♡♬ ရောရောသမမွှေ ဘလော့ဂ်မှ♪♪ ကြိုပါဆိုတယ်♪♪ မိတ်ဆွေများ ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့တော်မူကြပါစေ♬♡
Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

February 5, 2016

" သင်မကြားဖူး မသိဖူးသေးတဲ့ အလှအပ လျို့ဝှက်ချက်များ "

 
သာမန်အလှအပလျို့ဝှက်တွေ အကြောင်း သင် ကြားဖူး၊ ဖတ်ဖူးပါလိမ့်မယ်။ ဒါပေမယ့် ခုပြောပြပေးမယ့် အသေးအဖွဲအလှအပ
ကိစ္စရပ်လေးတွေမှာလည်း စိတ်ဝင်စားစရာ အချက်တချို့ရှိနေပါတယ်။

(၁) နှုတ်ခမ်းနီကြာရှည်ခံအောင်

နှုတ်ခမ်းကို လွယ်ကူ ညီညာစွာ အရောင်တင်ဖို့ နှုတ်ခမ်းကို တိုက်ရိုက်ဆိုးမယ့်အစား လက်ချောင်းကို အသုံးပြုနိုင်တယ်။ လက်ထိပ်လေးတွေနဲ့ နှုတ်ခမ်းကို တို့တို့ပေးလိုက်ပါ။ နှုတ်ခမ်းနီဆိုးပြီးတဲ့အခါ အပေါ်က coat လေးတစ်ခု ထပ်ဆိုးဖို့လည်း မမေ့ပါနဲ့။ ဒါမှ နှုတ်ခမ်းနီကြာရှည် ခံပါလိမ့်မယ်။

(၂) သကြားနဲ့ ပွတ်ပါ

သကြားများလွန်းတာဟာ ခန္ဓာကိုယ်အတွက်တော့ မကောင်းပါဘူး။ သို့သော် အရေပြားအတွက် သကြားက အကောင်းဆုံးလို့ သိရပြန်ပါတယ်။ တိုက်ချွတ်ဆေးအဖြစ် သုံးဖို့ ပုံမှန်အတိုင်း မျက်နှာသစ်ပြီးနောက် မျက်နှာချွတ်လို မျက်နှာကို သကြားနဲ့ တိုက်ချွတ်ပေးပါ။ သကြားက ရေထဲ အလွယ်တကူ ပျော်ဝင်တာကြောင့် sensitive ဖြစ်တဲ့ အသားအရေ ရှိရင်တောင် ဘာပြသနာမှ ရှိမှာမဟုတ်ပါဘူး။

(၃) ရေမွှေးနံ့ကြာရှည်ခံအောင်

ရေမွှေးနံ့ကြာရှည်ခံစေဖို့ ရေမွှေးမဖျန်းမီ အလှဆီတစ်ခုခု လိမ်းပေးပါ။ ခုလို လိမ်းခိုင်းတာက ရေမွှေးဟာ အရက်ပြန်နဲ့ အဓိက ဖော်စပ်ထုတ်လုပ်ထားတာကြောင့် ခြောက်သွေ့တဲ့အရေပြားပေါ် ဒီအတိုင်း ဖျန်းမယ်ဆိုရင် လျင်မြန်စွာခမ်းသွားနိုင်တာကြောင့်ပါ။

(၄) မျက်တောင်တွေပေါ်ကို ပေါင်ဒါနည်းနည်း တို့ပေးပါ

mascara သုံးပြီးတဲ့နောက် မျက်တောင်ပေါ် ပေါင်ဒါတို့ပေးတာဟာ သုံးလိုက်တဲ့ mascara ဆေးတွေစုစုပြီး ကပ်နေတဲ့
အဖြစ်က သင့်ကို ကင်းစေပါလိမ့်မယ်။

Credit : http://www.searchmyanmar.com/link/comment/cid/49885#content-49885

No comments:

Subscribe

လာလည်သူများ

free counters