးပင်၊ ကျွဲနုပေါင်ပင် စသဖြင့် ဒေသပေါ်မူတည်၍ အခေါ်အဝေါ်အနည်းငယ်စီ ကွဲပြားကြပါတယ်။ မုရိုးပင်ဟာ ဆေးဖက်ဝင်သည့် အပင်တစ်မျိုး ဖြစ်ပါတယ်။
ဆေးအတွက် အသုံးပြုနည်းမျာ
(၁) ဆီးလွယ်သူများနှင့် ဆီးများ၍ ခဏခဏသွားနေရလို့ စိတ်ညစ်နေသူများသည် မုရိုးပွင့်များကို ပြုတ်၍ သုပ်စား၊ တို့စားပါက ဆီးကို ပြန်ချုပ်စေပါသည်။
(၂) မုရိုးရွက်များကို နေရိပ်တွင် အခြာက်ခံ၍ လက်ဖက်ခြောက်ကဲ့သို့ ရေနွေးထဲ ခတ်သောက်လျှင် ဆီးချုပ်စေပါသည်။ အရိုးကျီးပေါင်းကိုလည်း သက်သာစေပါသည်။
(၃) ကျွဲ၊ နွားများ ခွါနာလျှာနာဖြစ်လျှင် မုရိုးရွက်ကို ကြိတ်၍ ကုသပေးနိုင်ပါသည်။
(၄) ပဲစင်းငုံများကို ပိုးမ၀င်အောင် မုရိုးပင်၏ အရွက်များဖြင့် အုပ်ထားပါက ပိုးကောင်းများ ပြေးပါသည်။
(၅) မုရိုးရွက်ကို မီးကင်၍ အရည်ညစ်ယူကာ ရှူပေးလျှင် ထိပ်ခပ်နာရောဂါကို သက်သာပျောက်ကင်းစေပါသည်။
(၆) မရိုးပင်၏ အစေးဖြင့် အိုးကိုသုတ်လိမ်း၍ ကျွဲနို့၊ နွားနို့တို့ကို ပြုတ်ပေးပါက နို့ခဲများ ဖြစ်လာကြပါသည်။
(၇) ငါးမျက်စိနာရောဂါဖြစ်လျှင် မရိုးပင်၏ အစေဖြင့် အနာပေါ်ကို တစ်နေ့ ၃ ကြိမ် နေ့စဉ် တို့ပေးပါက ၅ ရက်ခန့်နှင့် ပျောက်ကင်းသွားစေပါသည်။
(၈) ခြေထောက်မှာ ဆူးများဆူးပါက မရိုးပင်၏အစေဖြင့် ၂ ကြိမ် ၃ ကြိမ်ခန့် ဆူးပေါ်ကို တို့ပေးထားပါ။ နာရီဝက်ကျော်ခန်
့ကြာလျှင် ဆူးများ အလိုလို အပြင်ကို ထွက်လာမည်။
ရောဂါဝေဒနာများ သက်သာပျောက်ကင်းနိုင်ကြပါစေ။
စောနွဲ့နေဆိုင် (ပူတာအို)
ကျမ်းကိုး ။ ။ ရိုးရာဆေးမြီးတိုများ

Credit : https://m.facebook.com/photo.php?fbid=542830505880218&id=100004598203845&set=a.247449435418328.1073741825.100004598203845&refid=52&__tn__=E

No comments:

Subscribe

လာလည်သူများ

free counters