
အိန္ဒိယနိုင်ငံတို့ ဒူဘိုင်းတို့ အီဂျစ်တို့မှာ ကြက်ကိုအခုလိုကင်တာတွေ့ရပါတယ် ။
သေချာစနစ်တကျတော့ပြုလုပ်ထားကြပါတယ်။ ပုံမှာမြင်တွေ့ရသည့်အတိုင်းပါပဲ အောက်ခြေမှာ စတီး သို့မဟုတ် သံခွက်ထဲမှာ ကြက်သွန် အနီ အဖြူ အလုံးလိုက်ထည့်ပြီး ခရမ်းချဉ်သီးအလုံးလိုက် ငရုတ်အပွတောင့်အသီး အလုံးလိုက်တို့နှင့် ဆား ဟင်းချိုမှုန့်အနည်းအငယ်တို့ထည့်၍ အောက်ခံအဖြစ်ထားရှိပြီး။
အလည်မှာထောင်လျှပ်ပါရှိသော သံချောင်းမှာ ကြက်ကိုထိုးဖောက်တင်လျှက်ပါ အားလုံးအဆင်သင့်ဖြစ်သွားချိန်ကြမှ သံဖုံးတစ်ခုနှင့်ဖုံးအုပ်ပြီး ထင်းသားများဘေးတစ်ဝှိုက်ပတ်ပတ်လည်မှာ စီထားပြီး မီးမွှေးလိုက်ကြပါတယ် ထည့်ထားသည့်ထင်းမီးများ လောင်ကျွမ်းကုန်သွားချိန်အထိ ထားပြီိး ခဏအကြာတွင် သံပုံးကိုအသာအယာမှပြီး
ဘေးဖယ်ကြည့်လိုက်တော့။
ကြည်သားဟာ ကင်ပြီးလျက်တွေ့ရပြီး အောက်မှာခံထားသော အသီးများကိုလည်း ဇွန်းနဲ့ပေါက်ပြီး ဆော့အဖြစ်
တို့စား၍ရရှိကြပါတယ်။
မြန်မာပြည်မှာလည်း တစ်ချို့ဒေသများမှာ ယခုကဲ့သို့ ကြက်ကင်နည်းအတိုင်း ပြုလုပ်လေ့ရှိကြပါတယ်။







Credit to Original Uploader
Credit : http://www.lwinpyin.com/2016/01/blog-post_217.html
No comments:
Post a Comment