♡♬ ရောရောသမမွှေ ဘလော့ဂ်မှ♪♪ ကြိုပါဆိုတယ်♪♪ မိတ်ဆွေများ ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့တော်မူကြပါစေ♬♡
Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

January 31, 2016

" သြော် ဖြစ်မှဖြစ်ရလေ ကိုနှာဘူးရယ်.. မလုပ်သင့်တာတွေ သွားလုပ်တာကိုး "


သင့်အနေနဲ့ ကားမောင်းနေမယ်ဆိုရင်တော့ အနီးနားပတ်ဝန်းကျင်ကို အာရုံစိုက်ပြီး မောင်းနှင်နေရတာကြောင့် ကားထဲမှာ သီချင်းနားထောင်တာလောက်ကိုပဲ ပြုလုပ်နေမိမှာပါ။ ကားပေါ်မှာဆိုတာကတော့ တစ်ခုခုအမှားပြုလုပ်မိတာနဲ့  သေစေနိုင်
တဲ့အထိဖြစ်သွားနိုင်ပါတယ်။ သင့်အနေနဲ့ ဖုန်းတောင်မပြောသင့်တဲ့ ကားမောင်းတဲ့အချိန်မှာ လူကို မွှန်စေတဲ့ညစ်ညမ်းဗီဒီယို
ကို ကြည့်ရှုပြီး ကားမောင်းရင်တော့ ပိုဆိုးသွားပါပြီ။

ဒီလူဟာဆိုရင်တော့ မီချီဂန်ဒေသက အဝေးပြေးလမ်းမကြီးပေါ်မှာတစ်ယောက်တည်းမောင်းနှင်လာပြီးယာဉ်မတော်တဆမှု
ဖြစ်ခဲ့ချိန်မှာတော့ ကားပေါ်မှာ ညစ်ညမ်းဗီဒီယိုတွေကြည့်နေခဲ့တယ်ဆိုတာကို အထောက်အထားနဲ့ တွေ့ခဲရပါတယ်။ အ
သက် ၅၈ နှစ်အရွယ် အမျိုးသားဟာဆိုရင်တော့ ယာဉ်မတော်တဆမှုဖြစ်ပွားတဲ့အချိန်မှာ ဘောင်းဘီကို ဝတ်မထားခဲ့ဘဲနဲ့ သူ့ရဲ့ထိုင်ခုံခါးပတ်ကိုလည်း ဖြုတ်ထားခဲ့ပါတယ်။  အဲ့ဒါသာကြည့်တော့ ကဲချက်က ၉ကျော်တယ်။

မီချီဂန်က ရဲအရာရှိတစ်ဦးဖြစ်တဲ့ Mike Shaw ကတော့ သူ့ရဲ့ ရဲသက်တမ်းတစ်လျှောက်မှာ ထူးဆန်းတဲ့ဖြစ်ရပ်ကို ပထမ
ဆုံးတွေ့ခဲ့ရတယ်လို့ပြောပါတယ်။ " ကျွန်တော်တွေ့ဖူးတဲ့ ယာဉ်မတော်တဆမှုတွေမှာတော့ ကားပေါ်မှာ မိတ်ကပ်ပြင်နေ
တာ ၊ စာအုပ်ဖတ်ရင်းကားမောင်းနေတာနဲ့ တခြားနည်းပညာပိုင်းဆိုင်ရာ ပစ္စည်းတွေကို အာရုံစိုက်နေလို့ အဲ့လို့အကြောင်း
တွေကြောင့် ထိခိုက်ဒဏ်ရာရတဲ့အပြင် အသက်ဆုံးရှုံးတဲ့အထိတောင် ဖြစ်ခဲ့ကြတာဗျ။ အခုသေဆုံးသူကတော့ ကားပေါ်မှာ တဏှာစိတ်နဲ့ ညစ်ညမ်းဗီဒီယိုကိုကြည့်ရင်း ကားမောင်းခဲ့လို့ပါ။ ကျွန်တော့် ရဲလုပ်တဲ့ သက်တမ်းတစ်လျှောက်မှာတော့ မမြင်

ဖူးပါဘူး " လို့ ပြောပြခဲ့ပါတယ်။

ကားဟာ အဝေးပြေးလမ်းလယ်က ကျွန်းတုံးကို အရှိန်ပြင်းပြင်းနဲ့ ဝင်တိုက်မိခဲ့ပြီးယာဉ်မောင်းသူကတော့ခါးပတ်ကိုဖြုတ်ထား
ခဲ့တာကသူ့ကို ကံဆိုးစေခဲ့ပြီး သေပွဲဝင်ခဲ့ရတာပါ။

Credit : http://www.lwinpyin.com/2016/01/blog-post_990.html

No comments:

Subscribe

လာလည်သူများ

free counters