
၊ဆင်ခြေထောက် စတာတွေဟာလည်း အင်းဆက် ကပ်ပါးပိုးကြောင့် ဖြစ်စေတယ်။ ကပ်ပါးပိုးသဘောက ယားယံတတ်တယ်။ အနီစက်ထွက်တာ ရှိတယ်။ တနေရာတည်းမဟုတ်ပဲ တခြားနေရာတွေမှာလည်း ယားယံတတ်တယ်။ ကပ်ပါးပိုးတွေကို နှိမ်နင်းဖို့ သောက်ဆေး၊လိမ်းဆေး လိုအပ်ပါတယ်။ Scaboဆိုတာ ဝဲကိုနှိမ်နင်းတဲ့ သောက်ဆေးတမျိုး ဖြစ်ပါတယ်။ ဝဲဆေးဆိုတာထက် ကပ်ပါးကောင်ကို နှိမ်းနင်းတဲ့ဆေးဆိုရင် ပိုမှန်တယ်။ scabo ဝဲဆေးထဲမှာ ပါဝင်တာက Ivermectin 6mg ဖြစ်ပါတယ်။ Ivermectin 3mg ဆိုတာ လည်း ရှိသေးတယ်။ 6mgကို လိမ္မော်ရောင်၊3mgကို ခရမ်းရောင်ကဒ်ပုံစံနဲ့ ထုတ်လုပ်ထားတယ်။ တဗူးတကဒ်ဖြစ်ပြီး ဆေးတကဒ်မှာ ဆေးလုံး(၁၀)လုံး ပါဝင်တယ်။
Scabo
သောက်ဆေးက တခြားဝဲလိမ်းဆေးတွေလို အာနိသင်ထိရောက်ပြီး အသုံးဝင်တယ်။
ကပ်ပါးကောင်းတွေ ပွားများခြင်းကို တားဆီးပြီး ကပ်ပါးကောင်ရဲ့
ကြွက်သားစနစ်နဲ့ အာရုံကြောစနစ်ထဲထိဝင်ရောက်ပြီး တိုက်ဖျက်နိုင်စွမ်းရှိတယ်။
ကပ်ပါးကောင်းရဲ့ အာရုံကြောစနစ်မှာရှိတဲ့ glutamate gated ion channelကို
သွားရောက်ပေါင်းစပ်ပြီး ကပ်ပါးကောင်တွေကို အကြောသေစေတယ်။ သေဆုံးစေတယ်။
ဒါ့ပြင် မမျိုးစိတ် သားအိမ်တွင်းရှိ ကပ်ပါးကောင်ရဲ့ ကြီးထွားမှုကို
အဟန့်အတားဖြစ်စေ၊ပျက်စီးစေတယ်။ ကပ်ပါးမျိုးစိတ်ပွားများမလာအောင်
တားဆီးပေးတယ်။
ဘယ်နေရာတွေမှာ အသုံးကျလဲ
-ဝဲရောဂါအမျိုးမျိုး(sarcoptes scabiei)
-ဆင်ခြေထောက်ရောဂါ(filariasis)
-ခေါင်းသန်း(head lice)
-ကပ်ပါးပိုးအမျိုးမျိုး(Strongloidosis,Trichuriasis,Onchocerciasis)
ဆေးညွှန်း
ခန္ဓာကိုယ်အလေးချိန်ပေါ်မူတည်ပြီး ဆေးပမာဏ ကွာခြားသွားတယ်။ ပုံမှန်အားဖြင့်
200mcg/kg နဲ့
တွက်ပေးရတယ်။ ဆေးကို တကြိမ်ထဲသာ သောက်ဖို့လိုတယ်။ ရောဂါတချို့မှာ ဆေးနောက်တကြိမ် ပြန်သောက်ဖို့လည်း လိုနိုင်တယ်။
တွက်ပေးရတယ်။ ဆေးကို တကြိမ်ထဲသာ သောက်ဖို့လိုတယ်။ ရောဂါတချို့မှာ ဆေးနောက်တကြိမ် ပြန်သောက်ဖို့လည်း လိုနိုင်တယ်။
၁၅-၂၅ကီလို- တခြမ်း(3mg)
၂၅-၃၅ကီလို- ၁ပြား(6mg)
၃၅-၅၀ကီလို- ၁ပြားခွဲ(9mg)
၅၀-၆၅ကီလို- ၂ပြား(12mg)
၆၅-၈၀ကီလို- ၂ပြားခွဲ(15mg)
ကီလို ၈၀အထက်- ၃ပြား(18mg)
ပါရာဆိုက် ကပ်ပါးရောဂါတွေမှာ တခါပေးပြီး လိုအပ်ရင် နောက် (၇)ရက်အကြာမှာ ဒုတိယအကြိမ် ဆေးထပ်ပေးပါ။
သန်းကျတဲ့(head lice)လူနာတွေမှာ ဆေးပေးတဲ့အခါ ၃ကြိမ်(၁ရက်,၂ရက်,၁၀ရက်နေ့)ထိ
ပေးရတယ်။ ဆေးပမာဏက ဆရာဝန် ညွှန်ကြားတဲ့အတိုင်း
အတိအကျလိုက်နာသောက်သုံးရမယ်။
ဆေးကို အစာမရှိချိန်မှာ ရေများများ(240ml)နဲ့ သောက်ပါ။ ဆေးသောက်တဲ့အခါ
မနက်စာမစားခင် တစ်နာရီကြိုသောက်ပေးပါ။ ပုံမှန်အားဖြင့် တကြိမ်သောက်ရုံနဲ့
လုံလောက်ပါတယ်။
ဘေးထွက်ဆိုးကျိုး
-ပျို့ချင်၊အန်ချင်ဖြစ်ခြင်း
-အစားအသောက်ပျက်ခြင်း
-ဝမ်းလျှောခြင်း
-ဝမ်းချုပ် ခြင်း
-ကြွက်သားနာခြင်း
-တက်စေ့ရောင်ခြင်း
-မူးဝေ၊အားယုတ်ခြင်း
-ယားယံခြင်း
-ဓာတ်မတဲ့ခြင်း
အတူတွဲမသောက်သင့်တဲ့ဆေး
-diazepam ( အိပ်ဆေး )
-MAOI (စိတ်ကျရောဂါ သက်သာဆေး)
ပန်းနာရင်ကျပ်သူတွေမှာ သတိထားသင့်တယ်။ အသက်(၅)နှစ်အောက်နဲ့ ကိုယ်အလေးချိန်
၁၅ကီလိုအောက်တွေမှာ ဆေးမပေးသင့်ဘူး။ ဆရာဝန်ညွှန်ကြားချက်နဲ့ သောက်သုံးရမယ်။
ဒေါက်တာ အေးမင်းထူး
၅.၆.၁၄
No comments:
Post a Comment